စက္ကူမလောက်သည့် အကြောင်းပြချက်ဖြင့် Passport ရုံးပိတ်ဆိုင်း

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများသည် ပြည်ပထွက်ခွာမှု များပြားလာသည့်အတွက် စစ်ကောင်စီမှ နိုင်ငံခြားလက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်ရသည့် အဆင့်ထိ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး

လက်ရှိတွင် မြန်မာတဝှမ်းနည်းတူ သျှမ်းပြည်တွင် ပြုလုပ်နေသည့် နိုင်ငံကူးလက်မှတ် (Passport ) ထုတ်ဝေမှုကိုလည်း စက္ကူမလုံလောက်မှုကြောင့် ပိတ်သိမ်းထားသည်ဟု အကြောင်းပြချက်ဖြင့် Passport ရုံးဝန်ထမ်းများက ပြောဆိုသည်။

အဆိုပါ ပိတ်ဆိုင်းမှုသည် ဇန်နဝါရီ ၂ ရက် မှစပြီး (၃)ပတ်ကြာထိ ပိတ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံကူး လက်မှတ်ရုံးများတွင် System အဆင့်မြင့်တင် ဆောင်ရွက်မည်ဖြစ်သဖြင့် ခေတ္တပိတ်ဆိုင်းရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ ပိတ်လိုက်တာကတော့ ၂ ရက်နေ့ကနေ စပိတ်လိုက်တာ။ ၃ ပတ် လောက်ပိတ်သွားမယ်တဲ့။ စာအုပ်လုပ်ဖို့ စက္ကူတွေ မလောက်လို့ ပိတ်လိုက်ရတာတဲ့။ လုပ်တဲ့သူတွေ အရမ်းများတော့ စက္ကူတွေ မလောက်တော့လို့ ပိတ်လိုက်တာ” ဟု တောင်ကြီးမြို့ Passport လုပ်ပေးနေသည့် အမျိုးသားက ပြောသည်။

လက်ရှိ သျှမ်းပြည်အတွင်း တောင်ကြီးမြို့ ၊ လားရှိုးမြို့ နှင့် ကျိုင်းတုံမြို့ရှိ Passport ရုံး အားလုံးကို ပိတ်ထားပြီး အဆိုပါ ရုံးများကို ဇန်နဝါရီ ၅ ရက်နေ့ ပြန်ဖွင့်သွားမည်ဟု ထွက်ပေါ်လာသည့် သတင်းသည် ကောလဟာလ ဖြစ်ကြောင်း Passport ပြုလုပ်ပေးသည့် အမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားထွက်ခွာလာသူ များပြားလာပြီး ၂၀၂၂ ခုနှစ်တွင် ထွက်ခွာလာသူမှ လူငယ်အများစု ဖြစ်ကြောင်း သိရသည်။

ထိုအပြင် အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးတွင် Passport လုပ်သူများပြားလာသည့်အတွက်ကြောင့် တစ်ရက်ကို ၁၃၀ ဦးသာ ထုတ်ပေးကြောင်း သိရသည်။

“ ဟိုအရင်ကဆိုရင် တစ်ရက်ကို လာလုပ်တဲ့သူ အများဆုံးဆို ၇၀ ထိပဲရှိတယ်။ အခုတော့ အရမ်းကိုများလာတယ်။ Passport ရုံးကနေ တစ်ရက်ကို ၁၃၀ ထိ ပဲ ထုတ်ပေးတော့တယ်။ အကန့်သတ်နဲ့ ထုတ်ပေးတာ။ နိုင်ငံခြားထွက်တဲ့ သူတွေလည်း လူငယ်တွေက ပိုများတယ်” ဟု ၎င်းက ပြောသည်။

အလားတူ လက်ရှိ နိုင်ငံခြားကို ထွက်ရန်စောင့်ဆိုင်းနေသည့် လူငယ်များကလည်း Passport လုပ်ရန် ငွေပေးထားရသည့်အတွက် Passport မရမှာကို စိုးရိမ်နေကြသည်။

“Passport လုပ်တာက ပွဲစားနဲ့လုပ်မှ အမြန်ရတာလေ။ အခုက Passport လုပ်ဖို့ ပွဲစားတွေကို ပိုက်ဆံပေးထားတယ်။ အခုလို ရုံးကလည်း ထပ်လာပိတ်တော့ အချိန်စောင့်ရတာ ကြာတာပေါ့။ မရလာမှာကိုလည်း စိတ်ပူရတယ်” ဟု Passport သွားရောက်လုပ်ထားသည့် ပင်လုံမြို့ လူငယ်တစ်ဦးက ပြောသည်။

နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ပြီး ပြည်ပနိုင်ငံသို့ လူငယ်အများထွက်ခွာ အလုပ်လုပ်နေမှုကြောင့် နောင်တချိန်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ ဖြစ်ပေါ်လာနိုင်သဖြင့် Passport ပြုလုပ်မှုကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီ အသိုင်းအဝန်းက သတင်းထွက်ပေါ်နေသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း စီးပွားရေး နှင့် နိုင်ငံရေးအခြေနေ မတည်ငြိမ်သောကြောင့် ပြည်သူတွေ နိုင်ငံခြားထွက်ပြီး အလုပ်သွားရောက်လုပ်ကိုင်သူ တစ်နေ့ထက်တစ်နေ့ ပိုများပြားလာသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...