သီပေါ-နမ္မတူလမ်းမကြီးပေါ် မြောင်းတူးပြီး စစ်ကောင်စီတပ် လမ်းကြောဖြတ်

သျှမ်းပြည် သီပေါမြို့နယ် ကွန်စံလိတ်ရွာအနီးရှိ သီပေါ-နမ္မတူလမ်းမကြီးပေါ်တွင် မြောင်းတူးပြီး စစ်ကောင်စီတပ်က လမ်းကြောဖြတ်တောက်ထားလိုက်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇွန်လ ၁၂ ရက်) ညနေ ၃ နာရီကျော်မှစတင်ပြီး သီပေါမြို့နယ် ပန်နေကျေးရွာနှင့် ကွန်စံလိတ်ကျေးရွာအကြားရှိ သီပေါ-နမ္မတူလမ်းမကြီးပေါ်တွင် စစ်ကောင်စီက မြောင်းတူးပြီး လမ်းကြောဖြတ်တောက်လိုက်ခြင်းကြောင့် ကားသွားလာ၍ မရတော့ဘဲ တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

“လူနဲ့တူးပြီး နောက်မှ စက်ရောက်လာတာလို့ပြောတယ်၊ ဗမာစစ်တပ်က တူးတာ။ ပန်နေရွာနားမှာတော့ စစ်ကောင်စီတပ်က ရှေ့ရက်ကတည်းက လာစောင့်နေတာ။ အခုတူးတာက ပန်နေရွာနဲ့ ကွန်စံလိတ်ရွာကြားမှာ လာတူးတာ။ မြောင်းတူးထားတာက လူတစ်ရပ်စာလောက် နက်တယ်၊ သူတို့စစ်တပ်နားမှာ ကတုတ်ကျင်း တူးထားသလိုမျိုး မြောင်းအကျယ်ကြီး တူးတာ”ဟု သီပေါမြို့နယ်မှ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါစစ်ကောင်စီတပ်မှ မိုးတေကျေးရွာအုပ်စုအတွင်းရှိ ပန်နေနှင့် ကွန်စံလိတ်ကျေးရွာအကြား သီပေါ-နမ္မတူ ကားလမ်းမကြီးအပေါ် မြောင်းတူးလိုက်ခြင်းကြောင့် အနီးအနားရှိ လယ်ကွက်ထဲမှ ရှောင်ကွင်းသွားလာရပြီး စားသောက်ကုန် ပြတ်လပ်ကာ အခက်အခဲဖြစ်မည်ကို စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာတွေမှာ ထပ်ဖျက်ဦးမယ်လို့ ပြောသေးတယ်။ စစ်တပ်က လမ်းဖျက်လိုက်တော့ စစ်ဖြစ်တော့မယ်ဆိုပြီး ရွာထဲက ကုန်စုံဆိုင်တွေမှာ အလုအယက် ဝယ်ကြတာ ဈေးတက်ကုန်တယ်။ ရှေ့တခေါက်က လေယာဉ်နဲ့ လာပစ်တုန်းကဆိုရင် ထွက်ပြေးရတယ်၊ အခုအိမ်ပြန်လာတာ ၄ လပဲ ရှိသေးတယ်”ဟု သီပေါမြို့နယ် ကွန်စံလိတ်ရွာဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA တပ်ဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ္မတူနှင့် နမ့်ဆန်မြို့များသို့ သွားရောက်နိုင်သည့် သီပေါ-နမ္မတူ လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်ဘက်မှ ယခုကဲ့သို့ မြောင်းတူး၍ လမ်းကြောပိတ်ဆို့လိုက်ခြင်းကြောင့် ဒေသခံများမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေပြီး မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ရန် မဖြစ်နိုင်တော့ကြောင်း ပြောဆိုသည်။

“အခုလည်း အဝတ်တွေသိမ်းထားပြီး သတင်းပဲ နားစွင့်နေရတယ်။ ဘယ်သူမဆို တိုက်ပွဲပြန်ဖြစ်တော့မယ် သတိနဲ့နေထားကြလို့ ပြောတာ။ လမ်းပေါ် မြောင်းတူးလိုက်တော့ မြို့ပေါ်ရှောင်လို့လည်း မရတော့ဘူး၊ တောတောင်ထဲပဲ ပြေးရတော့မှာ။ အကုန်လုံးက တိုက်ပွဲထပ်ဖြစ်မှာပဲ စိုးရိမ်ကြတယ်”ဟု သီပေါမြို့နယ်မှ ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလ ၂၉ ရက်ကလည်း သီပေါ-နမ္မတူ ကားလမ်းမကြီးပေါ်ရှိ မိုးတေတံတားကိုလည်း စစ်ကောင်စီတပ်သားများက ဗုံးခွဲဖျက်ဆီးခဲ့ပြီး ကားလမ်းဘေးတလျှောက်တွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားခဲ့ခြင်းကြောင့် ဒေသခံပြည်သူ (၆) ဦးထက်မနည်းနှင့် ကျွဲ၊ နွားများ မိုင်းနင်းမိခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ (ဇွန်လ ၁၂ ရက်) ညနေပိုင်းကလည်း လားရှိုးမြို့နယ်အတွင်း မိုင်းယော်တိုက်နယ်ရှိ ကောင်းဟုန်းကျေးရွာတွင်လည်း လမ်းမကြီးပေါ် စစ်ကောင်စီတပ်က မြောင်းတူးဖော်ကာ လမ်းကြောပိတ်ဆို့လိုက်ခြင်းကြောင့် ကားအများအပြား ပိတ်မိနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...