ဆီဆိုင် မီးလောင် နေအိမ်ထောက်ပံ့ကြေး စစ်ကောင်စီ ဘက်တော်သားနှင့် နီးစပ်သူသာရရှိ

သျှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် တိုက်ပွဲများကြောင့်မီးလောင်ပျက်စီးခဲ့ရသည့်နေအိမ်များအတွက် ထောက်ပံ့ကြေးကို စစ်ကောင်စီ ဘက်တော်သားများနှင့် နီးစပ်သူများသာ ရရှိကြောင်း မြို့ခံတစ်ဦးက ယနေ့ (ဇွန် ၁၈)ရက်တွင် ပြောသည်။

စစ်ကောင်စီဘက်တော်သားများဖြစ်ကြသည့် စစ်ကောင်စီအသိုင်းအဝိုင်း နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်ဖွဲ့တို့ နှင့် နီးစပ်သူများသာ ရရှိကြသည်။

ထိုမီးလောင်းသွားသည့် နေအိမ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ၌ စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO ) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLAတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ် ၁၅၀ လုံး မီးလောင်ပျက်စီးခဲ့သည်။

လက်ရှိမှာ စစ်ကောင်စီနှင့် PNO တပ်ဖွဲ့က မီးလောင်သွားပြီး နေအိမ်တစ်ခုလုံး ပျက်စီးသွားလျှင် ကျပ်ငွေ ဆယ်သိန်း (၁၀ သိန်း) ၊ မီးလောင်းပြီး နေအိမ်တစ်ဝက်သာ ပျက်စီးပါက ကျပ်ငွေ ခုနစ်သိန်း (၇သိန်း) ၊ကျည်စ ထိမှန်သည့် နေအိမ်များကို ကျပ်ငွေ နှစ်သိန်း (၂သိန်း) စသည့် စျေးနှုန်းများ သတ်မှတ်ခဲ့ကြောင်း ဇွန် ပထမပတ်တွင် စတင်ပေးအပ်ခဲ့သည် ဟု စစ်ကောင်စီဘက်မှ ထုတ်ပြန်ခဲ့သည်။

သို့သော် မြေပြင်ရှိ သာမာန်အရပ်သာပြည်သူပြည်သားများကမရရှိကြပေ၊ နီးစပ်သည့် သူများသာ ရရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဆီဆိုင်မြို့နယ် အပျက်အစီး

“ကျမတို့က နေအိမ်လုံးလုံး ပျက်စီးသွားတယ်။ထောက်ပံ့ကြေးမရဘူး။ ရေခွက်တစ်ခွက်၊ဗုံးတစ်လုံး၊ပန်ကန်တစ်ချပ် ၊မိုးကာသေးသေးလေးတစ်ထည် ၊ခေါက်ဆွဲ ၃ထုတ်၊ငါးသေတ္တာနှစ်ဗူး အဲဒါပဲရတယ်။ ကျန်တာမရဘူး။ကျမတို့ အိမ်နီးနားကလူတွေလည်းမရဘူး။ပိုက်ဆံရတယ်ပြောကြလို့ လိုက်မေးနေတာ စစ်ကောင်စီ၊PNOတွေနဲ့ ပက်သက်တဲ့လူတွေဘဲ ရတာ”ဟု ဆီဆိုင်မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များမှ ပြည်သူများတင်ပြလာသည့် နေအိမ်ပျက်စီးဆုံးရှုံးမှု အခြေအနေများကို စစ်ဆေးပြီး ထောက်ပံ့ကြေးပေးအပ်သည်ကို ပထတစ်ကြိမ်သိန်း၄၆၀၊ဒုတိယတစ်ကြိမ်၃၉၆၁သိန်း စုစုပေါင်းသိန်း၄၅၀၀နီးပါး ထောက်ပံ့ခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။

စစ်ကောင်စီမှပေးအပ်သည့်ထောက်ပံ့ငွေကြေးများမှာ သာမာန်ပြည်သူများ မရရှိသည့်အပြင် ဆီဆိုင်မြို့ထဲ ပြန်လာနေသော ပြည်သူအများစုသည် နေအိမ်ပျက်စီးကြသဖြင့် နေထိုင်ရေးအခက်အခဲရှိနေကြပြီး စီးပွားရေးလုပ်ငန်းများလည်း ပြန်လည်စတင်ရန်လည်း အခက်အခဲများစွာရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...