Monday, April 29, 2024

CATEGORY

စစ်ရေး

မြောက်ပိုင်းစစ်ရေးပြသနာကြောင့် နမ္မတူဒေခံ ရာဂဏန်း စစ်ဘေးရှောင်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ယနေ့ နံနက်တွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေသည့် ကျေးလက်ဒေသခံ ရာဂဏန်း နေရပ်မှ တိမ်းရှောင်နေရသည်ဟု ဆိုသည်။ နိုင်ငံတကာ လူမှုကူညီရေးအသင်းအဖွဲ့တခုက ဇူလိုင်လ ၁၆ ရက် ၂၀၁၈ ရက်နေ့၌ နမ္မတူမြို့နယ်အတွင်း တအာင်း TNLA နှင့်...

ပင်လုံညီလာခံဒုတိယရက် သျှမ်းပြည်အလယ်ပိုင်းတွင် စစ်ဘေးရှောင်ဦးရေတထောင်ကျော်ထိတိုး

၂၀၁၈ ဇူလိုင်လ ၁၂ ရက် နေပြည်တော်တွင် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယရက် ဆက်ကျင်းပနေချိန် သျှမ်းပြည်တပ်မတော် RCSS/SSA အား တိုက်ခိုက်ရန် အစိုးရတပ်မတော် စစ်ရေးတိုးမြင့်လှုပ် ရှားမှုကြောင့် သျှမ်းပြည်တောင်ပိုင်းလွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်က စစ်ဘေးရှောင်ဦးရေများ တထောင်ကျော်ထိတိုး များလာနေသည်ဟု သိရသည်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA...

နှစ်ပတ်ကြာ ဖမ်းဆီးခံထားရသည့် RCSS/SSA တပ်သား ၆ ဦး ယနေ့ထိ မလွတ်သေး

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ နယ်အတွင်းနေ ဒေသခံများအား မူးယစ်ဆေးဝါးပညာပေး ဟောပြောသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဝင် ၆ ဦးအား တပ်မတော်မှ နှစ်ပတ်ကြာ ဖမ်းဆီးသွားသော်လည်း ယနေ့တိုင်ပြန်မလွတ်ပေးကြောင်း ပြောရေးဆိုခွင့်ကပြောသည်။ အဆိုပါ RCSS အဖွဲ့ဝင် ၆ ဦး သည် ဇွန်လ ၂၉...

တိုက်ပွဲဖြစ်ပွားရာ မိုင်းကိုင်ဘက်သို့ စစ်အင်အားအပြိုင်ဖြည့်နေမှု သျှမ်းလူထုစိုးရိမ်

သျှမ်းပြည်တောင်ပိုင်း နှင့် မြောက်ပိုင်းနယ်စပ် သီပေါမြို့နယ် နှင့် မိုင်းကိုင် မြို့နယ်အတွင်း အစိုးရတပ် အင်အားအများအပြား ဖြည့်တင်းသကဲ့သို့ သျှမ်းပြည်တပ်မတော် နှစ်ခုစလုံးလည်း အင်အားပိုမိုဖြည့်တင်း နေသည်ဟု ဒေသခံတပ်မှူးများပြောပြချက်အရသိရသည်။ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် နှင့် ကျေးသီးမြို့နယ်၊ သျှမ်းပြည်မြောက်ပိုင်း ကျောက် မဲခရိုင် သီပေါမြို့ နယ်အတွင်း...

နေပြည်တော်ငြိမ်းချမ်းရေးညီလာခံစတင်ချိန် RCSS အားထိုးစစ်ဆင်မှု သျှမ်းလူထု ၅၀၀ ကျော်စစ်ဘေးရှောင်ရ

ဇူလိုင်လ ၈ ရက်နေ့မှစ၍ ၁၀ ရက်နေ့အထိ သုံးရက်သာကာလ အတွင်း အစိုးရတပ်မတော်မှ သျှမ်းပြည်တပ် မတော် RCSS/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးလက်လူထု ၅၀၀ ကျော် နေရပ်မှ စွန့်ခွါနေရ သည်ဟု သိရသည်။ အစိုးရတပ်မတော် ထိုးစစ်ဆင်မှုကြောင့် ဟမ်းငိုင်းကျေးရွာ လွယ်စက်တော်ကျောင်းတိုက်တိုင်တွင် အိမ်ခြေ...

၂၁ ရာစု ပင်လုံတတိယ အကြိမ်ကျင်းပရန်စီစဉ်နေချိန် အပစ်ရပ် RCSS/SSA တပ်စခန်း ကို အစိုးရတပ် မှ ဒုတိယရက်ဆက်တိုက်

ဇူလိုင်လ ၁၁ ရက် - ၁၆ ရက်နေ့ထိ ကျင်းပဖို့ ပြင်ဆင်နေချိန် ယနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် မိုင်းကိုင်မြို့ နယ် အတွင်းရှိ သျှမ်းပြည်တပ်မတော် စစ်ကြောင်းယာယီအခြေချရာ နေရာသို့ ဒုတိယ အနေ့ အဖြစ် အစိုးရ တပ်မတော်မှ ဆက်လက်တိုက်ခိုက်သည်ဟု...

သျှမ်းပြည်အလယ်ပိုင်းရှိ RCSS တပ်စခန်းတခုကို အစိုးရတပ်မတော် တက်တိုက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်း တခုကို အင်အား တရာခန့်ရှိ အစိုးရတပ်မတော်က ယနေ့ တက်တိုက်ခဲ့သည်ဟုသိရသည်။ ဇူလိုင် ၉ ရက် မွန်းတည့်ချိန်မှ စ၍ ညနေပိုင်း အထိ ပစ်ခတ်တိုက်ခိုက်သံ ကြားနေရသေး ကြောင်း၊ အစိုးရတပ်မတော်ဘက်တွင် မိုင်းပန်အခြေစိုက်...

လားရှိုး-သိန္နီ လမ်းတွင် တပ်မတော်ယာဉ်တန်း ချိန်ကိုက်မိုင်းထိမှန် နှစ်ဦးဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် အတွင်း ယနေ့မနက် ၁နာရီခွဲဝန်းကျင်တွင် လားရှိုးမှ လောက်ကိုင်သို့ တက်မည့် တပ်မတော် ယာဉ်တန်းများကို အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ချိန်ကိုက်မိုင်းထောင်ဖောက်ခွဲခဲ့ရာ တပ်သားတဦးနှင့် အမျိုးသမီးငယ်တဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၉ ရက်...

ဘာသာ၊ သာသနာအား စောင့်ရှောက်သည့်သျှမ်းပြည်တပ်မတော် ဖြစ်ဖို့ မြို့နယ်သံဃာတော် စာရေးတိုက်တွန်း

ဒေသအတွင်းလက်နက်ကိုင်ပစ်ခတ်မှု ပြဿနာကြောင့် ကိုရင်ငယ်တပါးဒဏ်ရာရကာ တပ်သားတဦးသေ ဆုံးမှုဖြစ်ပွားသော ကြောင့် သျှမ်းပြည်တပ်မတော် နှစ်ခုလုံးအား အမျိုးဘာသာ သာသနာလက်တွေ့ စောင့် ရှောက်သည့် တပ်မတော်ဖြစ်ဖို့ မိုင်းကိုင်မြို့နယ် သံဃာ့နာယကအဖွဲ့မှ သတိပေးတိုက်တွန်းသည့် စာတစောင်ပေးပို့ခဲ့သည်ဟု သိရသည်။ ဇွန်လ ၁၉ ရက်နေ့က မြို့နယ်သံဃာတော်များက ဒေသတွင်းလှုပ်ရှားနေသော သျှမ်းလက်နက်ကိုင်တပ် ၂...

တိုက်ပွဲကြောင့် မူစယ် နမ့်ခမ်း ဒေသခံများ ခရီးသွားလာမှု စိုးရိမ် နေရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ နှင့် ရွှေလီမြစ်တဘက်ကမ်း စယ်လန့်ကြား ပြည်ထောင်စုလမ်းပေါ် တွင် ယမန်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုများကြောင့် ဒေသခံများ ခရီးသွားလာမှု အတွက် လုံခြုံရေးအရစိုးရိမ် နေရ ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက လယ်ယာလုပ်ငန်းခွင်မှ   တောင်သူများနေအိမ်ပြန်ချိန်  မူစယ်မြို့နယ်...

Latest news