နောင်ချိုမြို့ပေါ် စစ်ကောင်စီလေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ၊ အရပ်သားထိခိုက်မှုရှိ

သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့် အရပ်သား ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

စက်တင်ဘာ (၁၉)ရက် မှ စတင်ပြီး နောင်ချိုမြို့ပေါ် လူနေရပ်ကွက်နှင့် မြို့မစျေး၊ စာသင်ကျောင်းအနီးသို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား(၄)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ယမန်နေ့ (စက်တင်ဘာ ၂၂)ရက်ထုတ်ပြန်ချက်အရသိရသည်။

နောင်ချိုမြို့ နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ ၏ အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ဇူလိုင်လ ၁၀ ရက်တွင် သိမ်းပိုက်လိုက်ပြီး နောင်ချိုတစ်မြို့လုံးကို ထိန်းချုပ်ထားနိုင်သည့်အတွက် စစ်ဘေးရှောင်များသည် နေရပ်ပြန်နေကြပြီး၊ လက်ရှိစစ်ကောင်စီတပ်၏ လေကြောင်းဆက်တိုက် ဗုံးကြဲမှုကြောင့် ထပ်မံပြေးနေရကြောင်း နောင်ချိုမြို့ ဒေသခံများ၏ ပြောပြချက်အရသိရသည်။

နောင်ချိုစစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့်အဆောက်အဉီး

“မြို့ထဲတွေ ဗုံးချနေတာအခုက စာသင်ကျောင်းနား ဈေးနားလေ၊ ပြီးတော့ လူနေအိမ်လည်း ထိတယ်။ EPC ရုံးတို့ ရဲစခန်းတို့ဘက်မှာတော့ TNLA အလံထောင်ထားတယ်။ ဈေးပတ်ပတ်လည် ဈေးနားပဲ ၃ ခါရှိပြီ၊ စစ်ဘေးရှောင်ပြီး ပြန်လာနေတဲ့ လူတွေလည်း အခု ပြန်ထွက်ကုန်ကြပြီ”ဟု နောင်ချိုဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နှင့် ယမန်နေ့ (စက်တင်ဘာ ၂၂)ရက်တို့တွင် နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်ရှိ မြို့မဈေး၊ အထက (၁)၊ ညဈေးတန်းအနီး ပွဲရုံဂိုဒေါင်နှင့် သဖန်းကိုင်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပေါင် (၅၀၀) ဗုံး အသုံးပြု၍ တိုက်ခိုက်ခဲ့သည်။

၎င်းလေကြောင်း တိုက်ခိုက်မှု နှစ်ရက်အတွင်း နောင်ချိုမြို့ပေါ်တွင် အရပ်သား (၄) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူနေအိမ်နှင့် ဆိုင်ခန်းများလည်း ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ပြည်သူများမှာ လေကြောင်းအန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။

“ရုံးဟောင်းနားက အိမ်တွေဆို မအိပ်ရဲကြဘူး၊ တခြား ဝေးတဲ့နေရာ ရှာအိပ်ကြတယ်။ အဓိက စစ်သားတွေ ပြည်သူနဲ့ ရောနေတာမျိုး မဖြစ်စေချင်ဘူး၊ ဖြစ်နိုင်ရင် အဝေးမှာ နေစေချင်တာပေါ့ ဘယ်သူမှ အဲ့လို မပြောရဲဘူးလေ။ အခုက အကုန်လုံးကို ကြောက်နေရတယ်။ ညဘက်တော့ TNLA ကင်းလှည့်တာ ရှိတယ် ကားနဲ့၊ အသွားအလာ စစ်တယ်”ဟု ၎င်းဒေသခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နောင်ချိုစစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့်အဆောက်အဉီး

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က ပေါင် (၅၀၀) ဗုံး အပါအဝင် နေ့စဉ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး အပါအဝင် အရပ်သား (၁၅) ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူနေအိမ် (၃၀) နီးပါး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ စက်တင်ဘာလဆန်း သျှမ်းပြည်တောင်ပိုင်း ခရီးစဉ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်များထံ လက်လွတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေများကို တန်ပြန်ထိုးစစ်ဆင်မည်ဟု ကြုံးဝါးပြီးနောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် လားရှိုးနှင့် နောင်ချိုမြို့များသို့ လေကြောင်းဖြင့် ခပ်စိပ်စိပ် ဗုံးကြဲတိုက်ခိုက်လာသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို သတိထားကြရန်နှင့် စစ်ကောင်စီ၏ လုပ်ရပ်များကိုလည်း သတိထား စောင့်ကြည့်ထားရန် ညီနောင်မဟာမိတ်တပ်များက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်တွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် နယ်မြေဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ခတ် တိုက်ခိုက်နေခြင်းအပေါ် တားဆီးဟန့်တားပေးရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို ညီနောင်မဟာမိတ် ၃ ဖွဲ့ က တောင်းဆိုခဲ့ဖူးသည်။

သို့သော် စစ်ကောင်စီတပ်သည် လေကြောင်းအားကိုးဖြင့် ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများထံ ဆက်လက်ဗုံးကြဲ တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေသော အကြမ်းဖက် တိုက်ခိုက်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း ညီနောင်မဟာမိတ်တပ်များက စက်တင်ဘာလ (၁၀) ရက်တွင် ထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...