Saturday, May 18, 2024

မူဆယ် (၁၀၅) မိုင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်ခံရ

Must read

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ် ၁၀၅ မိုင်တွင် ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ပြတ်တောက်ခံရကြောင်း စုံစမ်းသိရသည်။

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပြင် နေရာတော်တော်များများတွင် ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်ခံရပြီး စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့ တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေကြောင်း ဒေသခံ ပြည်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ Wifi တွေ ဖြတ်ခံထားရတာ။ အဆက်အသွယ်မရတာ ၂ ရက် လောက်ရှိပြီး” ဟု အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ်သည် ပြီးခဲ့သည့် (နိုဝင်ဘာ ၂၃) ရက် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ်တွင် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကုန်ကား ၁၀၀ စီးကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

မူဆယ်မြို့နယ် (၁၀၅) မိုင် အနီး ပြီးခဲ့သည့် (နိုဝင်ဘာ ၂၆) ရက်တွင် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ တို့သည် တိုက်ပွဲပြင်းထန်ခဲ့ပြီး အမျိုးသားတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးကာ နေအိမ် နှင့် ဆိုင်ခန်းများလည်း ထိခိုက်ပျက်စီးမှုများရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article