ပန်ဆိုင်းမြို့နယ်အတွင်း လူမနေ၊ စာရင်းမပေးသည့် အိမ်များကို ချိတ်ပိတ် သိမ်းမည်ဟု MNDAA ပြော

သျှမ်းပြည် မူဆယ်ခရိုင် ပန်ဆိုင်းမြို့တွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင် ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူများ နေရပ်မှ စွန့်ခွာခဲ့ရာ လက်ရှိ လူမနေတော့သည့် နေအိမ်များကို ချိတ်ပိတ်သိမ်းသွားမည်ဟု MNDAA က ကြေညာလိုက်ကြောင်း စုံစမ်းသိရသည်။

ပန်ဆိုင်းနေအိမ်ပျက်စီး

ယခုရက်ပိုင်းအတွင်း ပန်ဆိုင်းမြို့အတွင်း MNDAAထံ သန်းခေါင်စာရင်းလာမပေးသူ၊ နေအိမ်တွင် ပြန်မလာနေသူများကို လူမနေသည့် အိမ်အဖြစ်သတ်မှတ်ပြီး ချိတ်ပိတ်ကာ ပိုင်ဆိုင်မှု အားလုံးသိမ်းဆည်း သွားမည်ဟု MNDAA က ပန်ဆိုင်းမြို့ပေါ်နေ ဒေသခံပြည်သူများကို ပြောဆိုခဲ့ကြောင်း သိရသည်။

“သူတို့က လူမနေတဲ့ အိမ်တွေ၊လူနေပြီး စာရင်းလာမပေးတဲ့ အိမ်တွေကို ချိတ်ပိတ်ပြီး သိမ်းမယ်လို့ အဲ့ ရပ်ကွက်လူကြီးတွေကိုတဆင့်ပြန် ပြောခိုင်းတာပါ။ ဒီလိုရပ်ကွက်တွေမှာ လိုက်ပြောနေတာ ၂ရက်တော့ ရှိပြီး။စာတွေ ထွက်ထား တာမျိုးတော့မရှိသေးဘူး။သူတို့ စာရင်းတွေ လိုချင်လို့ပေါ့ ပြောရရင် ”ဟု ပန်ဆိုင်းမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပန်ဆိုင်း

လက်ရှိတွင် သျှမ်းပြည် မြောက်ပိုင်း မူဆယ်ခရိုင် အတွင်း စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တပ်များ စစ်ရေးပြင်းထန်နေပြီး၊ ညအချိန်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုရှိနေသည်။

ထို့ကြောင့် ဒေသခံများက နေရပ်ပြန်ပြီးနေထိုင်ရန် အဖြစ်နိုင်သေးကြောင်း၊ နေရပ်ပြန်နေပါက အသက်အန္တရာယ်စိုးရိမ်ရကြောင်းလည်း သျှမ်းသံတော်ဆင့်ကို ပြောဆိုလာသည်။

ထို့ပြင်ပန်းဆိုင်းမြို့တွင် အသက် (၁၆)နှစ်ပြည့် မည်သူမဆို ကိုးကန့်တပ် (MNDAA) ထဲဝင်ကာ စစ်မှုထမ်းရမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

“ယောကျာ်းလေးမရှိရင် မိန်းကလေး ယူမှာပါ ၂ယောက် ၃ ယောက်ရှိရင် ၁ယောက် ၊ ၅‌ယောက် ရှိရင် ၂ ယောက်ယူတယ်။တစ်နေ့အေးချမ်း လို့ပြန်လာတဲ့အခါ သန်ခေါင်စာရင်းပြန်ကောက်ရင် အဲ့ချိန်ပေါ်လာလို့ရှိရင် အရေးယူမယ်။ အသက်က ၁၅ နှစ်အထက်ပေါ့ ။ကလေးတွေကို လာမလုပ်စေချင်ရင်၊ ငါကိုတိုင်လုပ်မယ်ဆို ရင်ရတယ်။ အသက် ၁၅ နှစ်ကနေ ၅၀ အောက် ယူပါတယ်”ဟု MNDAA တပ်ဖွဲ့ဝင် တစ်ဦးက ပန်ဆိုင်းမြို့ ဘုန်းကြီးကျောင်းတွင် ဒေသခံများကို လာရောက်ပြောပြသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ကောင်စီ ကို “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် သျှမ်းမြောက် တကြော စစ်ရေးပြင်းထန်မှု ရှိပြီး ဒေသခံပြည်သူ ၈ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် နိုဝင်ဘာလ ၂၇ ရက်တွင် MNDAA တပ်ဖွဲ့သည် မုံးကိုးမြို့ ဘုန်းကြီးကျောင်းရှိ ကိုရင်များကို လူဝတ်လဲပြီး စစ်သားစုဆောင်းမှု ပြုလုပ်ခြင်း၊ အချို့ဘုန်းကြီးကျောင်းမှ ကိုရင်များ၏ မိဘများသည် ၎င်းတို့၏ သားကို ပြန်လာခေါ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...