စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် နမ့်ခမ်းမြို့ပေါ် ဗုံးကြဲ အရပ်သားတစ်ဦးသေဆုံး၊ ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရ

နမ့်ခမ်းမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှ ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့ပေါ်ကျသည့်ဗုံး

နမ့်ခမ်းမြို့နယ် ယမန်နေ့ ( ဒီဇင်ဘာလ ၁) ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နောင်စန့်၊ဟိုကတ်၊ကောင်းနောင်မိုရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ၁ ဦးထိခိုက်သေဆုံးပြီး၊ အရပ်သား ၅ ဦးထက်မည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက လေယာဉ်နဲ့ ဗုံးလာကြဲသွားတာ။အမျိုးသားတစ်ဦးက တော့ ချက်ချင်းသေသွားတယ်။ ၁ယောက်သေတယ် ၅ ယောက်လောက် ဗုံးစတွေထိသွားပြီး၂ ယောက်က စိုးရိမ်ရတယ် “ဟုဒေသခံ နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲချလိုက်သည့် ဗုံး

စစ်ကောင်စီတို့သည် တိုက်ပွဲများဖြစ်ပွားမှုမရှိ မြို့ပေါ်ရှိလူနေအိမ်များကို ပေါင် ၅၀၀ ဗုံးကြံများဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူဒေသခံများစိုးရိမ်နေရကြောင်း ပြည်သူများက ပြောသည်။

“ကျနော်တို့က မပြေးရသေးဘူး။ မြို့ထဲမှာလည်းလူတွေ မကျန်သေးဘူး။ကျနော်တို့က သူတို့ဗုံးကြဲမှာပဲကြောင့် တာ လေယာဉ်နဲ့ ဗုံးကြဲတာက အရမ်ကြမ်းတယ်။ ကျနော်တို့တောင် ဘယ်ကို ပြေးရမလဲမသိဘူး”ဟု နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ (ဒီဇင်ဘာ ၂)ရက်တွင် ညီနောင်မဟာမိတ်တပ်ပေါင်းစုများသည် စစ်အင်အား အများအပြားထပ်မံ ဖြည့်ဆည်းနေသဖြင့်နမ့်ခမ်းမြို့ပေါ် တိုက်ပွဲသည် ဆက်လက်ပြင်းထန်နိုင်ကြောင်း နမ့်ခမ်းမြို့ ဒေသခံများက ပြောဆိုနေကြသည်။

ထို့ပြင် နမ့်ခမ်းမြို့နယ်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ရတချက်၊ မရတချက် ဖြစ်နေပြီး ထိုမြေပြင်သတင်းအချက်အလက်ကို သျှမ်းသံတော်ဆင့်အနေဖြင့် ဆက်လက် ကောက်ယူနေသည်.

စစ်ကောင်စီ၏ ဂျက်ဖိုက်တာလေယာဉ်သည် ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉း၁၅ မိနစ်အချိန်တွင် တံတားဦး မှထွက်ခွဲခဲ့ပြီး နမ့်ခမ်းမြို့တို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Nas-နပ်စ်မှ ဖော်ပြထားပါသည်။

နမ့်ခမ်းမြို့နယ်နှင့် မူဆယ်မြို့နယ်သည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်ပြီး၊ စစ်ကောင်စီ တပ်ဖွဲ့မှ လေကြောင်းလိုင်အကြီးအကျယ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသဖြင့် တရုတ်ပြည်ဂျယ်ဂေါင်တွင်နေထိုင်သည့် ပြည်သူများကို ရွှေလီမြို့တွင်းသို့ ရှောင်တိမ်းရန် တရုတ်အရာရှိများက အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ယမန်နေ့( ဒီဇင်ဘာလ ၁ ရက်နေ့) နံနက် ၈ နာရီခွဲတွင်လည်း နမ့်ခမ်းမြို့ ပေါက်နေရပ်ကွက်၊ စာရေးတန်းရပ်ကွက်၊ နမ့်ခမ်းဖောင်၊အောင်မင်္ဂလာ၊ဟိုနောင်ရပ်ကွက်တို့တွင် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက် မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း ပျက်စီးမှု ရှိခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...