သီပေါမြို့နယ် စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရ၊ ဒေသခံများ နှစ်ဘက်တိုက်ပွဲအတွင်း လုံခြုံရေးစိုးရိမ်နေ

သျှမ်းပြည် သီပေါမြို့နယ်တွင် မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ စဉ့်အင်တံတား ထပ်မံဖျက်ဆီးခံရသဖြင့် ဒေသခံများမှာ နှစ်ဘက်တိုက်ပွဲအတွင်း ပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

စဥ့်အင် တံတားကျိုးကျ

သီပေါမြို့နှင့် လားရှိုးမြို့အကြား မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ စဉ့်အင်တံတားသည် ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်အကြား ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)က ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း အလုံးစုံဖျက်ဆီးခံခဲ့ရသည်။

ထို့ကြောင့်သွားလာ၍မရတော့ဘဲ သီပေါမြို့နယ်ရှိ ပြည်သူများမှာ တိုက်ပွဲကြားပိတ်မိမည်ကို စိုးရိမ်လျက်ရှိကြောင်း သီပေါဒေသခံများက ပြောသည်။

“မနေ့က ညနေ ၃ နာရီခွဲလောက်ကစပြီး စဉ့်အင်တံတား ထက်ပိုင်းကျိုးသွားတော့ လုံးဝ သွားလို့မရတော့ဘူး။ အခုက နှစ်ဘက်လုံးကလည်း အင်အားဖြည့်လာကြတာဆိုတော့ သီပေါမြို့ပေါ်တိုက်ပွဲဖြစ်ပြီး ကြားညပ်မှာလဲ ကြောက်တယ်။ ဘယ်လမ်းမှ မထွက်ပြေးနိုင်ဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ကော လေယာဉ်နဲ့ကော ဗုံးလာကြဲမှာလဲ အရမ်းစိုးရိမ်ရတယ်။ လောလောဆယ် သွားလို့ရတာဆိုရင် သီပေါကနေ နမ့်လန်ဘက်သွားတဲ့ ၉ မိုင်လမ်းခွဲ တံတားတခုပဲ ကျန်တယ်။ အဲ့ဒါပါ ထပ်ပြီးဖျက်ခံရရင်တော့ ပြေးစရာမရှိတော့ဘူး”ဟု သီပေါမြို့ဒေသခံတစ်ဦးက ၎င်း၏ စိုးရိမ်မှုကို သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သီပေါ ပြည်သူ စစ်ရှောင်

ယမန်နေ့ (ဒီဇင်ဘာ ၁ ရက်)က သီပေါမြို့နယ်တွင် ဖြစ်ပွားခဲ့သော နှစ်ဘက်တိုက်ပွဲအတွင်း ပျက်စီးသွားသည့် စဉ့်အင်တံတားသည် သီပေါမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးပြီး သီပေါ-လားရှိုးသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများမှာ သီပေါ-နမ္မတူလမ်းပိုင်းရှိ မန်စံလမ်းခွဲမှလည်းကောင်း၊ သီပေါ-မိုင်းရယ် လမ်းပိုင်းများမှတဆင့် လားရှိုးမြို့သို့ သွားရောက်နေရကြောင်း သီပေါဒေသခံများက ပြောသည်။

အလားတူ ကျောက်မဲနှင့် သီပေါမြို့အကြားရှိ ကျင်သီတံတားလည်း စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်း ဖြတ်တောက်ရန် နိုဝင်ဘာ ၁၂ ရက်က TNLA တပ်ဖွဲ့၏ ဗုံးခွဲဖျက်ဆီးခံခဲ့ရပြီး သွားလာ၍မရတော့ဘဲ လက်ရှိတွင် သီပေါမြို့၌ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေကြောင်း သီပေါဒေသခံများထံမှ သိရသည်။

“အခု သီပေါ-လားရှိုးကြားက စဉ့်အင်တံတား ထပ်ကျိုးတော့ သီပေါမြို့ပေါ်မှာ ကုန်းဈေးနှုန်းတက်တာပေါ့။ လားရှိုးသွားချင်ရင်လည်း ကားခတွေ ဈေးတက်ကုန်ပြီ၊ အခုဆို သီပေါ-လားရှိုးသွားတာကို ကားခက နှစ်သောင်း သုံးသောင်းအထိ ရှိတာ။ မန်စံဘက်၊ မိုင်းရယ်ဘက်တွေ ကွေ့ဝိုက်ပြီး သွားရတော့ အကုန်ဈေးတက်ကုန်ပြီ”ဟု သီပေါ-လားရှိုးခရီး ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့နယ် စဉ့်အင်တံတားအနီးရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ယမန်နေ့( ဒီဇင်ဘာ ၁ ရက်)က TNLA တပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သီပေါမြို့နယ်တွင် နိုဝင်ဘာ ၂၂ ရက်မှစပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဘက်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၄၀၀၀ နီးပါး နီးစပ်ရာကျေးရွာနှင့် မြို့ပေါ် ဘုန်းကြီးကျောင်းများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း သီပေါမြို့ ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...