သျှမ်း-မန္တလေးနယ်စပ် မိုင်းလုံမြို့ လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးသေ၊ အရပ်သား ၁၀ ဦးဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။

မိုင်းလုံမြို့တွင် လေယာဉ်ဗုံးကြဲ

ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် ၉ နာရီအချိန်ခန့်က သျှမ်း-မန္တလေးနယ်စပ်ရှိ မိုင်းလုံမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် မိုင်းလုံမြို့ အထက်အောင်မြေရပ်ကွက်ရှိ အသက် ၄၅ နှစ်အရွယ် မအေးနန်း ဆိုသူ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံး၍ ကလေး ၃ ဦးနှင့် မသန်စွမ်း ၁ ဦးအပါအဝင် စုစုပေါင်း ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံး မီးလောင်ပျက်စီးကြောင်း မိုင်းလုံမြို့ဒေသခံများက ပြောသည်။

“မနေ့က မနက် ၅ နာရီခွဲလောက် စတိုက်ကြတာ။ အထက်ရပ်မှာ တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာကတော့ မနက် ၉ နာရီကျော်လောက်ဖြစ်မယ်။ မအေးနန်း ကတော့ ဗုံးစထိပြီး ခါးပြတ်ခါနီးလေးပဲ အဲ့မှာ ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသားနဲ့ ကလေး ၂ ယောက်လဲ နည်းနည်းစီ ဒဏ်ရာရတယ်။ ” မိုင်းလုံမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်ပေါ်မှ ကြဲချသည့် ဗုံးစထိမှန်ပြီး သေဆုံးသွားသူ၏ မျက်နှာချင်းဆိုင်အိမ်မှ ကျောင်းသူတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အပါအဝင် မိသားစု ၃ ယောက်တွင် ဦးခေါင်းနှင့်မျက်နှာ ဒဏ်ရာရရှိပြီး အခြားတစ်အိမ်ရှိ မသန်စွမ်းအမျိုးသမီး တစ်ဦးနှင့် အမျိုးသမီး ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း မိုင်းလုံမြို့မှ ၎င်းဒေသခံက ဆက်ပြောသည်။

မိုင်းလုံမြို့တွင် လေယာဉ်ဗုံးကြဲ

မိုင်းလုံမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ-၇၁ တပ်ရင်းကို ယမန်နေ့ (ဒီဇင်ဘာ ၅ ရက်)တွင် TNLA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ၈ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်နေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ မိုးကုတ်မြို့အခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လာနေကြောင်း မိုင်းလုံမြို့ဒေသခံများထံမှ သိရသည်။

“မနေ့က စစ်လေယာဉ်နဲ့ ၈ ခေါက်ကျော်တောင် လာတယ်။ မိုင်းလုံအနေအထားနဲ့ဆိုရင် စစ်ကောင်စီတပ် ခလရ-၇၁ ထဲက တပ်သားတွေ မနေ့ည ၉ နာရီခွဲလောက်က တပ်ဆုတ်သွားပြီ။ လောလောဆယ်တော့ TNLA တပ်ပဲ ရှိမယ်။ မိုးကုတ်ဘက်က စစ်ကောင်စီတပ်တွေကနေလည်း အခုထက်ထိ လက်နက်ကြီးနဲ့ လှမ်းပစ်လာတာရှိတယ်”ဟု မိုင်းလုံမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲ-မိုးကုတ် ကားလမ်းမပေါ်ရှိ မိုင်းလုံမြို့တွင် TNLA တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဘက်ထိတွေ့တိုက်ပွဲများအတွင်း လုံခြုံရေးစိုးရိမ်မှုကြောင့် ‌ဒေသခံပြည်သူ ၅၀၀ ကျော်မှာ မြို့ဟောင်းရပ်ကွက်နှင့် ပန်ပေါင်းကျေးရွာများရှိ နီးစပ်ရာဆွေမျိုးနေအိမ်သို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်း မိုင်းလုံမြို့ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

KIA ထိန်းချုပ် မဘိမ်းမြို့နယ်ထဲ စစ်တပ်လေကြောင်းဗုံးကြဲ

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့ပေါ်နှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) ညနေ ၃ နာရီခွဲကျော်တွင် ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားသည့် မဘိမ်းမြို့ပေါ် ရဲစခန်း နေရာဟောင်းနှင့် ဘဟဲကျေးရွာတို့ကို စစ်တပ်က လေကြောင်းမှ Yak-130...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နန်းမယ်ခုံမြို့နယ်ကို စစ်တပ်က ထပ်မံ လေကြောင်းဗုံးကြဲ

0
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၂၉ ရက်) နေ့လည် ၁ နာရီဝန်ကျင်တွင် နန်းမယ်ခုံမြို့နယ်ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဒီနေ့ နေ့လည်က ဗုံးကြဲသွားတာ ဟုတ်ပါတယ်။နန်းမယ်ခုံ တဝိုက်ကိုပဲ ကြဲသွားတာပါ။ လူအထိခိုက်တော့ မရှိဘူးဗျ။အိမ် နှစ်လုံးပေါ်ကျတာ။”ဟု မြေပြင်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။  ပြီးခဲ့သည့် ဇွန်လ (၂၄) ရက်တွင်လည်း နန်းမယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၂) ဦး သေဆုံးခဲ့သည်။ ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင်လည်း မိုးဗြဲအနီးရှိ စစ်ကော်မရှင်တပ် စခန်းတစ်ခုကို တော်လှန်ရေး တပ်ပေါင်းစုများကဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်း စစ်သား (၁) ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း (၂) ဦး နှင့် အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။