လားရှိုးမြို့ နိုင်ငံကူးလက်မှတ် ကို ၁၀ သိန်းအထက်ဈေးပေါက်

သျှမ်းပြည် မြောက်ဘက် လားရှိုးမြို့ တွင် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာ၌ ၁၀ သိန်းအထက် ဈေးပေါက်နေကြောင်း ပြည်သူများက ပြောသည်။

လားရှိုးမြို့ နိုင်ငံကူးလက်မှတ် ကို ၁၀ သိန်းအထက်ဈေးပေါက်

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပထွက် အလုပ်လုပ် မည့်သူ များပြားလာသဖြင့် နိုင်ငံကူးလက်မှတ်များကို အလုအယက်ပြုလုပ်နေကြသည်။

ထို့ကြောင့်လားရှိုးမြို့ပေါ်တွင် နိုင်ငံကူးလက်မှတ်များကို ပွဲစားများနှင့် ပြုလုပ်ရာတွင် ၁၀ သိန်းမှ ၁၆ သိန်းကြားရှိကြောင်း သိရသည်။

“ကိုယ်တိုင်သွားလုပ်ရင် အများကြီးမကုန်ဘူး။ လူတွေကမြန်လိုအပ်တာနဲ့ အရေးပေါ် လိုအပ်နေတာကြောင့် ပွဲစားငှားပြီး လုပ်ကြတာ” ဟု လားရှိုးမြို့ နိုင်ငံကူးလက်မှတ်သွားလုပ်သည့် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုင်ငံကူးလက်မှတ်ကို ပွဲစားနှင့် ပြုလုပ်ပါက ရက်တပတ်ကြာပြီး ကိုယ်တိုင်သွားရောက်ပြုလုပ်ပါက လချီကြာကြောင်း သိရသည်။

ထို့ပြင် သျှမ်းပြည် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ပါက မြန်မာကျပ်ငွေ ၂သိန်းခွဲ မှ ၄သိန်းခွဲကြား ရှိကြောင်း နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် ပွဲစားအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆက်ကလက်ပြီး ကျိုင်းတုံမြို့တွင် နိုင်ငံကူးလက်မှတ်ကို ကိုယ်တိုင်သွားရောက်ပြုလုပ်ရသဖြင့် မြန်မာကျပ်ငွေ တစ်သိန်းခွဲသာ ကုန်ကျကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

သျှမ်းပြည်အတွင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် နေရာများမှာ တောင်ကြီး၊ လားရှိုး၊ တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ပညာရေး နှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်သူများသည် ပြည်ပသို့ထွက်ခွာပြီး အလုပ်လုပ်ကြသည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်တွင် နှစ်သစ်ကူးရုံးပိတ်ရက် အဖြစ် စတင်ပိတ်ခဲ့ပြီး ပုံမှန်ရုံးဖွင့်ရက် ၂၀၂၃ ဇန်နဝါရီ ၂ရက်တွင် ပြန်မဖွင်ဘဲ ယာယီပိတ်ကြောင်း ကြေညာလိုက်သည်။

ထို့နောက် နိုင်ငံကူးလက်မှတ် Passport လျှောက်ရန် Online မှ QR code ရယူပြီးမှသာ ရက်ချိန်းရယူလျှောက်ထားနိုင်သဖြင့် ပြည်သူများက အလုပ်ရှုပ်ထွေးမှု နားမလည်မှုကြောင့် ပွဲစားများဖြင့်သာ ပြုလုပ်လာရခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...