ရေတိုက်စားမှုကြောင့် ကျောက်မဲ- သီပေါကြား ကျင်သီ ယာယီတံတား သွားလာရန်ခက်ခဲ
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့ကြားရှိ ကျင်သီယာယီတံတားသည် ချောင်းရေတိုက်စားမှုကြောင့် ဖြတ်သန်းသွားလာရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ မေလ ၂၆ ရက်မှ စတင်ပြီး ကျောက်မဲမြို့နှင့် သီပေါမြို့ကြားရှိ ကျင်သီယာယီတံတားတွင် ချောင်းရေကြီးပြီး တိုက်စားခံရမှုကြောင့် တံတားထောက်တိုင် ပျက်စီး၍ ခရီးသည်တင်ကားများနှင့် ပြည်သူများ သွားလာရန် ခက်ခဲနေကြောင်း ကျောက်မဲ-လားရှိုး ခရီးစဉ်...
အင်းလေး စက်လှေလုပ်သားများ စားဝတ်နေရေးပိုကြပ်တည်းလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသတွင် စက်လှေမောင်းလုပ်ငန်း လုပ်ကိုင်နေသော ဒေသခံများ စားဝတ်နေရေး ပိုကြပ်တည်းလာပြီး ရရာအလုပ်များလုပ်ကိုင်နေရကြောင်း စုံစမ်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်မှုများရှိခဲ့သော်လည်း လက်ရှိ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက်တွင် ခရီးသွားများသည် ယခင်ကထက် ၇၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း လာရောက် လည်ပတ်သူများထဲသူ လူငယ်များမပါဝင်တော့ကြောင်း စက်လှေသမားများက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့ကြောင့်...
နမ့်ခမ်း TNLA က SSPP တပ်သားများကို ကားတင်ပြီး မူဆယ်ဘက် ပို့ဆောင်
သျှမ်းပြည် နမ့်ခမ်းမြို့နယ် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများကို လက်နက်ကိုင်ဆောင်ခွင့်မပြုဘဲ ကားတင်ပြီး မူဆယ်ဘက်သို့ ပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နံနက် ၉ နာရီခန့်မှ စတင်ပြီး နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကမ်းဘေးရှိ...
နမ့်ခမ်းမြို့ အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦး ပစ္စည်းသွားပို့စဉ် သေနတ်ပစ်ခံရ
သျှမ်းပြည် နမ့်ခမ်းမြို့တွင် အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦးသည် မြို့တွင်းသို့ ပစ္စည်းသွားပို့စဉ် အမည်မသိ လက်နက်ကိုင်ဆောင်သည့် အဖွဲ့၏ သေနတ်ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၆ ရက်) ည ၈ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့၊ ကောင်းနောင်မိုရပ်ကွက်သို့ အွန်လိုင်းဈေးရောင်းသည့် လင်မယားနှစ်ဦး ပစ္စည်းပို့ရန် သွားရောက်စဉ်...
ငှက်ပျောခြံ အလုပ်သမားများကို KIA ပြန်လွှတ်ပေး
ကချင်ပြည်၊ ဝိုင်းမော်မြို့ ဒေသခံ ငှက်ပျောခြံ အလုပ်သမားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လွှတ်ပေးကြောင်း သတင်းရင်းမြစ်များက ယနေ့ (မေလ ၂၇ ရက်) တွင်ပြောသည်။ ကချင်လွတ်လပ်ရေး တပ်မတော်-KIA က ဝိုင်းမော်မြို့နယ်၊ ဘီဒရာရွာ၌ ထိန်းသိမ်းထားသည့် အဆိုပါ အလုပ်သမားနှင့် စစ်တပ်မိသားစုဝင်များကို...
စစ်ကောင်စီလေကြောင်းနေ့စဉ်ပျံသန်း ပင်လောင်စစ်ရှောင်နေရာထပ်မံရွှေ့ပြောင်းရန် ကြိုးစားနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် နေ့စဥ်ပျံ့သန်းမှုကြောင့် စစ်ရှောင်များ နေရာထပ်မံရွှေ့ပြောင်းရန် ကြိုးစားနေကြကြောင်း စုံစမ်းသိရသည်။ ထို့ကြောင့် စစ်ရှောင်များသည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ မှတဆင့် တောင်ကြီးမြို့ပေါ်သို့ ထပ်မံပြောင်းရွှေ့ရန် ကြိုးစားနေသော်လည်း စစ်ကောင်စီဘက်မှ ဆောင်းပြောင်း-တောင်ကြီးလမ်းကြောကို ပိတ်ထားသဖြင့် အခက်အခဲများဖြစ်နေကြောင်း ဆောင်းပြောင်းကျေးရွာမှ စစ်ရှောင်...
မိုင်းငေါ့ မြို့ဝင်ဆိုင်းဘုတ် မူရင်း သျှမ်းဘာသာနှင့် နောက်တစ်ဘက်တွင် တအာင်း(ပလောင်)စာ ထပ်ဖြည့်
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့တွင် သျှမ်းဘာသာဖြင့် ရေးသားထားသည့် မြို့ဝင်ဆိုင်းဘုတ်တွင် မူရင်းအတိုင်း ဆက်ရှိနေပြီး နောက်တစ်ဘက်တွင် မြန်မာစာနှင့်အတူ တအာင်း(ပလောင်)စာကို ထပ်မံဖြည့်ထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို့တွင် ယခင်က မြို့စည်ပင်သာယာရေးအဖွဲ့မှ ပြုလုပ်ထားသည့် မြို့ဝင်ဆိုင်းဘုတ်ကို မေလ တတိယပတ်အတွင်းက...
ဆီဆိုင်မြို့တွင် ပျောက်ဆုံးသွားသည့် လူငယ် ၃ ဦး အလောင်းပြန်တွေ့
သျှမ်းပြည် ဆီဆိုင်မြို့တွင် ပစ္စည်းပြန်သယ်ယူရန် ပျောက်ဆုံးသွားသည့် လူငယ် ၃ ဦးသည် လေးလကျော်ကြာမှ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လူငယ်(၃)ဦး၏ အလောင်းကို ပြီးခဲ့သည့် မေလ ၂၁ ရက်တွင် ဆီဆိုင်မြို့ နယ်မြေ (၃)၊ ဟိုခဲရပ်ကွက် အနောက်ဘက်ခြမ်း၌ တွေ့ရှိခဲ့ပြီး အလောင်များကို...
ပင်လောင်းစစ်ရှောင်များ အမိုးအကာလိုအပ်နေ
ပင်လောင်းမြို့နယ်တွင် မိုးကြီးလေးပြင်းတိုက်ခက်ခဲ့မှုကြောင့် စစ်ဘေးရှောင်စခန်းမှ အမိုးအကာများပျက်စီးသဖြင့် အကူအညီလိုအပ်နေကြောင်း သိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်စခန်းရှိသည့် နောင်တရား၊နောင်ခါ၊ ဆောင်းခါး၊ ပင်ခွန် စသည့်နေရာအချို့တွင် ပြီးခဲ့သည့် မေလ ၁၇ ရက်နှင့် ၁၉ ရက်က မိုးကြီးပြင်းတိုက်ခက်မှကြောင့် အမိုးအကာများပျက်စီးသွားသဖြင့် အမိုးအကာလိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက...
SHAN -
ထောင်ချခံထားရသည့် သျှမ်းပြည်၊ တောင်ကြီးမြို့ အအခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမိုး အပါအဝင် စစ်ဗိုလ်ချုပ် ၅ ဦး၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ် သိမ်းဆည်းလိုက်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (မေလ ၂၅ ရက်) တွင် ပြောသည်။ တရုတ်နိုင်ငံ၊ ကူမင်းမြို့...





