Wednesday, May 1, 2024

CATEGORY

စစ်ရေး

သျှမ်းပြည်အလယ်ပိုင်းရှိ RCSS တပ်စခန်းတခုကို အစိုးရတပ်မတော် တက်တိုက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုကို အင်အား တရာခန့်ရှိ အစိုးရတပ်မတော်က ယနေ့ တက်တိုက်ခဲ့သည်ဟုသိရသည်။ ဇူလိုင် ၉ ရက် မွန်းတည့်ချိန်မှ စ၍ ညနေပိုင်း အထိ ပစ်ခတ်တိုက်ခိုက်သံ ကြားနေရသေး ကြောင်း၊ အစိုးရတပ်မတော်ဘက်တွင် မိုင်းပန်အခြေစိုက်...

လားရှိုး-သိန္နီ လမ်းတွင် တပ်မတော်ယာဉ်တန်း ချိန်ကိုက်မိုင်းထိမှန် နှစ်ဦးဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် အတွင်း ယနေ့မနက် ၁နာရီခွဲဝန်းကျင်တွင် လားရှိုးမှ လောက်ကိုင်သို့ တက်မည့် တပ်မတော် ယာဉ်တန်းများကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ချိန်ကိုက်မိုင်းထောင်ဖောက်ခွဲခဲ့ရာ တပ်သားတဦးနှင့် အမျိုးသမီးငယ်တဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၉ ရက်...

ဘာသာ၊ သာသနာအား စောင့်ရှောက်သည့်သျှမ်းပြည်တပ်မတော် ဖြစ်ဖို့ မြို့နယ်သံဃာတော် စာရေးတိုက်တွန်း

ဒေသအတွင်းလက်နက်ကိုင်ပစ်ခတ်မှု ပြဿနာကြောင့် ကိုရင်ငယ်တပါးဒဏ်ရာရကာ တပ်သားတဦးသေ ဆုံးမှုဖြစ်ပွားသော ကြောင့် သျှမ်းပြည်တပ်မတော် နှစ်ခုလုံးအား အမျိုးဘာသာ သာသနာလက်တွေ့ စောင့် ရှောက်သည့် တပ်မတော်ဖြစ်ဖို့ မိုင်းကိုင်မြို့နယ် သံဃာ့နာယကအဖွဲ့မှ သတိပေးတိုက်တွန်းသည့် စာတစောင်ပေးပို့ခဲ့သည်ဟု သိရသည်။ ဇွန်လ ၁၉ ရက်နေ့က မြို့နယ်သံဃာတော်များက ဒေသတွင်းလှုပ်ရှားနေသော သျှမ်းလက်နက်ကိုင်တပ် ၂...

တိုက်ပွဲကြောင့် မူစယ် နမ့်ခမ်း ဒေသခံများ ခရီးသွားလာမှု စိုးရိမ် နေရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ နှင့် ရွှေလီမြစ်တဘက်ကမ်း စယ်လန့်ကြား ပြည်ထောင်စုလမ်းပေါ် တွင် ယမန်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုများကြောင့် ဒေသခံများ ခရီးသွားလာမှု အတွက် လုံခြုံရေးအရစိုးရိမ် နေရ ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက လယ်ယာလုပ်ငန်းခွင်မှ   တောင်သူများနေအိမ်ပြန်ချိန်  မူစယ်မြို့နယ်...

မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့်အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွါး  

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲဖြစ်ပွါးရာ အစိုးရတပ်၏ ကျည်ဆံနှင့်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်းသိရသည်။ ယမန်နေ့ မေလ ၂၂ ရက်နေ့ မိုင်းကိုင်မြို့နယ် မိုင်းခွန်ရွာအနီး အစိုးရတပ်နှင့် RCSS/SSA တို့ကြား မိနစ် ၂၀ အကြာတိုက်ပွဲ  ဖြစ်ပွါးခဲ့ရာ အစိုးရတပ်၏ ကျည်ကပ်၊...

နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနား ၀မ့်ဟိုင်းနှင့် လွယ်တိုင်းလျန်းတို့တွင်စည်ကားသိုက်မြိုက်စွာကျင်းပ

မေလ ၂၁ ရက်နေ့တွင်ကျရောက်သော နှစ် ၆၀ ပြည့် သျှမ်းတော်လှန်ရေးနေ့ အခမ်းအနားအား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းတွင်လည်းကောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင်လည်းကောင်း အသီးသီးကျင်းပခဲ့ရာ စည်ကားလျှက်ရှိကြောင်းသိရသည်။ SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းဌာနချုပ်တွင် သျှမ်းတော်လှန်ရေးနေ့အခမ်းအနားအား နောင်ငင်းခန်းမတွင်ကျင်းပရာ...

မူစယ်ပစ်ခတ်မှုမှ ဒဏ်ရာရှိသူ ၂၆ ဦးအနက် ၁ ဦးထပ်မံသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ထဲမှာရှိတဲ့လောင်းကစားရုံကို တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်က ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန်သူတဦး ဒီမနက်မှာ ထပ်မံသေဆုံးသွားခဲ့လို့ သေဆုံးသူစုစုပေါင်း ၂၁ ဦးရှိပြီဖြစ်ပါတယ်။ ဒီမနက်သေဆုံးသူဟာ နမ့်ခမ်းမြို့နယ် ပေါက်နေရပ်ကွက်သား စိုင်းယီလျန် ဖြစ်ပါတယ်။ ပစ်ခတ်မှုဖြစ်ပွါးတဲ့နေ့က မူစယ်မှာအလုပ်သွားလုပ်ရင်း နမ့်ခမ်းမှာမင်္ဂလာပွဲဝင်ဖို့အပြန် လမ်းမှာ တအာင်းတပ်ဖွဲ့ရဲ့ပစ်ခတ်မှုခံရတာဖြစ်တယ်လို့ မူစယ်မြို့ခံ မိတ်ဆွေတဦးကပြောပါတယ်။ သူနဲ့အတူ...

သျှမ်း-မြောက်တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွါး ဒေသခံများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် တအာင်း TNLA တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးလာသည့်အပြင် ၂ ဖက်စစ်အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲကြီး များဖြစ်ပွါးမည်ကိုဒေသခံများစိုးရိမ်နေကြကြောင်းသိရသည်။ မေလ ၁၅ ရက်နေ့က တအာင်းတပ်ဖွဲ့ TNLA တပ်ရင်း ၂၂၃ နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ ပူးပေါင်း တပ်ဖွဲ့သည် အစိုးရတပ်မတော် တပ်မ...

သျှမ်း-မြောက် မူစယ်တိုက်ပွဲကြောင့် လူသူသေကြေဒဏ်ရာရမှု ကျန်ရစ်သူမိသားစုထံနစ်နာကြေးပေးရန် ထိုင်းရောက်သျှမ်းများ တိုက်တွန်း  

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်အတွင်း ဖြစ်ပွါးခဲ့သော တအာင်း TNLA နှင့် အစိုးရရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြားတိုက်ပွဲကြောင့် ဒေသခံလူထု အများအပြားသေကြေဒဏ်ရာရမှုအပေါ် ကျန်ရစ်သူမိသားစုဝင်များအား အလေးထား လျော်ကြေးပေးရန် ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများက ကြေငြာချက်ထုတ်ပြန်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။ မူစယ်မြို့နယ် မူဆယ်-နမ့်ခမ်း ကားလမ်းမ နမ့်ပေါ် ပန်ခမ်းတံတားအနီးရှိ လောင်းကစားရုံအား မေလ ၁၂...

မိုင်းရှူးမြို့နယ်အတွင်း SSPP/SSA တပ်စခန်းကို အစိုးရတပ်မတော် တက်တိုက်  

သျှမ်းပြည်တောင်ပိုင်း လွိုယ်လင်ခရိုင် မိုင်းရှူးမြို့နယ် အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းတခုကို အင်အား ၁၀၀ ခန့်ရှိ အစိုးရတပ်မတော် စစ်ကြောင်းတခုက ယနေ့ မေ ၁၁ ရက် ၂၀၁၈ ခု နံနက်ပိုင်းက တက်တိုက်သဖြင့် ၂ ဖက်ကြား တိုက်ပွဲဖြစ်ပွားသည်ဟုသိရသည်။ အစိုးရတပ်မတော်...

Latest news