စစ်ကောင်စီ ရှိသည့် မူဆယ်မြို့ လွိုင်တိန်ခမ်းတောင်ပေါ်ဘုရားပေါ် ဒရုန်း တိုက်ခိုက်ခံရ

စစ်ကောင်စီ တပ်ရောက်ရှိနေသည့် သျှမ်းပြည် မူဆယ်မြို့ လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားပေါ် သို့ ညီနောင်မဟာမိတ်တပ်ပေါင်းစုမှ ဒရုန်းဖြင့် တိုက်ခိုက်ကြောင်း စုံစမ်းိသရသည်။

မူဆယ် လွိုင်တိန်ခမ်း ဘုရား ဒရုန်းပစ်ခံရ

ယမန်နေ့ (ဒီဇင်ဘာလ ၃) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် သာသနာ့နယ်မြေဖြစ်သည် လွိုင်တိန်ခမ်း တောင်ပေါ်ဘုရားသို့ စစ်ကောင်စီ စစ်ကြောင်း တက်သွားပြီးနောက် ညီနောင်မဟာမိတ်တပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်တပ် အဲ့တောင်ပေါ်ဘက် တက်သွားတာတွေ့လို့ ကိုးကန့်တပ်တွေဘက်က ဒရုန်း နဲ့ လိုက်ပစ် တာတဲ့။ လူကို ထိလား ဆိုတာ သေချာမသိပေမဲ့ ကျောင်းဆောင်တွေတော့ တော်တော်ထိထားတယ်။ အခုချိန်ထိ လည်း အဲ့တောင်ပေါ် အခြေအနေကို ဘယ်သူမှ တက်မကြည့်ရဲဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သာသနာ့နယ်မြေ လွိုင်တိန်ခမ်းရှိ မိဂဒါကျောင်းတိုက်သည် မူဆယ်မြို့ အဝင်တွင် တည်ရှိပြီး မူဆယ်မြို့နှင့် ၁ မိုင်ဝန်းကျင်သာ ကွာဝေးသည်။

ယင်းကဲ့သို့ သာသနာ့နယ်မြေများအပါအဝင် အရပ်သားများ ရှိရာသို့ စစ်တပ်မှ နေရာယူခြင်း၊ ဦးတည် တိုက်ခိုက်ခြင်း တို့ကြောင့် ဒေသအတွင်း နေထိုင်သည့် ဒေသခံများ အနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရ ကြောင်းလည်း အသက် (၄၀) ဝန်းကျင် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်နေရာမှာပဲနေနေ လုံခြုံမှုဆိုတာကတော့ မရှိတော့ဘူး။ အရင်ကတော့ ထိတ်လန့်လို့ ၊ ကြောက်လန့်လို့ ဘုရားတကြရတယ်။ အခုဆို သူတို့က ဘုရားနေရာတောင် အလွတ်မပေးတော့ဘူး။ ပြည်သူတွေရဲ့ဘဝက တိုက်ပွဲကြားကနေ ဓားစာခံ ဖြစ်နေရတယ်” ဟု အသက် (၄၀) ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင်လည်း မြန်မာ – တရုတ်နယ်စပ်ရှိ ပန်ဆိုင်းမြို့မှ ဓမ္မာရုံကျောင်းတိုက် လက်နက်ကြီး ထိမှန်ပြီး ပျက်စီးဆုံးရှုံးမှုများပြားခဲ့ ကြောင်းလည်း သိရသည်။

လက်နက်ကိုင်တပ်ဖွဲ့ဝင် တပ်သားများမှ သာသနာ့နယ်မြေ အနီးပတ်ဝန်းကျင်တွင် တိုက်ပွဲပစ်ခတ်မှု ဖြစ်ပွားခြင်း၊ ကျေးရွာအတွင်း လူထုနှင့်အတူ ရောနှောနေထိုင်ခြင်း တို့သည် ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention) ဥပဒေနှင့် ဆန့်ကျင်သည့်အပြင် စစ်ရာဇဝတ်မှု မြောက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...