စံကားဒေသရှိ PNOဂိတ် တိုက်ခိုက်ခံရ၊ PNOတပ်သားသုံးဦးသေ

ညောင်ရွှေမြို့နယ် စံကားဒေသ လုံကန်ရွာ အနီးရှိ နမ်းဟူးရွာလမ်ဆုံတွင်ရှိသောလမ်းဆုံတွင်ရှိသော ဦးခွန်ဇော့ ဦးဆောင်သည့် ပအိုဝ်းပြည်သူ့စစ်ဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဇွန် ၁၅ရက် နံနက် ၈နဦရီတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး PNOပြည်သူ့စစ် စစ်သားသုံးဦးသေဆုံးခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုတိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားသုံးဦးထံမှ သေနတ်အရှည်သုံးလက်၊သေနတ်တိုတစ်လက်နှင့် တစ်ခြားဆက်စပ်ပစ္စည်း များလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ် သားများက သိမ်းဆည်းရမိခဲ့သည်။

“အဲဂိတ်က အရမ်းဆိုးတယ်။ဖြတ်သန်းသွာလာနေတဲ့ပြည်သူကို ငွေညှစ်တာ ၊ရစ်တာဟောက်တာအရမ်းလုပ်တယ်။ ပြည်သူတွေ တိုင်လာတာလည်း များပြီး အဲဒါကြောင့် လာရောက်တိုက်ခိုက်တာဖြစ်တယ်”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

သေဆုံးသွားသောစစ်သားသုံးဦးအလောင်းကိုလည်း PNOတပ်သားများက လာရောက် ကောက်ယူခြင်းမရှိဘဲ ထီကာရွာနှင့် နမ်းဟူးရွာဒေသခံများက ကောက်ယူပေးရကြောင်း သိရသည်။

“ရွာသားတွေသွားကောက်ပေးရတယ်။သေဆုံးသွားတဲ့PNOတပ်သားသုံးဦးထဲမှာမှ ခွန်စိုးမင်းက ၁၅ရက်စစ်သင်တန်းတက်ထားတဲ့ သူဖြစ်တယ်။သေဆုံးသူတွေကိုPNOတာဝန်ရှိသူတွေက ခုထိလာမကြည့်သေးပါဘူး”လို့ ထီကာရွာ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းဂိတ်သည် သွားလာဖြတ်သွားသော ပြည်သူများ၏ ပစ္စည်းများသိမ်းယူခြင်းငွေကြေးအတင်းအဓမ္မတောင်းခံခြင်း၊ဖယ်ခုံ ၊ မိုးဗြဲ လွိုင်ကော်ဖက်မှစစ်ဘေးရှောင်များထံ ငွေညှစ်ခြင်း၊ တံငါးသည်များအားငွေတာင်းခံခြင်း ၊ မိုးဦးရွာတွင်ကုန်ကားတစ်စီးလျှင် ၁၀သိန်းအထိဒါဏ်ရိုက်ခြင်းများပြုလုပ်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...