လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

လားရှိုး မိုင်းယော် တိုက်နယ် လေကြောင်းဗုံးကြဲခံရ အမျိုးသမီး ၂ဦးသေဆုံး

ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး၊ နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးကာ ဒဏ်ရာရရှိသူများလည်း ရှိကြောင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသခံများက ပြောသည်။

“အရင်ည (ဒီဇင်ဘာ ၂ ရက်)က လေယာဉ်နဲ့ လုံတွေရွာကို ဗုံးလာကြဲသွားတာ ဟုတ်တယ်။ ည ၉ နာရီလောက် တစ်ခါ၊ ညသန်းခေါင် ၁၂ ခွဲလောက်ကတစ်ခါ လေယာဉ်နှစ်ခါလာတဲ့ အသံကြားလိုက်တယ်။ လုံတွေရွာထဲကို ကျတာက အိမ်တွေအများကြီး ပျက်စီးသွားတယ်။ အမျိုးသမီး ၂ ဦး သေသွားပြီး ဒဏ်ရာရတဲ့လူလဲ ရှိတယ်ပြောတယ်”ဟု လားရှိုးမြို့နယ် မိုင်းယော်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ် လုံတွေကျေးရွာကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်အသုံးပြု၍ ပေါင် ၅၀၀ ဗုံးဖြင့် ၄ လုံး လာရောက်ကြဲချခဲ့ခြင်းကြောင့် ဒေသခံအမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၉)လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာလ ၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အလားတူ ဒီဇင်ဘာ ၂ ရက်နေ့ ည ၆ နာရီအချိန်ခန့်က မူဆယ်မြို့နယ် စယ်လန့်ကျေးရွာကို စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု၍ ပေါင် ၅၀၀ ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၀ လုံးခန့် ပျက်စီးခဲ့ကြောင်း မူဆယ်မြို့နယ် စယ်လန့်ဒေသခံများက ပြောသည်။

လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့်နေအိမ်

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ ရက် ညပိုင်းတွင်လည်း နမ့်ခမ်းမြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီး အရပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း နမ့်ခမ်းဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်နေသည့် “၁၀၂၇ စစ်ဆင်ရေး”အတွင်း စစ်ကောင်စီတပ်မှ အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းမှ ပေါင် ၅၀၀ ဗုံးအပြင် ဆင့်ကဲပေါက်ကွဲတတ်သော ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာ ပြုလုပ်လာပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း TNLA တပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် “၁၀၂၇ စစ်ဆင်ရေး”အတွင်း တပ်စခန်း ၂၀၀ ကျော် လက်လွှတ်ဆုံးရှုံးထားရခြင်းကြောင့် လေကြောင်းအားကိုးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့ပြီး အရပ်ဘက် အဆောက်အဦများမှနေ၍ ရန်သူမှ ပစ်ခတ်တိုက်ခိုက်လာပါက စစ်ဘက်ဆိုင်ရာ အဆောက်အဦအဖြစ် သတ်မှတ်ပြီး ပြန်လည်တိုက်ခိုက်သွားမည်ဟု စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၂ ရက်တွင် ပြောကြားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...