သိန္နီ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦး ပွဲချင်းပြီးသေဆုံး၊ ကလေး ၂ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။

သိန္နီ မိုင်းပါး ရွာသူကြီးနေအိမ် လက်နက်ကြီးထိ

ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်) ည ၉ နာရီအချိန်ခန့်တွင် သိန္နီမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ-၁၆ မှ ရမ်းသမ်းပစ်ခတ်လာသည့် လက်နက်ကြီးသည် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စု နောင်ကော်ရွာအတွင်းရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသမီး ၁ ဦး အပါအဝင် ၃ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိန္နီမြို့နယ်ဒေသခံများက ပြောသည်။

“ပြီးခဲ့တဲ့ရက် (နိုဝင်ဘာ ၃၀ ရက်)က မနက် ၉ နာရီလောက်ကနေ ၁၆ တပ် (စကခ-၁၆) လက်နက်ကြီး လှမ်းထုနေတာ ည ၁၀ နာရီလောက်အထိပဲ။ ပိန်းဟုန်းတို့ နောင်ကော်တို့ဘက် အိမ်တွေလာမှန်တယ်။ နောင်ကော်ရွာမှာ ညဘက်ကျတဲ့တစ်လုံးက ရွာသူကြီးအိမ်ပေါ် ကျကွဲတာ၊ အိမ်ထဲမှာ အိပ်နေတဲ့မိသားစုတွေ သေကုန်ကြတယ်ပြောတာပဲ။ အဲ့အိမ်မှာ မြေးအဖွားတွေကော နေကြတာ၊ လူကြီးတွေဆုံးပြီး က‌လေးတွေပဲ ကျန်ခဲ့တယ်”ဟု သိန္နီမြို့နယ် မိုင်းပါးဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီ မိုင်းပါးကျေးရွာသူကြီးနေအိမ်လက်နက်ကြီးထိမှန်

သိန္နီမြို့အခြေစိုက် စစ်ကောင်စီတပ် စကခ-၁၆ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်မှုကြောင့် နောင်ကော်ကျေးရွာမှ အသက် ၅၄ နှစ်အရွယ်ရှိ ရွာသူကြီးဖြစ်သူ လုံးစိုင်းဟန်၊ အသက် ၅၃ နှစ်အရွယ်ရှိ ပါ့ခမ်း‌ရွှေ ဆိုသူ အမျိုးသမီးနှင့် သားဖြစ်သူ အသက် ၂၈ အရွယ် စိုင်းမောင်လှတို့ နေအိမ်ထဲတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး မြေးဖြစ်သူ အသက် ၇ နှစ်နှင့် ၂ နှစ်အရွယ် ကလေးငယ်တို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိန္နီမြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုအတွင်း ပိန်းဟုန်းကျေးရွာရှိ နေအိမ် ၂ လုံးလည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုတွင်လည်း နိုဝင်ဘာ ၂၁ ရက်က စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိန္နီမြို့နယ် ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လကျော် ကာလအတွင်း သိန္နီမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အမျိုးသမီး ၄ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် သတင်းမရရှိဘဲ သေဆုံးဒဏ်ရာရသူဦးရေမှာ လက်ရှိထက် ပိုမိုများပြားနိုင်ကြောင်း သိန္နီမြို့နယ်ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သိန္နီတွင် ယွမ်ငွေသုံးစွဲမှုကြောင့် ကျပ်ငွေကိုင်သူများ ဒုက္ခကြုံ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ တရုတ်ယွမ်ငွေ လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ဒေသခံပြည်သူများမျာ ကုန်ဈေးနှုန်းဒဏ်ကို ခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သိန္နီမြို့တွင် ယခုအခါ ကုန်စုံဆိုင်းများမှအစ KTV လုပ်ငန်းများအထိ တရုတ်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာပြီးနောက် ယွမ်ငွေကိုသာ အဓိက...