Wednesday, January 28, 2026

ညောင်ရွှေတိုက်ပွဲအတွင်းသေဆုံး စစ်ကောင်စီ အလောင်း ၄၀ ကျော်ကို PDF ဘက်မှ သင်္ဂြိုဟ်ပေးခဲ့ရ

သျှမ်းပြည် ညောင်ရွှေမြို့နယ် တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ၄၀ ကျော်ကို စစ်ကောင်စီက ၂ လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိသည့်အတွက် PDF ဘက်မှ အလောင်းများအား သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သတင်းရရှိသည်။ 

ပြီးခဲ့သည့် ဧပြီ ၁၃ ရက် ညောင်ရွှေမြို့ ညောင်လေးနှင့် ရေပူရွာအကြား ဖြစ်ပွားခဲ့သော ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းလိုက်သေဆုံးခဲ့သည်ဟု ပျားစစ်ကြောင်း (Bees Column) က တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  

“အဲ့နေ့တစ်ရက်တည်းပဲ စစ်ကောင်စီဘက်က စစ်ကြောင်းလိုက်ပြုတ်သွားတာ။ မနေ့ကတော့ အဲ့အလောင်းတွေ ကို မြေမြုပ်ပေးလိုက်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးခဲ့ပြီး၊ သေဆုံးသွားသော စစ်သားအလောင်း များအား စစ်ကောင်စီက ၂ လကျော်ကြာသည်အထိ လာရောက်ကောက်ယူခြင်းမရှိသည့်အတွက် ပျားစစ်ကြောင်းနှင့် အလယ်ပိုင်းအထူး စစ်ဆင်ရေးအဖွဲ့တို့မှ ပူးပေါင်းရှင်းလင်း သင်္ဂြိုဟ်ပေးခဲ့ရကြောင်း သိရသည်။​

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသရှိ ဖယ်ခုံမြို့ကို တန်ပြန်စစ်ကြောင်းထိုးနိုင်ရန်အတွက် ကြိုးပမ်းနေသကဲ့သို့ အင်းလေးအနောက်ခြမ်းတွင်လည်း စစ်ကောင်စီဘက်က လှုပ်ရှားမှုရှိနေကြောင်း ပျားစစ်ကြောင်း Bees Column က တာဝန်ခံတစ်ဦးက ဆက်ပြောသည်။

“အခုလောလောဆယ် အင်းအနောက်ခြမ်းမှာတော့ လှုပ်ရှားမှုတွေ ရှိပါတယ်။ ဖယ်ခုံဝင်ဖို့ ကြိုးစားနေတယ်ထင်တယ်။ စစ်ကောင်စီက သင်တန်းမဆင်းလည်း သူတို့လုပ်စရာရှိ သူတို့လုပ်နေတာပါပဲ။ သင်တန်းဆင်းများလာလို့ တန်ပြန်ထိုးစစ်လုပ်လာရင်လည်း သိပ်တော့အများကြီး မစိုးရိမ်ပါဘူး။ လက်နက်မရှိတုန်းက သူတို့အင်အားကောင်းဆဲကာလမှာတောင် အကောင်ဆုံး ရင်ဆိုင်ကျော်ဖြတ်ခဲ့တာ ပိုစည်းလုံး၊ ပိုဂရုစိုက်ရင် ရပါပြီ” ဟု ၎င်းကထပ်လောင်းပြောသည်။

ညောင်ရွှေမြို့နယ်အတွင်း တိုက်ပွဲများကြောင့် လက်ရှိစစ်ဘေးရှောင်ဦးရေ ၁ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...