CATEGORY

လူ့အခွင့်အရေး

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲဒေသခံ တဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲမြို့နယ် ကျေးလက်ဒေသခံ တဦးအား ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုသိရသည်။ နို၀င်ဘာလ ၂၅ ရက် ည ၁၁ နာရီအချိန်က ပုံးလုံရွာသား စိုင်းသြဘာအား ရွာထဲဝင်လာသည့် လက်နက် ကိုင်တပ်ဖွဲ့...

နမ့်ခမ်းလယ်သမားတဦး မိုင်းနင်းမိဒဏ်ရာအပြင်းအထန်ရရှိ

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာဒေသခံတဦး လယ်ထဲတွင် မြေမြုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာနေ တားအိုက်ယိုင် ခေါ် ကွန်းအိုက်အောင် ဆိုသူသည် ၄င်း၏လယ်အတွင်း လုပ်ငန်းခွင်ဝင်နေစဉ် ပေါက်ပြားဖြင့်ပေါက်မိသဖြင့် မိုင်းကွဲကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နမ့်ခမ်းမြို့ခံ စိုင်းအိုက်နော်...

TNLA ကနေထောင်သုံးနှစ် ချမှတ်ခံရတဲ့ နန်းမိုဟွမ်နဲ့တွေ့ဆုံမေးမြန်းချက်

TNLA တအာင်းတပ်ဖွဲ့ကနေ အကောက်ခွန်ဝန်ထမ်းတွေကို နာကျင်အောင်လုပ်စေတယ်ဆိုတဲ့ စွပ်စွဲပြောဆို ချက်တဲ့ ၂ လ နီးပါးအကြာဖမ်းဆီးသွားပြီး ထောင် ၃ နှစ် ပြစ်ဒဏ်စီရင်ချက်ချခံရတဲ့ နန်းမိုဟွမ်ကို FPNCC ရဲ့ ကြားဝင်ဖြန်ဖြေပေးမှု မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ SSPP/SSA ရဲ့ တိုက်တွန်းတောင်းဆိုမှုတွေကြောင့်ဆိုပြီး TNLA ကပြန်လွှတ်ပေးခဲ့ပါတယ်။ အောက်တိုဘာလ...

TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA မှတဆင့် ပြန်လည်ပေးအပ်

တအာင်းတပ်ဖွဲ့ TNLA မှ ၂ လ နီးပါးအကြာဖမ်းဆီးသွားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား သွားရောက်ကြိုလာသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က သူမ၏ မိသားစုထံပြန်လည်အပ်နှံသည့်အခမ်းအနားတရပ် ၀မ့်ဟိုင်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ ၁၇ ရက်နေ့ ယနေ့မနက် ၉ နာရီခန့်က စတင်ခဲ့ခြင်းဖြစ်ပြီး SSPP/SSA...

သျှမ်းပြည်နယ်အတွင်း တရားဥပဒေ ဆုတ်ယုတ်နေ ဟု တိုင်းရင်းသူအဖွဲ့များကဆို  

သျှမ်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တရားဥပဒေ စိုးမိုးရေး ပျက်သုဉ်း ဆုတ်ယုတ်နေသည် ဟု သျှမ်းပြည်နယ် မှ တိုင်းရင်းသူအဖွဲ့ အစည်းများက ပြောဆိုလိုက်သည်။ သျှမ်းပြည်နယ် နှင့် မြန်မာ တဝှမ်းလုံး တွင် ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း နှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအကြား...

ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း စီမံကိန်းတွင် လယ်သမား ၆၂ဦးလျော်ကြေးငွေ မရရှိသေး

  သျှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲခရိုင် ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း စီးမံကိန်းတွင် နစ်နာရသော လယ်သမား ၆၂ ဦး လျော်ကြေးငွေ မရသေးကြောင်း သတင်းရရှိသည်။ ကျောက်မဲခရိုင် အတွင်း လမ်းသစ်ဖောက်လုပ်ရန် အတွက် OHC (Oriental Highway Company) ကုမ္ပဏီ မှ တာဝန်ယူထားပြီး၊ လယ်ယာမြေ များ...

တအာင်းတပ်ဖွဲ့မှ ၂ လ နီးပါးဖမ်းဆီးသွားသည့် နမ့်ခမ်းမြို့သူ  နန်းမိုဟွမ် ယနေ့တိုင် ပြန်မလွှတ်သေး ဆွေမျိုးမိဘများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဟိုနောင်ရပ်ကွက်သူ ကလေး ၃ ယောက်မိခင် နန်းမိုဟွမ်အား TNLA တအာင်းတပ်ဖွဲ့မှ ဖမ်းဆီးသွားသည်မှာ ရက်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီဖြစ်သော် လည်း ပြန်မလွှတ်ပေးသေးသဖြင့် မိသားစုဝင်များက အထူးစိုးရိမ်ပူပန်နေကြကြောင်းသိရသည်။ “သူ့ကိုဖမ်းသွားတာ ၂ လပြည့်တော့မယ်။သတင်းမကြားဘာမကြားနဲ့ သူ့ကျန်းမာရေးအတွက်စိတ်ပူရပါတယ်။ သူ့ကလေး ၃ ယောက်  ၊...

ထိုင်း-မြန်မာနယ်စပ် မိုင်းတော့ မိုင်းထားအနီးရှိ စစ်ရှောင်စခန်းသို့ အစိုးရ ဒရုန်းယာဉ်ဝဲပျံ စစ်ရှောင်များစိုးရိမ်ထိတ်လန့်မှုဖြစ်ပွါး

ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA မှလုံခြုံရေးယူပေးသည့် လွယ်လမ် စစ်ဘေးရှောင်စခန်း နှင့်နီးကပ်စွာအစိုးရတပ်မှ မောင်းသူမဲ့ ဒရုန်းယာဉ် ပျံသန်းသဖြင့် စခန်းတွင်းနေထိုင်သူများ စိုးရိမ်ထိတ် လှန့် မှုများဖြစ်ခဲ့ကြောင်းသိရသည်။ ၄င်းနှင့်ပတ်သက်ပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ နေရပ်မှစွန့်ခွါရသူများအဖို့ ခြိမ်းခြောက် မှုတခု ဖြစ် နေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။ “ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မိုင်းတော့အခြေစိုက်...

သျှမ်းပြည်မြောက်ပိုင်းလမ်း ဘီးလှိမ့်ခွန်ကောက်ခံမှုများကြောင့်ဒေသခံများနှင့် ဒေသတွင်းကုန်သည်များအခက်တွေ့နေရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် - မူစယ် ပြည်ထောင်စု ကားလမ်းပေါ် တွင် စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဘီးလှိမ့်ခွန် (ဆက်ကြေး) ကောက်ခံမှု များ ပြုလုပ်ကြောင်းသိရသည်။ အဆိုပါ ဆက်ကြေး ကောက်ခံမှုသည်...

တိုက်ပွဲကြောင့် အဆုတ်တွင်း ကျည်ဆံဝင်သွားသည့် နမ္မတူရွာသား အား ကျည်ခွဲစိပ်ထုတ်ပေးပြီး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံအုပ်စုအတွင်း ယခုလဆန်းကဖြစ်ပွါးခဲ့သောတိုက်ပွဲကြောင့် ကျည်ဆံထိမှန်ဒဏ်ရာရသည့် ပန်လုံရွာသားအား အဆုတ်မှကျည်ဆံခွဲထုတ်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။ စက်တင်ဘာလ ၁ ရက်နေ့က ပန်လုံအုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ကြားဖြစ်ပွားသောတိုက်ပွဲကြောင့် ဒေသခံရွာသား ၂ ဦးအား ကျည်ဆံထိမှန်ရာ တဦးမှာ ဆေးကုသမှု ခံယူကာ နေကောင်းသွားပြီဖြစ်သော်လည်း စိုင်းစံထွန်းမှာ...

Latest news