သိန္နီစစ်ရှောင်စခန်း ရှော့တိုက်ဒုံးကျ အမျိုးသမီး ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ၊ စစ်ဘေးရှောင်များကို နှစ်ဖက်တပ်ဖွဲ့များက လူသားဒိုင်းကာလုပ်နေ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ ပစ်ခတ်သော ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

သိန္နီနမ့်စလပ်ဘုန်းကြီး လက်နက်ကြီးထိမှန်ပုံ

သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် ယနေ့ (ဒီဇင်ဘာ ၄ ရက်) နံနက်အချိန်က စစ်ကောင်စီတပ်မှ ပစ်ခတ်လာသည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အသက် ၆၀ ကျော်အရွယ်ရှိ အဘွားအို ၁ ဦး ထိတ်လန့်သေဆုံးခဲ့ပြီး၊ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် ကျောင်းခမ်းဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ် နှစ်ဘက်စလုံးက လူသားဒိုင်းကာ ပြုလုပ်နေကြောင်း သိန္နီမြို့ စစ်ဘေးရှောင်များက ပြောသည်။

“ဒီမနက် ကျောင်းခမ်းဘုန်းကြီးကျောင်းဝင်းထဲကို ရှော့တိုက်ဒုံးကျလာပြီးတော့ အသက် ၆၂ နှစ်အရွယ် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်။ နောက်ပြီးတော့ အသက် ၆၀ ကျော် အဘွားတစ်ဦးလည်း အသံကြောင့် ထိတ်လန့်ပြီး ဆုံးသွားတယ်။ အစက စစ်ဘေးရှောင်စခန်းက လူတွေကို စစ်ကောင်စီတပ်ကပဲ အဝင်အထွက်ပေးမလုပ်တာ၊ အခုကျတော့ ကိုးကန့်တပ်ကလည်း ပြည်သူတွေကို ပေးမထွက်တော့ဘူး။ ရှင်းရှင်းပြောရရင်တော့ နှစ်ဘက်လုံးက စစ်ဘေးရှောင်တွေကို လူသားတံတိုင်းလုပ်နေတာပဲ”ဟု သိန္နိမြို့မှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီ နမ့်စလပ် ဘုန်းကြီးကျောင်း လက်နက်ကြီးထိမှန်

သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အစပိုင်းက စစ်ဘေးရှောင်ဦးရေ ၃၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး စားဝတ်‌နေရေး အခက်အခဲကြောင့် နီးစပ်ရာမြို့ရွာများသို့ ထပ်မံထွက်ပြေးကြရာ လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့် ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

“မြို့ပေါ်မှာတော့ တိုက်ပွဲမရှိဘဲနဲ့ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကြောက်ရတာ ရှိတာပေါ့။ သိန္နီမြို့ပေါ်မှာက ရဲစခန်းပဲရှိတာ စစ်တပ်မရှိဘူးလေ။ ကိုးကန့်တပ်တွေက ရဲစခန်းသိမ်းတယ်၊ ဌာနဆိုင်ရာရုံးတွေသိမ်းထားတော့ မြို့ကိုသိမ်းထားတယ် ပြောတာပေါ့။ မြို့ပြင်က ၆၉ တပ်တို့ စကခ-၁၆ တို့ကို မဟာမိတ်တပ်တွေ အခုထိ မသိမ်းနိုင်သေးဘူးလေ”ဟု သိန္နီမြို့မှ တိုက်ပွဲအခြေအနေကို ၎င်းစစ်ဘေးရှောင်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

သိန္နီမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၆၉ နှင့် ကျောင်းခမ်းဘုန်းကြီးကျောင်းသည် မျက်နှာချင်းဆိုင် တည်ရှိနေပြီး စကခ-၁၆ ၊ ခလရ-၃၂၃ တပ်ရင်းတို့နှင့် တဆက်တည်းရှိကာ ၎င်းဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ဦးရေ ၁၃၀၀ ခန့်ကို ညီနောင်မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်ပစ်ခတ်နေသော တိုက်ပွဲကြားတွင် လူသားဒိုင်းကာအဖြစ် အသုံးချနေသည်ဟု သိန္နီမြို့ စစ်ဘေးရှောင်နေသူများက ‌ပြောသည်။

“အခု နှစ်ဘက်တိုက်ပွဲကြားညပ်နေတဲ့ ကျောင်းခမ်းက စစ်ဘေးရှောင်တွေအတွက် စိုးရိမ်ရတာ။ ဒီဘုန်းကြီးကျောင်းက ၆၉ တပ်နဲ့ မျက်နှာချင်းဆိုင် လမ်းပဲခြားတယ်။ တိုက်ပွဲစပစ်ကြကတည်းက ဟိုတာ့၊ ဝိန်းနန်း၊ ဉယျာဉ်မှူးက ပြည်သူတွေ ကျောင်းခမ်းဆီကို ရှောင်ပြေးလာကြတာ။ အဲ့နောက်ပိုင်း စစ်တပ်က ပေးမထွက်တော့ဘူး။ အခုတော့ ကိုးကန့်တပ်ကလဲ ထပ်ပိတ်လိုက်ပြီဆိုတော့ နှစ်ဘက်လုံးက စစ်ရှောင်တွေကို ပေးမထွက်တော့ဘူး”ဟု သိန္နီမြို့မှ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် နိုဝင်ဘာ ပထမပတ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသမီးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိန္နီမြို့စစ်ဘေးရှောင်များထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...