မလေးရှားနိုင်ငံမှတဆင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ Starlink မြန်နှုန်းမြင့်အင်တာနက်စက်များ သယ်ယူရန်ကြိုးစားသည့် တရုတ်စကားတမျိုးတည်းတာပြောတက်ပြီး မြန်မာပတ်စ်ပို့် ကိုင်ဆောင်ထားသူ တစ်ဦးအား ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင်ဖမ်းမိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက် ညနေ ၆ နာရီခန့် ထိုင်း-မြန်မာနယ်စပ် နယ်စပ်ဂိတ်ပိတ်ခါနီးအချိန်တွင် မယ်ဆိုင်မြို့နယ်၊ နယ်စပ်စစ်ဆေးရေးဂိတ် အမှတ် (၁) တွင် မယ်ဆိုင်အကောက်ခွန်၊ ချင်းရိုင် လဝက နှင့် စစ်ဆေးရေးပူးပေါင်း အထူးတပ်ဖွဲ့မှ သံသယဖြစ်ဖွယ် ခရီးသွားတဉီး၏ ခရီးဆောင်အိတ်များကို စစ်ဆေးခဲ့ပြီး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမှုမှ မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကိုင်ဆောင်ထားသူ အသက် ၃၁ နှစ်အရွယ် မစ္စတာ ဝူဝမ်၏ ခရီးဆောင်အိတ်အတွင်းမှ အသုံးပြုပြီးသား Starlink ဂြိုလ်တုအင်တာနက်စက် ၂ လုံးကို သိမ်းဆည်းရမိခဲ့သည်။
၎င်းအမျိုးသားသည် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသော်လည်း မြန်မာနှင့် ထိုင်းဘာသာစကားတို့ကို ပြောဆိုနိုင်ခြင်းမရှိဘဲ တရုတ်ဘာသာစကားတစ်ခုကိုသာ ပြောဆိုနိုင်သည့််အတွက််် စကားပြန်မှတဆင့် စစ်ဆေးမေးမြန်းမှုအားပြုလုပ်ခဲ့ရသည်။
၎င်း၏ထွက်ဆိုချက်အရ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ တဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်သို့ လေကြောင်းဖြင့် ဝင်ရောက်လာခဲ့ပြီး မယ်ဆိုင်မှတဆင့် နယ်စပ်ဖြတ်ကာ ၎င်း Starlink အင်တာနက်စက်များကို သယ်ဆောင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ထို့အပြင် ထိုသို့ ဂြိုလ်တုစက်ပစ္စည်းများတင်သွင်းရာတွင် အကောက်ခွန် ကြေညာရမည်ကို မသိရှိခဲ့ကြောင်း ထွက်ဆိုထားသည်။
လက်ရှိတွင် အကောက်ခွန်ကြေညာခြင်းမရှိဘဲ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများ သယ်ဆောင်လာမှုဖြင့် ၂၀၁၇ ခုနှစ် အကောက်ခွန် ဥပဒေအရ တရားစွဲဆိုထားပြီး သံသယရှိသူနှင့် စက်ပစ္စည်းများကို မယ်ဆိုင်မြို့နယ် ရဲစခန်းသို့ လွဲပြောင်းထားကြောင်း သိရသည်။
ကိုးကား – MAESAIPRESS













Leave a Comments