လားရှိုး နမ့်ပေါင် အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန် ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်တွင် အမျိုးသမီး ၁ ဦး လက်နက်ကြီးထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာ ၃၀ ရက်) နံနက် ၁၁ နာရီအချိန်ခန့်တွင် လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ ဟိုနားကုန်းသာရွာတွင် လက်နက်ကြီးကျကာ အသက် ၂၇ နှစ်အရွယ်ရှိ နန်းကြည်ကို ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသခံများက ပြောသည်။

Photo – Credit ( လက်နက်ကြီးထိမှန်သည့် နေရာ)

“မနေ့ မနက်က သူတို့တောင်ယာထဲမှာ ပြောင်းဖူးချိုးနေတဲ့အချိန် ဘယ်ကပစ်လာမှန်းမသိတဲ့ လက်နက်ကြီး ကျလာပြီးတော့ ခြံထဲမှာပဲ ပွဲချင်းပြီးသေတာ”ဟု လားရှိုးမြို့နယ် နမ့်ပေါင်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည့် အမျိုးသမီးသည် ပခုံးထိမှန်ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အခြားသူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း နမ့်ပေါင်ဒေသခံက ဆက်ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ စစ်ကောင်စီတပ် ခလရ -၂၉၁ နှင့် ရဲစခန်းတို့ကို ညီနောင်မဟာမိတ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် နမ့်ပေါင်ကျေးရွာ အုပ်စုအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့မှ နယ်မြေဝင်ရောက် ရှင်းလင်းခဲ့စဉ် လမ်းမပေါ်ရှိ အမျိုးသား ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

“ဒီဘက်မှာ တိုက်ပွဲမဖြစ်ဘဲနဲ့ ခလရ – ၂၉၁ တပ်ကပစ်တဲ့ လက်နက်ကြီးကတော့ နေ့တိုင်းကျနေတာ၊ အဝေးကနေ တစ်ချက်တစ်ချက် အသံကြားနေရတာ။ ဘယ်ဘက်တွေ ကျလဲတော့ မသိဘူး၊ ရွာသားတွေလဲ ရွာပြင် မထွက်ရဲကြတော့လေ။ စစ်ကောင်စီတပ် နဲ့ နီးတဲ့အိမ်တွေတော့ အခုထိ ပြန်မလာရဲကြသေးဘူး။ ညဆို ဘုန်းကြီးကျောင်းမှာပဲ သွားအိပ်တယ်၊ နေ့လယ်ကြတော့ ကိုယ်စီ အလုပ်ပြန်လုပ်ကြတာပေါ့။ အခုတလော နှစ်ဘက်စလုံးက စစ်ရေးလှုပ်ရှားတာတော့ ရှိတယ်”ဟု လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” တစ်လတာ ကာလအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အမျိုးသမီး ၁၀ ဦးနှင့် ကလေး ၁ ဦးအပါအဝင် စုစုပေါင်း ၁၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သျှမ်းသံတော်ဆင့်မှ ရရှိထားသော စာရင်းများအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...