ကျောက်မဲမြို့ တိုင်းရင်းသားလက်နက်ကိုင်တံဆိပ်ပါ အလောင်းပေါင်း ၇၀ ကျော်တွေ့ သတင်းအမှား

သျှမ်းပြည် ကျောက်မဲမြို့ရှိ နတ်ရေကန်ဝိမုတ္တိ ဘုန်းကြီးကျောင်းနှင့် တရုတ်သချိုင်းအနီးတွင် ရှိသော ရှိုထဲတွင် သေဆုံးပွနေသော (TNLA၊ KIA၊ MNDAA၊ AA၊ PDF) တံဆိပ်များပါ အလောင်းပေါင်း ၇၀ ကျော်တွေ့ရှိသည် ဆိုသည့် သတင်းအမှား ဖြန့်ဝေနေသည်။

ကျောက်မဲမြို့

ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် “ ပွတ်ပွနေသာ အလောင်းများအား ရှင်းလင်းပေး နိုင်ပါရန် တင်ပြခြင်း “ (မူရင်းအရေးအသား) ဆိုကာ တောင်းခံစာ စာစောင်တစ်ခု ပြန့်နှံ့နေပါသည်။ စစ်ကောင်စီ ဝါဒဖြန့်တယ်ရီဂရမ် ဖြစ်သည့် Ko Thet အကောင့်ကလည်း အဆိုပါ စာစောင်ကို ယနေ့ (နိုဝင်ဘာလ ၃၀ ရက်)တွင် ထပ်မံဖြန့်ဝေထားပြီး ကြည့်ရှုသူပေါင်း ၁၇,၀၀၀ ကျော်ရှိသည်။

Archive Link – https://t.me/kothetjournalist/56561

သျှမ်းသံတော်ဆင့်မှ အချက်အလက်စစ်ဆေးသည့် အဖွဲ့မှ စစ်ဆေးမှုပြုလုပ်သည့်အခါမှာ အတုဖြစ်နေကြောင်း တွေ့ရသည်။

“ ဒေသခံတွေကော၊ ဌာနဆိုင်ရာတွေကော ကျနော်တို့ ဆက်သွယ်မေးမြန်းခဲ့ပြီးပြီ။ ဒီလူသေအလောင်းတွေက တကယ်မရှိပါဘူး။ ဒီစာစောင်တွေလည်း အတုတွေပါ “ ဟု ကျောက်မဲမြို့ အခြေစိုက် နမ့်ခုံးရှမ်းများပရဟိတအသင်းမှ တာဝန်ခံတစ်ဦးက အတည်ပြုပြောဆိုထားသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ ကျောက်မဲမြို့ဒေသခံများထံ ထပ်မံဆက်သွယ် မေးမြန်းခဲ့သော်လည်း မဟုတ်မမှန်ကြောင်း ပြောဆိုနေကြသည်။

ထို့အပြင် ဒေသအတွင်း မီဒီယာတစ်ခုဖြစ်သည့် ရွှေဖီမြေသတင်းမှ ထိုသတင်းနှင့် ပတ်သက်၍ မဟုတ်မှန်ကြောင်း ရေးသားဖော်ပြထားပါသည်။

မူရင်းလင့်- https://www.facebook.com/photo?fbid=675056438134957&set=a.404503215190282

ထို့ကြောင့် သေဆုံးပုတ်ပွနေသော (TNLA၊ KIA၊ MNDAA၊ AA၊ PDF) တံဆိပ်များပါ အလောင်းပေါင်း ၇၀ ကျော်တွေ့သည်ဆိုမှာ သတင်းအမှားဖြစ်ပြီး၊ ပြည်သူလုထုကို လှည့်ဖြားမှားယွင်းစွာ တင်ဆက်ချက်ဖြင့် ချဲ့ကား ရေးသားဖြန့်ဝေနေခြင်း ဖြစ်သည်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်များကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

ထို့အပြင် စာဖတ်ပရိတ်သတ်များအနေဖြင့် (သတင်းအမှား) ဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့်ရဲ့ Chat Box မှ တစ်ဆင့် သတင်း၏ လင့်ခ် ( သို့ ) Screen Short ပေးပို့လာခြင်းဖြင့် စစ်ဆေးနိုင်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...