ထီးချိုင့်၌ ပသုံးလုံးဂိုဏ်း သောင်းကျန်းနေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၌ အမျိုးသား ညီညွတ်ရေး အစိုးရ-NUG လက်အောက်ခံ ပသုံးလုံးဂိုဏ်း လက်နက် အားကိုးဖြင့် ဒေသခံ ပြည်သူလူထုကို အနိုင်ကျင့် သောင်းကျန်းနေကြောင်း ဒေသခံများက ယနေ့ (ဇွန်လ ၁၇ ရက်) တွင် ပြောသည်။

NUG ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) စသည့် ပသုံးလုံးဂိုဏ်း ဦးဆောင် ဖောက်လုပ်နေသည့် ဆူးပုံချောင်-အင်းတိန် ကားလမ်းသစ်ကို ယမန်နေ့ မနက်ပိုင်းက ကန့်ကွက် ဆန္ဒပြရာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

“အင်းတိန်ရွာထိပ်မှာ ဆန္ဒပြတဲ့အချိန် လက်နက်ကိုင်ထားတဲ့ ပသုံးလုံး အဖွဲ့တွေ ဝိုင်းဖမ်းတာ။ တချို့မိသွားတယ်။ သူတို့ (ပသုံးလုံး) လည်း စစ်တပ်လို ဖြစ်နေပြီ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးမှု အတွင်း ဒေသခံ အချို့ ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

မြစ်ကြီးနား-မန္တလေး လမ်းနှင့် ချိတ်ဆက်ရန်ဟု ဆိုကာ အကျယ် ပေ ၃၀၊ အရှည်တစ်မိုင်ရှိ ဆူးပုံချောင်-အင်းတိန် လမ်းသစ် ဖောက်လုပ်ရာ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများပေါ် ဖြတ်သန်း ဖောက်လုပ်နေသည်။

အဆိုပါလမ်းကို ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့က စတင်ဖောက်လုပ်ရာ ယင်းနေ့မှ ဒေသခံများကို အစည်းအဝေး ခေါ်ယူ အသိပေးခြင်းဖြစ်ပြီး ဒေသခံများက ကန့်ကွက်သဖြင့် လူငယ် ၂ ဦး ဖမ်းဆီးခံခဲ့ရသေးသည်ဟု ဒေသခံများက ဆိုသည်။

ဒေသဖွံ့ဖြိုးရေး ခေါင်းစဥ်တပ်ထားသည့် အဆိုပါလမ်း အတွက် ဒေသခံ မြေယာ ပိုင်ရှင်များကို လျှော်ကြေး ပေးသော်လည်း လက်မခံသဖြင့် လမ်းစတင်ဖောက်လုပ်ရာက ဆန္ဒပြမှု ဖြစ်ပွားလာကြောင်း ဖြစ်စဉ်းကို သိရှိသူ ဒေသခံ တစ်ဦးက ရှင်းပြသည်။

“လမ်းဟောင်းလည်းရှိတယ်။ အခု လမ်းသစ်လည်း ထပ်ဖောက်တယ် ဆိုတော့ ဘာကြောင့် လမ်းသစ် ဖောက်တယ်ဆိုတာ ရှင်းရှင်းမသိရဘူး။ ဒေသခံတွေကတော့ စိတ်ပျက်တာပေါ့။ အနိုင်ကျင့်တာကိုး” ဟု ၎င်းက ဆိုသည်။

အဆိုပါ အင်းတိန်ရွာသည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် အတွင်းက စစ်တပ် စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ပျက်စီးထားသည့် ရွာဖြစ်ပြီး လက်ရှိ ပသုံးလုံးဂိုဏ်း စိုးမိုးနယ်မြေ ဖြစ်သည်။

ပသုံးလုံးဂိုဏ်းဟု နာမည်ကျော်သည့် အဖွဲ့အစည်း သုံးခုကို NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ် က ဦးဆောင်နေပြီး လက်ရှိ NUG ထိန်းချုပ် နယ်မြေများတွင် ပြည်သူလူထုကို အနိုင်ကျင့် သဖြင့် နာမည်ဆိုးဖြင့် စတင် ကျော်ကြားနေပြီ ဖြစ်သည်။

ထို့အပြင် ဒေသတွင်း အခွန်အခ ကောက်ခံမှုများဖြင့်လည်း နာမည်ကြီးနေသည်။

တော်လှန်ရေး အစိုးရဟု ဆိုသည့် NUG သည် စစ်ကောင်စီကို တော်လှန်နေရာက ဂိုဏ်းချုပ်ဖြစ်သူ ဦးလွင်ကိုလတ် ၏ ပသုံးလုံးဂိုဏ်းကြောင့် အာဏာရှင် လက်သစ်များ စတင်မွေးဖွားလာပြီဟု မှတ်ချက်ပြုမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့၊ ညပိုင်းကလည်း ရွှေဘိုမြို့နယ်၊ ကျေးရွာတစ်ရွာတွင် ပသုံးလုံးဂိုဏ်းဝင် တစ်ဦးက ပြည်သူ တစ်ဦးကို သေနတ် မောင်းတင် ချိန်ရွယ်ခဲ့သည့် အတွက် ကျေးရွာနေ ပြည်သူများ လက်မခံဘဲ လူစုလူဝေးဖြင့် တုန့်ပြန် ဆန့်ကျင်မှု ဖြစ်ပွားခဲ့သေးသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ NUG စိုးမိုးနယ်မြေ တစ်ချို့တွင် ပသုံးလုံးဂိုဏ်း သောင်းကျန်းမှုကြောင့် ပြည်သူများ ဒုက္ခရောက်နေပြီး NUG သို့ တိုင်ကြားမှုများစွာ ရှိနေသော်လည်း ထိထိရောက်ရောက် ဖြေရှင်းမှု မပြုနိုင်ဟု အဆိုပါဒေသ သတင်းများ မေးမြန်းရေးသားနေသည့် မီဒီယာသမား တစ်ဦးက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် NUG သတင်းစာ ရှင်းလင်းပွဲတွင် ပသုံးလုံးဂိုဏ်း ကိစ္စ ကိုင်တွယ် ဖြေရှင်းမည်ဟု ဦးလွင်ကိုလတ် က ပြောဆိုထား သော်လည်း ဖြေရှင်းနိုင်ခြင်း မရှိသဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှု ထပ်မံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...