Tuesday, January 27, 2026

လားရှိုး၊ ကျောက်မဲ VPN App များစစ်ဆေးပြီး ငွေညှစ်တောင်းနေ

သျှမ်းပြည် လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲအဖွဲ့အစည်းများမှ VPN အက်ပလီကေးရှင်းများကို စစ်ဆေးကာ ငွေညှစ်နေကြောင်း သတင်းရရှိသည်။

ဇွန်လ ဒုတိယပတ်မှစတင်ပြီး လားရှိုးမြို့နှင့် ကျောက်မဲမြို့တို့တွင် သွားလာနေသူများ၏ ဖုန်းထဲရှိ VPN အက်ပလီကေးရှင်းများကို စစ်ကောင်စီလက်အောက်ခံ ရဲအဖွဲ့အစည်းများမှ စစ်ဆေးပြီး ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း လားရှိုးမြို့ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လားရှိုးမှာတော့ အခုက အခြေအနေ မကောင်းဘူး။ ဆိုင်ကယ်တွေ ကားတွေစစ်တယ်၊ VPN တွေစစ်တယ် အဲ့လိုပေါ့။ အခုမြင်နေရသလိုဆို သူတို့က လုပ်စားနေတာလေ စစ်ပြီးပိုက်ဆံတောင်း နေကြတာလေ။ နေပြည်တော်က VPN ဉပဒေကို မပြဋ္ဌာန်းသေးဘူး။ သူတို့အောက်က လူတွေလုပ်စားနေတာ။ သူတို့လည်း သတင်းကြည့်ဖို့ VPN သုံးနေရတာ”ဟု အသက် ၄၀ ဝန်းကျင် လားရှိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ကျောက်မဲမြို့တွင်လည်း စစ်ကောင်စီ ရဲတပ်ဖွဲ့က ပြည်သူများ၏ ဖုန်းထဲရှိ VPN အက်ပလီကေးရှင်းများကို စစ်ဆေးကာ ငွေညစ်တောင်းခံမှုများ ပြုလုပ်နေပြီး လမ်းပြတ်တောက်မှုများကြောင့် မြို့တွင်းတွင်လည်း ဒီဇယ်ဆီများ ပြတ်လတ်နေကြောင်း ကျောက်မဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီမှာ VPN စစ်တယ်လို့တော့ သိရတယ်။ ဒီဘက် ရဲတွေ စစ်သားတွေက မြို့ထဲမှာဆို အရပ်သားလိုပဲ ဝတ်တယ်လေ သေနတ်ကိုင်ပြီးတော့။ အခုဆို မြို့ထဲသွားရင် ဖုန်းမပါရဲဘူး။ ဒီဇယ်ဆီလည်း ဝယ်မရတော့ဘူး လမ်းကြောပိတ်တာတွေကြောင့် ဆီပြတ်နေတာ”ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ သျှမ်းပြည် တောင်ကြီးမြို့ရှိ လမ်းမကြီးများပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ဖုန်းထဲထည့်ထားသည့် VPN အက်ပလီကေးရှင်းများကို စစ်ဆေးနေကာ ငွေညှစ်တောင်းခံနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...