ဆီဆိုင်မြို့နယ် ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီနှင့် PNO တို့ဖမ်းဆီးထား

သျှမ်းပြည် ဆီဆိုင်မြို့နယ် ရေဖြူကျေးရွာ ဒေသခံ ၆၀ ခန့်ကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့အချိန်ထိ ၃ ရက်ကြာပြီဖြစ်သော်လည်း ပြန်မလွတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ တောတောင်ထဲအတွင်း စစ်ဘေးရှောင်နေရသည့် ဒေသခံများကို နေရပ်မပြန်ပါက နေအိမ်များ မီးရှို့မည်ဟု စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ကခြိမ်းခြောက်ခဲ့ပြီး၊ ပြန်လာသည့် ဒေသခံ ၅၉ ဦးကို ဇွန်လ ၁၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က တာဝန်ခံ ခွန်ရိန်းယံက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒေသခံတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက အစုလိုက်အပြုံလိုက် ရွာခန်းမထဲမှာ ဖမ်းထားတယ်ဆိုတာကို ကျနော်တို့သိရပါတယ်။ ရှင်းရှင်းပြောရရင် ဒေသခံတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှာကို အစိုးရိမ်ဆုံးပဲ။ ဘာဖြစ်လို့ဒီလိုစိုးရိမ်ရတာလဲဆိုတော့ တစ်နိုင်ငံလုံးမှာ ဒေသခံတွေကို စစ်ကောင်စီက အစုလိုကအပြုံလိုက် ခဏခဏကျူးလွန်နေတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ဖမ်းဆီးခံရသူ ၅၉ ဦးအနက် ဦးရေတစ်ဝက်မှာ အမျိုးသမီးများဖြစ်ကြပြီး အသက် ၄၀ နှစ်အထက် ပြည်သူများ ဖြစ်ကာ ၎င်းတို့ကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ဆိုထားသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် ပြည်သူများကို ကျေးရွာခန်းမ၌ ထိန်းသိမ်းထားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်မှစ၍ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာပြီးနောက် ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံနေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုစာရင်းရထားသလောက်က ၃၀ ကျော်ရှိတယ်။ မေလအတွင်း အဖမ်းခံရတဲ့သူတွေက စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက အဓိကဖမ်းဆီးမှုလုပ်တာကို တွေ့ရတယ်။ အခုနောက်ပိုင်း ဖမ်းဆီးမှုက တော်လှန်ရေး အုပ်စုနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ ခေါင်းစဉ်ကဖမ်းတာများတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်တွင်လည်း ရေဖြူရွာက အမျိုးသမီးအပါအဝင် ဒေသခံ ၉ ဦးကို လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ခဲ့သည်။

အလားတူ ဇွန်လ ၂ ရက်တွင် ဆီဆိုင်မြို့နယ် ကယန်းလေးကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဦးဂျော့လောင် (ခ) ဖြူးစွူးကိုလည်း စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် PNO တို့က ဖမ်းဆီးသွားပြီး ပန်တိုင်းကျေးရွာအနီး၌ ညှင်းဆဲနှိပ်စက်သတ်ဖြတ်ခဲ့သည်။

“ဆီဆိုင်မြို့မှာက တိုက်ပွဲငြိမ်ပေမဲ့ မြေမြုပ်မိုင်းနင်းမိတဲ့သူ၊ ဖမ်းခံရတဲ့သူတွေ မကြာခဏ ကြားနေရတာပဲ။ အိမ်ပြန်လို့ရပေမဲ့ လုံခြုံရေးကတော့ မရှိဘူး” ဟု ဆီဆိုင်မြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNO တို့သည် ဆီဆိုင်မြို့နယ်အတွင်း ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲ ငွေညှစ်ခြင်းများ မကြာခဏကျူးလွန်နေလျက်ရှိသည်ဟု PNLA ကပြောသည်။

ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီလ ၂၄ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားလာနေချိန် ကာလအတွင်း ပြည်သူစုစုပေါင်း ၃၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ ၎င်းတို့ကို စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့က ဖမ်းဆီးထား ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO က သျှမ်းသံတော်ဆင့်ကိုပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...