မူဆယ်မြို့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိ ခြေထောက်ဖြတ်ခံရ
သျှမ်းပြည် မြောင်းပိုင်း မူဆယ်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မြေမြုမိုင်းနင်းမိရာမှ ဆေးကုသရန် ငွေကြေးအခက်အခဲကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် မန်မိုင်ရွာတွင် ပြ မူလ တန်းကျောင်အနီးတွင် ပြီးခဲ့သည့် (မေ ၂၁ ရက်) ညနေ ၆ နာရီဝန်းကျင် အမျိုးသမီးတစ်ဦးသည် အပေါ့အပါးသွားရာမှ မြေမြုပ်မိုင်းနင်းမိသဖြင့် ခြေထောက် တဖက် ဖြတ် လိုက်ရကြောင်း လက်ဖက်ညွန့်လူမှုကူညီရေး အသင်းတာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ အဲ့အမျိုးသမီးက အပေါ့သွားရင်း မြေမြုပ်မိုင်းနင်းမိတာပါ။ ဘယ်ဘက်ခြေထောက်ဖြတ်လိုက်ရတယ်။ ညာဘက်ခြေထောက်ကလည်း မိုင်းစတွေနဲ့ ဒဏ်ရာပြင်းနေတယ်။” ဟု လက်ဖက်ညွန့် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။ အဆိုပါ မြေမြုပ်မိုင်းနင်းမိသော အမျိုးသမီးသည် အသက် ၄၀ကျော် ရှိ မခိုင်ချိုဝင်းဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးမှ...
MNDAA က ဒေသတွင်း ရာဇဝတ်မှု အမျိုးအစား (၈)မျိုးအတွက် ပြစ်မှု ပြစ်ဒဏ်ထုတ်ပြန်လာ
သျှမ်းပြည် အထူးဒေသ(၁) ကိုးကန့်ဒေသ တရားစီရင်ရေးတွင် ကျင့်သုံးသွားမည့် ရာဇဝတ်မှုဆိုင်ရာ ပြစ်ဒဏ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA က မေလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် နယ်မြေများတွင် တရားဥပဒေစိုးမိုးရေးအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ စစ်ရေးအုပ်ချုပ်မှုကော်မတီက ရာဇဝတ်မှု အမျိုးအစား...
တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ အလုပ်ခေါ်စာမှတဆင့် ငွေကြေးလိမ်လည်မှုရှိနေ
SHAN -
မြန်မာ-ထိုင်းနယ်စပ် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ (Facebook )အကောင့်ကို အသုံးပြုပြီး အလုပ်ရှာပေးမည်ဟုဆိုကာ ငွေကြေးလိမ်းလည်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မြို့တွင် လူမှုကွန်ရက် စာမျက်နှာ (Facebook Page)၌ အလုပ်ခေါ်စာမှတဆင့် အလုပ်ရှာဖွေပေးရန်အတွက် ငွေအရင်လွှဲပေးရမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှု အသစ်ပေါ်ထွန်းနေသည် ဟု ကိုယ်တိုင်ကြုံတွေ့ဖူးသည့်...
သီပေါဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ညာခြေထောက်ပြတ် ဒဏ်ရာရ၊ အကူအညီလိုအပ်နေ
သျှမ်းပြည် သီပေါမြို့နယ်တွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ညာခြေထောက်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၂ ရက်) နေ့လယ် ၁၂ နာရီခန့်တွင် သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်မှ အသက်(၅၀)နှစ် ဝန်းကျင် ရှိ ဦးသန်းဝင်းဆိုသူသည် အလုပ်သွားလုပ်ရန် တုံစင့်ကျေးရွာနှင့် ကုံးစုံကျေးရွာအကြားတွင် ရောက်ရှိစဉ်...
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (KIO/KIA) ဌာနချုပ်လိုင်ဇာ ပြာကျသွားပြီဟု သတင်းအမှားဖြန့်
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/ KIA) ၏ဌာနာချုပ်ရှိရာ လိုင်ဇာမြို့သည် ပြာကျသွားပြီဟု ဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် နေပြည်တော်အကောင့်မှ “ လိုင်ဇာပြာကျ ပြီပြောတယ်။ ဒီအချိန်ကတော့တစ်လမ်းဘဲရှိတော့တာ။ မပခနဲ့နယ်မြေအားလုံးသေဆုံး၊ ကျရှုံးတဲ့အထိ အဖြစ်ခံမလား၊ မြစ်ကြီးနား-ရွှေဘိုထိပြာကျခံမလား..”ဟု ရုပ်သံတစ်ခုဖြင့် ဖြန့်ချိထားသည်။ ထိုဝါဒဖြန့်ချိပိုစ့်ကို ကြည့်ရှူ့သူပေါင်း ၉ ထောင်ကျော်ရှိသည်။...
နမ့်ဆန် TLEC ဆရာ/မ စွမ်းရည်မြှင့်သင်တန်းဆင်းပွဲသို့ AA ဒုစစ်ဦးစီးချုပ် တက်ရောက်
သျှမ်းပြည် နမ့်ဆန်မြို့တွင် တအာင်းပြည်ပညာရေးကောင်စီ (TLEC) ၏ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲသို့ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မေလ ၂၂ ရက်) တွင် နမ့်ဆန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် တအာင်းပြည်ပညာရေးကောင်စီ (TLEC)၏ တစ်လကြာ ဆရာ/မ စွမ်းရည်မြှင့်တင်ရေး...
နေ့စားအလုပ်ရှားပါးလာမှုကြောင့် ပင်လောင်းစစ်ရှောင်များ ရိက္ခာပြတ်လပ်မှုကြုံရနိုင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ စစ်ရှောင်များသည် လက်ရှိမှာ အလှူရှင်မရှိသကဲ့သို့ နေ့စားအလုပ်လည်း ရှားပါးလာသည့်အတွဥ် ရိက္ခာပြတ်လပ်မှု ကြုံတွေ့လာနိုင်ကြောင်း စစ်ဘေးရှောင်များထံ စုံစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းသို့ ရောက်လာသည့် ကရင်နီပြည်မှ စစ်ရှောင်များသည် အလှူရှင်များမရှိသည့်အတွက် ဝမ်းရေးကို နေ့စားဖြစ်သော ပြောင်းချိုး ၊ပန်းရံအလုပ်ဖြင့် ရုန်းကန်နေရပြီး၊ လက်ရှိမှာ အလုပ်အကိုင်ရှားပါးလာမှုကြောင့် မကြာခင် ရိက္ခာပြတ်လပ်မှုဖြစ်လာနိုင်ကြောင်း ပင်လောင်း စစ်ရှောင်များထံမှသိရသည်။ “လာတုန်းကတော့ ဆန်တွေယူလာတယ် ၊ရောက်လာတာ၃လရှိပြီ အလုပ်ကပုံမှန်မရှိတော့ အဆင်မပြေဘူး။ တစ်ခါတစ်လေ ဘုန်းကြီးကျောင်းကပိုလျှံတာတွေ ဘုန်းကြီးက စွန့်ပေးတယ်”ဟု စစ်ရှောင်အမျိုးသားတစ်ဦး က ဆိုသည်။ စစ်ရှောင်အများအပြားသည် ဘုန်းကြီးကျောင်းတွင် နေထိုင်ကြပြီး တစ်ချို့သော ငွေကြေးတတ်နိုင်သူများသည်ရွာထဲမှ မြေကွက်ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဖြင့် နေထိုင်နေကြောင်း သိရသည်။ ပင်လောင်းဒေသခံအမျိုးသားတစ်ဦးကလည်း “ လက်နက်ကြီးတွေနဲ့ ရွာထဲကိုပစ်လို့ ထွက်ပြေးရတယ် ညညဆို ဂျက်ဖိုက်တာတွေ ဘာတွေနဲ့ ပစ်လို့ ရွာမှာမနေရဲကြလို့ ထွက်ပြေးလာတာ ဒီမှာလည်း စိုက်ပျိုးစားသောက်လို့လည်း မရတော့ နောက်ဆို အငတ်ပြဿနာတွေနဲ့ ကြုံတွေ့နိုင်တယ်”ဟုဆိုသည်။ စစ်ပြေးရှောင်စခန်းများတွင် လက်ရှိစစ်ရှောင်ဦးရေ ခုနစ်ထောင်ကျော် (၇၀၀၀ကျော်) ရှိပြီး စားနပ်ရိက္ခာများ လိုအပ်နေကြောင်းသိရသည်။ ထို့အပြင် နမ့်ဟူးကျောင်းတိုက် ၊ ထီဗွာရွာ ၊ ကုန်းတုန်ရွာ ၊ စာကရွာ တို့တွင် နေထိုင်သော စစ်ဘေးရှောင်ဦးရေ စုစုပေါင်း (၃)ရာကျော်ရှိကြောင်း သိရသည်။ ပင်လောင်းတောင်ဘက်တိုက်ပွဲတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူများ၏နေအိမ်များနှင့် ဘာသာရေး အဆောက်အအုံများပျက်စီးနေကြောင်းသိရသည်။ အလုပ်သင် သတင်းထောက် နန်းလောဝ်ငင်း ရေးသားသည်။
တိုက်ပွဲကြောင့် ပျက်စီးသွားသည့် မဲနယ်တောင်ဒေသ နေအိမ်များ ကိုယ်ထူ၊ကိုယ်ထ ပြန်ဆောက်ရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင် ဒေသတွင် တိုက်ပွဲကြောင့်ပျက်စီးသွားသည့် နေအိမ်များကို ပြည်သူများက ကိုယ်ထူ၊ကိုယ်ထ နည်းစနစ်ဖြင့် ပြန်ဆောက်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO ) နှင့်...
စစ်ရှုံး စစ်ကောင်စီတပ် အတွဲလိုက်ဒုံးများ ထုတ်သုံး၊ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှု တရုတ် ပစ်ခတ်သတိပေး
SHAN -
ကချင်ပြည်နယ်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က ယမန်နေ့ (မေလ ၂၁ ရက်) ညပိုင်းက ဝိုင်းမော်မြို့နယ်သို့ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ပြီး KIA/KIO ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီး တိုက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ တရုတ်ဘက်မှ ပြန်လှန် သတိပေး ပစ်ခတ်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ဝိုင်းမော်မြို့နယ်၊...
SHAN -
“ကင်ဆာကဲ့သို့ ဆိုးဝါးလှသည့် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်နိုင်မှသာ နှစ်ရာချီ တည်တံ့သည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည် ဖြစ်သည်” “ရလဒ်ထွက်ပေါ်လေ့ မရှိသည့် နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် တော်လှန်ရေး ပြိုကွဲလေ့ရှိပြီး ဖက်ဆစ်တပ်ကမူ အင်အားပိုကြီးလာလေ့ရှိသည်မှာ သမိုင်းက သက်သေဖြစ်သည်။ ဖက်ဆစ်တပ်သည် သွေးစုတ်ဖုတ်ကောင်နှင့် တူပေစွ” စူးရှတောက်ပသည့် နေရောင်ခြည်အောက်ဝယ် အရာရာသည် တိတ်ဆိတ်နေသယောင်။...





