“၁၀၂၇ စစ်ဆင်ရေး” တစ်လအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား ၁၀၀ နီးပါး သေဆုံးခဲ့

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို ဆင်နွှဲနေသော “၁၀၂၇ စစ်ဆင်ရေး”တစ်လတာ ကာလအတွင်း လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားပြည်သူ ၁၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းမြောက်မှ မြို့နယ် (၁၂) ခု ထက်မနည်းတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ စ၍ “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဖက်တိုက်ပွဲ တစ်လကြာမြင့်ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သားပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်၏ သတင်းမှတ်တမ်းများအရ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လအတွင်း လက်နက်ကြီး ထိမှန်မှုစာရင်း

လားရှိုးမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” မဖြစ်ပွားမှီ တစ်ရက်အလို အောက်တိုဘာလ ၂၆ ရက် က
ဟိုနမ့်ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည်ဟုဆိုကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ ပါ့စံ ဆိုသူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ နိုဝင်ဘာ ၉ ရက်တွင်လည်း မိုင်းတင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ နေအိမ်သို့ နံနက်စာချက်ပြုတ်ရန် ပြင်ဆင်နေစဉ် လက်နက်ကြီးထိမှန်၍ အမျိုးသမီး ၃ ဦး ပွဲချင်းပြီး ထပ်မံသေဆုံးခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားနေသည့် မြို့နယ်များအနက် လားရှိုးမြို့နယ်သည် အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်ပြီး စုစုပေါင်း ၁၀ ဦး သေဆုံးကာ ၎င်းတို့အထဲတွင် နိုဝင်ဘာ ၁၁ ရက်က အထက်မန်အိုင်ရှိ ခမရ – ၅၀၇ တပ်ထဲသို့ ညီနောင်မဟာမိတ်တပ်များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးသွားခဲ့သည့် အမျိုးသမီး ၂ ဦးလည်း ပါဝင်သည်။

လောက်ကိုင်မြို့နယ်တွင် နိုဝင်ဘာ ၁၁ ရက် နှင့် ၂၂ ရက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး နှင့်လေကြောင်းဖြင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် စစ်ဘေးရှောင် လူအုပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေး ၂ ဦးအပါအဝင် ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း နေရပ်ပြန် စစ်ဘေးရှောင်များထံမှ သိရပြီး “၁၀၂၇ စစ်ဆင်ရေး” တစ်လအတွင်း လောက်ကိုင်မြို့နယ်သည် လူသေဆုံးမှု အများဆုံး မြို့နယ်ဖြစ်သည်။

သိန္နီမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးသည် စစ်ဘေးရှောင်စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသား ၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဆေးကုသခွင့်မရရှိခြင်းကြောင့် သွေးထွက်လွန်ပြီး သေဆုံးခဲ့ရသူများမှာ ပိုမိုများပြားနိုင်ကြောင်း သိန္နီမြို့စစ်ဘေးရှောင်များထံမှ သိရသည်။

ထို့အပြင် သိန္နီမြို့တွင် နိုဝင်ဘာ ၁၇ ရက်က စစ်ဘေးရှောင်စခန်းမှ နေအိမ်သို့ ရိက္ခာပြန်ယူသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်ကလည်း နမ့်စလပ်ကျေးရွာတွင် စစ်ဘေးရှောင် မိသားစုကို သေနတ်ဖြင့် ထပ်မံပစ်သတ်ခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီး နှင့် ကလေးမှာ ထိခိုက်ဒဏ်ရာရခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” တစ်လအတွင်း လက်နက်ကြီး ထိမှန်မှုစာရင်း

ကွတ်ခိုင်၊ နမ့်ခမ်း နှင့် မူဆယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသမီးနှင့်ကလေး အများဆုံး ထိမှန်သေဆုံးခဲ့သည်။

နမ့်ဆန်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၁၉/၂၀ ရက်တို့တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီး နှင့် လေကြောင်းဗုံးကြဲခြင်းတို့ကြောင့် အမျိုးသားတစ်ဦး နှင့် ကျောင်းသူအပါအဝင် ကလေး ၃ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက နိုဝင်ဘာ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ် သုံးဆယ်အုပ်စု ဇီးဖြူရေကျေးရွာတွင် နိုဝင်ဘာ ၁၅ ရက်က တိုက်ပွဲတစုံတရာ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မိခင်ဖြစ်သူနှင့် အခြားကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က ထွက်ပြေးတိမ်းရှောင်မည့် စစ်ဘေးရှောင်များကို ချောင်းမြောင်းပစ်သတ်ခဲ့ပြီး ဒေသခံလူငယ် ၂၀ ဦးခန့်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

ကျောက်မဲ နှင့် သီပေါမြို့နယ်တို့တွင်လည်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ – ၅၀၁/၅၀၂ မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်နေ့က ကျောက်မဲမြို့ အေးရှားဝေါလ်တိုးဂိတ်အနီး လေကြောင်းဗုံးကြဲမှုကြောင့် ကျား/မ ခွဲခြားမရအောင် ၄ ဦး မီးလောင်သေဆုံးခဲ့ရကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို ဖမ်းဆီးသွားခဲ့ပြီး မူဆယ်မြို့နယ် မုံးကိုးမြို့တွင်လည်း ကိုရင်များကို လူဝတ်လဲစေပြီး စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့သည် ပြည်သူလူထုအား ခြိမ်းခြောက်ခိုင်းစေခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားတံတိုင်းကဲ့သို့ အသုံးပြုခြင်းများ ရှိနေပြီး စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန်နှင့် စစ်ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ (IHL)တို့ကို လေးစားလိုက်နာရန် တိုက်တွန်းထားကြောင်း သျှမ်းလူထု နှင့် အရပ်ဖက် အဖွဲ့အစည်းများက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...