သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန် သွားသည့် လမ်းမကြီးပေါ်ရှိ မန်ချက်ကျေးရွာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး(၃) လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက် လေယာဉ်နဲ့ ဗုံး ၃ လုံး လာကြဲသွားတယ်။ ကွမ်းလုံ ဟိုပန်ဘက်သွားတဲ့ မန်ချက်ရွာမှာ ကြဲသွားတာ။ လူတစ်ယောက်တော့ ထိထားတယ်၊ အိမ် (၁) လုံးလည်း မီးလောင်တယ် တခြားအိမ်တော့ မသိသေးဘူး။ ရွှေသိန္နီကားဂိတ်နား ကြဲပြီးတော့ လေယာဉ်မလာတာ ၂ လကျော်ပြီ”ဟု သိန္နီဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့နယ် စစ်ကောင်စီ ဗုံးကြဲ

ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် သိန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့ဘုတ်ခ်စာမျက်နှာတွင် လူသေဆုံးမှု မရှိသော်လည်း ဒဏ်ရာရ ပြည်သူ (၅) ဦး ရှိပြီး လက်ရှိတွင် အင်တာနက်လိုင်း ဖြတ်တောက်ခံထားရကြောင်း ထုတ်ပြန်ထားသည်။

လတ်တလောတွင် ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မြို့များသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်လျက်ရှိရာ သိန္နီမြို့သို့ (၃) လနီးပါးအကြာ ထပ်မံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သိန္နီမြို့ကို “၁၀၂၇ စစ်ဆင်ရေး”ပထမပိုင်းအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များကို မူလ (၄) ရပ်ကွက်မှ (၆) ရပ်ကွက်အဖြစ် ပြောင်းလဲသတ်မှတ်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်လျက်ရှိသည်။

ယခုအခါ ကိုးကန့်တပ်ဖွဲ့ MNDAA က ခန့်အပ်သည့် အုပ်ချုပ်ရေးမှူးများ နေထိုင်သည့် နေရာများသို့ စစ်ကောင်စီတပ်ဘက်မှ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုသည်။

သိန္နီမြို့နယ် စစ်ကောင်စီ လေကြောင်းဗုံးကြဲ

“မြို့ပေါ်မှာ အစက ၄ ရပ်ကွက်ရှိတာ၊ အဲ့တာကို ကိုးကန့်တပ်က (၆) ရပ်ကွက် လုပ်လိုက်တယ်။ မန်ချက်မှာလည်း အရင်က ပြိန်းဆာ၊ ဟိုတာ့၊ ကျောင်းခမ်းဘက်ကိုင်တဲ့ အုပ်ချုပ်ရေးမှူး တစ်ယောက်ရှိတော့ အဲ့နေရာကို ဗုံးကြဲချင်တာလားမသိဘူး။ အခုလာကြဲတာ ပစ်မှတ်လွဲပြီး ဘေးအိမ်ကို ကျတယ်”ဟု သိန္နီမြို့နယ်မှ စစ်ရေးလေ့လာသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း သိန္နီမြို့ပေါ် လူစည်ကားသည့် ဈေးနှင့် စာသင်ကျောင်းကဲ့သို့ အများပြည်သူနေရာများကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၃) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တစ်လအတွင်း အရပ်သား (၁၃) ဦး သေဆုံးပြီး (၂၄) ဦး ဒဏ်ရာရခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ဩဂုတ်လ (၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...