ညောင်ရွှေတိုက်ပွဲအတွင်းသေဆုံး စစ်ကောင်စီ အလောင်း ၄၀ ကျော်ကို PDF ဘက်မှ သင်္ဂြိုဟ်ပေးခဲ့ရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို စစ်ကောင်စီက ၂ လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိသည့်အတွက် PDF ဘက်မှ အလောင်းများအား သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သတင်းရရှိသည်။ 

ပြီးခဲ့သည့် ဧပြီ ၁၃ ရက် ညောင်ရွှေမြို့ ညောင်လေးနှင့် ရေပူရွာအကြား ဖြစ်ပွားခဲ့သော ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းလိုက်သေဆုံးခဲ့သည်ဟု ပျားစစ်ကြောင်း (Bees Column) က တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  

“အဲ့နေ့တစ်ရက်တည်းပဲ စစ်ကောင်စီဘက်က စစ်ကြောင်းလိုက်ပြုတ်သွားတာ။ မနေ့ကတော့ အဲ့အလောင်းတွေ ကို မြေမြုပ်ပေးလိုက်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးခဲ့ပြီး၊ သေဆုံးသွားသော စစ်သားအလောင်း များအား စစ်ကောင်စီက ၂ လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိသည့်အတွက် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူး စစ်ဆင်ရေးအဖွဲ့တို့မှ ပူးပေါင်းရှင်းလင်း သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။​

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ ဖယ်ခုံမြို့ကို တန်ပြန်စစ်ကြောင်းထိုးနိုင်ရန်အတွက် ကြိုးပမ်းနေသကဲ့သို့ အင်းလေးအနောက်ခြမ်းတွင်လည်း စစ်ကောင်စီဘက်က လှုပ်ရှားမှုရှိနေကြောင်း ပျားစစ်ကြောင်း Bees Column က တာဝန်ခံတစ်ဦးက ဆက်ပြောသည်။

“အခုလောလောဆယ် အင်းအနောက်ခြမ်းမှာတော့ လှုပ်ရှားမှုတွေ ရှိပါတယ်။ ဖယ်ခုံဝင်ဖို့ ကြိုးစားနေတယ်ထင်တယ်။ စစ်ကောင်စီက သင်တန်းမဆင်းလည်း သူတို့လုပ်စရာရှိ သူတို့လုပ်နေတာပါပဲ။ သင်တန်းဆင်းများလာလို့ တန်ပြန်ထိုးစစ်လုပ်လာရင်လည်း သိပ်တော့အများကြီး မစိုးရိမ်ပါဘူး။ လက်နက်မရှိတုန်းက သူတို့အင်အားကောင်းဆဲကာလမှာတောင် အကောင်ဆုံး ရင်ဆိုင်ကျော်ဖြတ်ခဲ့တာ ပိုစည်းလုံး၊ ပိုဂရုစိုက်ရင် ရပါပြီ” ဟု ၎င်းကထပ်လောင်းပြောသည်။

ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် လက်ရှိစစ်ဘေးရှောင်ဦးရေ ၁ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

‌အင်းလေးဖောင်တော်ဦးဘုရားပွဲကို အခွင့်ကောင်းယူပြီး ပေါ်တာဆွဲမည်ကို ဒေသခံများ စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲတော်ကို လာမည် အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကို အခွင့်ကောင်းယူပြီး စစ်တ်ပမှ ပေါ်တာဆွဲဖမ်းဆီးမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို (၁၂)ရက်မှ (၂၉) ရက်နေ့အထိ ၁၈ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။ ထို့သို့ အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ရက်ရှည်ကျင်းပရာတွင်...

ညောင်ရွှေမြို့နယ် အတွင်းလှုပ်ရှားနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို လိုက်လံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို စစ်ကော်မရှင်က လိုက်လံ ဖမ်းဆီးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၂၈) ရက်နေ့တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁၉ ဖြင့် ပြဌာန်းခဲ့ပြီးနောက် ထိုဥပဒေအထဲတွင် အစိုးရမဟုတ်သော အသင်းအဖွဲ့များကို...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...