စစ်ကောင်စီလေကြောင်းဗုံးကြဲ
TNLA ထိန်းချုပ် သီပေါမြို့ထဲ (၉) ကြိမ်မြောက် စစ်ကောင်စီတပ်ဗုံးထပ်ကြဲ
သျှမ်းပြည် သီပေါမြို့ထဲသို့ စစ်ကောင်စီတပ်မှ နှစ်လအတွင်း (၉) ကြိမ်မြောက် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၉ ရက်) ညနေ ၄ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ထဲ မြန်မာရပ်နှင့် ပန်းတိမ်တောင်ရပ်ကွက်သို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့်...
“TNLA ထိန်းချုပ်နယ်မြေမှာ အုပ်ချုပ်လို့မရအောင် စစ်ကောင်စီက ဗုံးကြဲနေတာ”
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )ထိန်းချုပ်သည့် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲမှု ရှိသကဲ့သို့ မြေပြင်ထိုးစစ်ဆင်မှုလည်း ပြင်းထန်နေသည်။ အလားတူ TNLA ထိန်းချုပ်သည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့အတွင်းကိုလည်း စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု ဆက်တိုက် ပြုလုပ် နေသည်။ စစ်ကောင်စီတပ်က TNLA ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းဗုံးကြဲမှု၊...
ကျောက်မဲမြို့နှင့်မိုးကုတ်မြို့ စစ်ကောင်စီ လေကြောင်းဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နှင့် မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ၃ ဦးထက်မနည်း သေဆုံးမှုရှိနေကြောင်း သိရသည်။ ယနေ့ ( ဇူလိုင်လ ၈ ရက်) နံနက် ၉ နာရီကျော်တွင် ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းရှိ ဘိုးဘွားရိပ်သာအနီးနှင့် နယ်စပ်ဒေသ...
သိန္နီမြို့ပေါ် စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ
သျှမ်းပြည် သိန္နီမြို့တွင် နှစ်သစ်ည ယမန်နေ့ (ဇန်နဝါရီ ၁)ရက် ည ၁၁နာရီကျော် လူအိပ်မောကျချိန် စစ်ကောင်စီမှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁ ရက်) ည ၁၁ နာရီကျော် လူအများ အိပ်မောကျချိန်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA...
သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ
သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...
နောင်ချိုမြို့ပေါ် စစ်ကောင်စီလေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာ (၁၉)ရက် မှ စတင်ပြီး နောင်ချိုမြို့ပေါ် လူနေရပ်ကွက်နှင့် မြို့မစျေး၊ စာသင်ကျောင်းအနီးသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား(၄)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် နမ့်ခမ်းမြို့ပေါ် ဗုံးကြဲ အရပ်သားတစ်ဦးသေဆုံး၊ ၅ဦးထက်မနည်းထိခိုက်ဒဏ်ရာရ
နမ့်ခမ်းမြို့တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှ ကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့နယ် ယမန်နေ့ ( ဒီဇင်ဘာလ ၁) ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နောင်စန့်၊ဟိုကတ်၊ကောင်းနောင်မိုရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား...





