TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ် တရုတ်ဈေးသစ်စီမံကိန်း ဖော်ဆောင်နေ

သျှမ်းပြည်မြောက်ပိုင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ရှိ အမှတ်(၂)စျေးကို တရုတ်ဘာသာဖြင့်‌ ရေးသားထားသည့် ဈေးသစ်စီမံကိန်းအသစ်ကို ဖော်ဆောင်နေကြောင်း သတင်းရရှိသည်။

တအာင်း(ပလောင်)တပ်ဖွဲ့ TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်တွင် တည်ရှိသော အမှတ်(၂) စျေးကို တရုတ်ဘာသာဖြင့် ရေးသားထားသည့် ဈေးသစ်စီမံကိန်း အကောင်အထည်ဖော်ရန် လုပ်ဆောင်နေကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကြော်ငြာဗွီနိုင်းပေါ်တွင် ရေးသားထားသည့် တရုတ်စာများသည် “တရုတ်မြို့သစ်” ဆိုသည့် နာမည်ဖြင့် ဈေးအသစ်ကို ပြန်လည်တည်ဆောက်သွားမည့် စီမံကိန်းဖြစ်ကာ၊ မည့်သည့် အချိန်တွင် စတင် ဆောင်ရွက်သွားမည်ကို မသိရသည့်အပြင် ဆိုင်ခန်းများကို တရုတ်ကုမ္ပဏီများကို ငှားရမ်းပေးထားကြောင်း သိရသည်။

အဆိုပါ ဆိုင်ခန်းငှားရမ်းသည့်ကိစ္စကို ပြီးခဲ့သည် ဇွန်လ ၁၃ ရက်တွင် TNLA ဘက်မှ အစည်းအဝေးခေါ်ခဲ့ကာ ဈေးအသစ် တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့ပြီး လက်ရှိရောင်းချနေသည့် ဈေးဆိုင်ခန်းပိုင်ရှင်များ၊ ဒေသခံများနှင့် ညှိနှိုင်းမှုမရှိခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

“သူတို့အဲ့ဈေးကို ငှားပေးလိုက်တယ်လို့ ပြောတယ်၊ ဒါက ဖြစ်နိုင်မလားပေါ့။ ပြီးတော့ အဲ့နေရာကို အသစ်ပြန်ဆောက်ပေးမလို့တဲ့။ ပတ်ပတ်လည် ၂ ထပ်ဆောင် ဆောက်ပေးမှာတဲ့။ အထဲမှာ အပြည့်အစုံပါအောင် ဆောက်မှာ။ တကယ်လို့ဆောက်ပြီးရင် ပိုင်ရှင်အနေနဲ့ အဲ့နေရာကို ပြန်ဝယ်ရမှာတဲ့၊ ဘာသဘောလဲတော့ မသိဘူး။ ပိုင်ရှင်အနေနဲ့ ကိုယ့်နေရာကို သိန်း ရာကျော်ပေးပြီး ပြန်ဝယ်ရမယ်တဲ့၊ အဲဒါနဲ့ ပြီးသွားတာပဲ”ဟု နမ့်ခမ်းမြို့မှ ၎င်းဆိုင်ခန်းပိုင်ရှင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ ဈေးအသစ် တည်ဆောက်ရန်အတွက် မူလဆိုင်ခန်းပိုင်ရှင်များကို လျော်ကြေးအဖြစ် ပြန်လည်ပေးဆောင်ရန် ပြောဆိုခြင်းမရှိသည့်အပြင် တည်ဆောက်ပြီးလျှင် ဆိုင်ခန်းပိုင်ရှင်များအနေဖြင့် အခန်းသစ် ပြန်လည်ဝယ်ယူရမည်ဟု အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်းလည်း တက်ရောက်ခဲ့သူများထံမှ သိရသည်။

ထို ဆိုင်ခန်းများကို တစ်နှစ်လျှင် တရုတ်ယွမ်ငွေ သိန်းနှင့်ချီ ပြန်လည်ငှားရမ်းပေးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ဆက်ပြောသည်။

TNLA ဘက်မှ ငှားရမ်းလုပ်ကိုင်ခွင့် ချထားပေးလိုက်သည့် တရုတ်များသည် ကိုးကန့်၊ ပန်ဆိုင်း ဘက်မှလာသည့် တရုတ်နှင့် တရုတ်နိုင်ငံတွင်းမှ တရုတ်များလည်း ပါဝင်ကြောင်း နမ့်ခမ်းမြို့တွင် ဆောက်လုပ်မည့် ဈေးသစ်စီမံကိန်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ငှားပေးလိုက်တာတော့ တရုတ်ကို ငှားပေးလိုက်တာပေါ့။ ကျနော်တို့ ကားနံပါတ်ကို လိုက်ကြည့်တာတော့ တရုတ်တွေက ကိုးကန်တို့ ပန်ဆိုင်းတို့ဘက်က လာတာ။ တရုတ်နိုင်ငံဘက်က လာတဲ့ တရုတ်တွေလည်းရှိတယ်။ အခုတော့ လာဆောက်တာတော့ မရှိသေးဘူး။ ပြီးတော့ သူတို့တရုတ်ကို ငှားပေးထားတာကိုလည်း ငှားရမ်းခအနေနဲ့ တစ်နှစ်ကို ယွမ်သိန်းချီနဲ့ ပြန်ငှားစားပေးတယ်”ဟု ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

အခုအသစ်လာတည်ဆောက်မည့် “တရုတ်မြို့သစ် ဈေးကြီး” စီမံကိန်းကို တရုတ်ငွေ ယွမ်သိန်း ၁၅၀ အသုံးပြုပြီး တိုက်ခန်းအဖြစ် တည်ဆောက်သွားမည့် ပုံစံကို တရုတ်စာဖြင့် ရေးသားထားပြီး နမူနာပုံ ပြသထားကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

နမ့်ခမ်းမြို့တွင် ဈေးအသစ်ဆောက်သွားမည့် ကိစ္စနှင့် ပတ်သတ်၍ တရုတ်မြို့သစ် နာမည်ဖြင့် ဈေးသစ်စီမံကိန်းကိစ္စကို TNLA ၏ ပြောရေးဆိုခွင့်ရှိသူထံ သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိပေ။

ထိုအမှတ်၂ ဈေးကို တည်ဆောက်ပြီးသွားလျှင် KTV၊ ချွေးထုတ်ခန်း ၊ အသားစိမ်း ၊ ဟင်းသီးဟင်းရွက် စသည့် ကုန်ပစ္စည်းအရောင်းဆိုင်များကို ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့ရှိ အမှတ် ၂ ဈေးကို ယခင်ပြည်သူ့အစိုးရ လက်ထက်တွင်လည်း တရုတ်စီမံကိန်းနှင့် တရုတ်ဈေးသစ်ကြီးကို တည်ဆောက်ရန် လုပ်ဆောင်ခဲ့ဖူးပြီး ပြည်သူများက စုပေါင်းကန့်ကွက်ခဲ့သည့်အတွက် စီမံကိန်းမအောင်မြင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် “၁၀၂၇ စစ်ဆင်ရေး” အပစ်ရပ်ပြီးနောက် နမ့်ခမ်းမြို့ကို ထိန်းချုပ်ထားသည့် TNLA ဘက်မှ စီးပွားရေးများ ပိုမိုချဲ့ထွင် လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...