ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့် စစ်ကောင်စီပြန်မလွှတ်သေး

သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာမှ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး တစ်ပတ်ကြာသည့် အထိ ပြန်လွှတ်လာခြင်းမကြားရသေးကြ PNLO ဘက်ကပြောသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၅၉ ဦးကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားပြီး ကျေးရွာရှိခန်းမ၌ ထိန်းသိမ်းထားခြင်းဖြစ်သည်။

“အဲ့ဒီဒေသခံတွေတော့ ပြန်လွှတ်မြောက်လာတာမျိုးလည်း ကျနော်တို့မကြားရသေးဘူး။ ဘယ်လိုမျိုး အခြေအနေရှိလဲ ဆိုတာကို ကျနော်တို့လည်း ဆက်လက်စုံစမ်းနေတယ်။ အခုက တောထဲမှာကျန်နေတဲ့သူတွေ ကိုလည်း ပြန်လာကြဖို့၊ အကုန်လုံးပြန်လာမှ လွှတ်ပေးမယ်ဆိုတဲ့ ပုံစံမျိုးတော့တွေ့နေရတာ။ တိမ်းရှောင်နေတဲ့သူတွေ အကုန်လုံး ပြန်လာနေကြဖို့ ခြိမ်းခြောက်၊ အကြပ်ကိုင်နေတာမျိုးတော့ရှိတယ်” ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။ 

ဆီဆိုင်မြို့နယ် စစ်ရှောင်များ

ဖမ်းဆီးခံရသူ ၅၉ ဦးအနက် ဦးရေ တစ်ဝက်မှာ အမျိုးသမီးများဖြစ်ကြပြီး မည်သို့ နေထိုင်စားသောက်နေရသည့် အခြေအနေ အသေးစိတ်ကိုမသိရှိရကြောင်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီသည် ရွာသားကို အတင်းနေရပ်ပြန်ခိုင်းနေသည်မှာ ဒေသခံများကို ဓားစာခံ၊ ဒိုင်းကာအဖြစ် အသုံးချရန်အကွက်ဆင်နေကြောင်း PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆက်ပြောသည်။ 

“သူတို့ရှိနေတဲ့အခါကျတော့ ရွာသားတွေလည်း မပြန်ရဲဘူး။ စစ်ကောင်စီရဲ့ အကျင့်တွေက တစ်နိုင်ငံလုံးသိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ စစ်ကောင်စီကတော့ ဒေသခံပြည်သူလူထုကို အတင်းပြန်ခိုင်းတယ်။ အဓိက တစ်ခုခုဖြစ်လာပြီဆိုရင်လည်း လူထုကိုကာဗာလုပ်လို့ရအောင်၊ လူသားဒိုင်းလုပ်လို့ရအောင် ဆိုတဲ့အကွက်လေးပုံစံတွေ့နေရတယ်”ဟု ခွန်ရိန်းယံက ထပ်လောင်းပြောသည်။ 

ပြီးခဲ့သည့် မေလ ၆ ရက်တွင်လည်း ရေဖြူရွာက အမျိုးသမီးအပါအဝင် ဒေသခံ ၉ ဦးကို လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

အလားတူ ဇွန်လ ၂ ရက်တွင် ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဦးဂျော့လောင် (ခ) ဖြူးစွူးကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO တို့က ဖမ်းဆီးသွားပြီး ပန်တိုင်းကျေးရွာအနီး၌ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...