သိန္နီမြို့နယ် မိုင်းလီ ကွင်းလမ်း ပျက်စီး၊ ကားများနွံနစ်မှုဖြစ်

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းလီလမ်း ပျက်စီး၍ ကားများနွံနစ်ကာ ကားသမားများ အခက်အခဲများစွာ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်သွားလမ်း မိုင်းလီရွာအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများ ပျက်စီးကာ ကားနွံနစ်မှု၊ ကားပျက်စီးမှု ကြုံတွေ့နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့မှာ မိုးရွာတော့ မိုင်းလီနားက ချောင်းကို ကျော်ပြီးသွားရင် ကားတွေ တော်တော်များများ ပိတ်နေတာ။ မိုးလီရွာမှာ အတက်ကားတွေကော အဆင်းကားတွေကော တယောက်မှကို ဖုန်းဆက်လို့ကို မရတာ ပိတ်မိနေကြလို့။ လမ်းတွေက အရမ်းကြမ်းတယ် အခြေအနေ တော်တော်ဆိုးတယ်”ဟု ၎င်းကားဆရာက ပြောသည်။

ယမန်နေ့တွင် ကားလမ်းများ ရွှံ့နွံများဖြစ်ကာ ပျက်စီးနေပြီး၊ အချို့ကားများလည်း အောက်ပိုင်းနိမ့်မှုကြောင့် နွံနစ်၍ ရုန်းနေရသည့် အခြေအနေဖြစ်ကြောင်း၊ ထိုလမ်းကြောတလျှောက်တွင် ကားများရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီမှ သီပေါမြို့နယ် ကွန်စံလိတ်ရွာအနီးရှိ သီပေါ-နမ္မတူ ကားလမ်းမကြီးပေါ်တွင် မြောင်းတူးပြီး လမ်းကြောဖြတ်တောက်ထားလိုက်ကြောင်း သီပေါဒေသခံများက ပြောဆိုသည်။

အလားတူ ဇွန်လ ၁၂ ရက်ကလည်း လားရှိုးမြို့နယ်အတွင်း မိုင်းယော်တိုက်နယ်ရှိ ကောင်းဟုန်းကျေးရွာတွင် လမ်းမကြီးပေါ် စစ်ကောင်စီတပ်က မြောင်းတူးဖော်ကာ လမ်းကြောပိတ်ဆို့လိုက်ခြင်းကြောင့် ကားအများအပြား ပိတ်မိနေကြောင်း လားရှိုးဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...