TNLA ကနေထောင်သုံးနှစ် ချမှတ်ခံရတဲ့ နန်းမိုဟွမ်နဲ့တွေ့ဆုံမေးမြန်းချက်

TNLA တအာင်းတပ်ဖွဲ့ကနေ အကောက်ခွန်ဝန်ထမ်းတွေကို နာကျင်အောင်လုပ်စေတယ်ဆိုတဲ့ စွပ်စွဲပြောဆို ချက်တဲ့ ၂ လ နီးပါးအကြာဖမ်းဆီးသွားပြီး ထောင် ၃ နှစ် ပြစ်ဒဏ်စီရင်ချက်ချခံရတဲ့ နန်းမိုဟွမ်ကို FPNCC ရဲ့ ကြားဝင်ဖြန်ဖြေပေးမှု မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ SSPP/SSA ရဲ့ တိုက်တွန်းတောင်းဆိုမှုတွေကြောင့်ဆိုပြီး TNLA ကပြန်လွှတ်ပေးခဲ့ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့က SSPP/SSA ကနေတဆင့် သူမရဲ့ မိဘဆွေမျိုးထံကို ပြန်လည်အပ်နှံပေးခဲ့ပါတယ်။ SSPP/SSA ဌာနချုပ် ၀မ့်ဟိုင်းမှာပြုလုပ်တဲ့ ဒီအပ်နှံပွဲမှာ လူ ၂၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ နန်းမိုဟွမ်ကို မိဘဆွေမျိုးတွေထံအပ်နှံမှုအပြီးမှာ Tai Hun Mai အသံလွှင့်ဌာန နဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန တို့ကနေ တွေ့ဆုံမေးမြန်းခဲ့ ရာမှာတော့ –

Photo by Tai Hun Mai/TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA ပြန်လည်ပေးအပ်ခြင်းအခမ်းအနားတွင်တွေ့ရသော နန်းမိုဟွမ်

မေး- ဘာကြောင့် TNLA က နန်းမိုဟွမ်ကို ဖမ်းသလဲ။
ဖြေ- ကျမက အပြစ်ရှိတယ်လို့ပြောပါတယ်။

မေး- ဘာအပြစ်လဲ။
ဖြေ- မနှစ်က ကျမတို့ အိမ်ကို သူတို့အခွန်လာကောက်ပြီးအပြန် သူတို့လူ ၂ ယောက်ကို တပ်မ ၈၈ က ချောင်းပစ်လို့ သူတို့လူသေရတယ်။ အဲတာကျမက တပ်မ ၈၈ ကိုသတင်းပေးတာဆိုပြီးလာဖမ်းတာ ။

မေး- သူတို့လာဖမ်းတုန်းက ဘယ်လိုပြောလဲ။

ဖြေ- အိမ်ထဲဝင်လာပြီးတော့ ကျမ ကိုလာခေါ်တယ်။ ကျနော်တို့လူကြီးနဲ့ စကားပြောဖို့ လိုက်လာပါဦးလို့ ခေါ်ပါတယ်။

မေး- လာဖမ်းတယ်လို့သူတို့မပြောဘူးလား။
ဖြေ- မပြောပါဘူး။ အမ ကို လူကြီးနဲ့စကားပြောဖို့ ခေါ်သွားချင်ပါတယ် လို့ဘဲပြောပါတယ်။

မေး- ခေါ်သွားပြီးတဲ့နောက် စစ်ဆေးမေးမြန်းတာရှိလား။
ဖြေ- ရှိပါတယ်။ ကျမ ကို အစိုးရစစ်တပ်ကို တိုင်တာလား တဲ့။ ကျမ ပြန်ဖြေတယ်။ မတိုင်ရဘူး- လို့။

မေး- အဲ့ဆိုသူတို့ပြောတဲ့အတိုင်း မဟုတ်ဘူးပေါ့။
ဖြေ- ကျမ အစိုးရစစ်တပ်ကို သတင်းမပေးရပါဘူး။

မေး- အမ ကို သူတို့ဖမ်းထားတဲ့ကာလအတွင်း ရိုက်နှက်တာ တွေရှိခဲ့ပါသလား။
ဖြေ – မရှိပါဘူး။ အစားအသောက်တွေလည်း သူတို့ ကျွေးပါတယ်။ အဝတ်အစားတွေလည်းကျမ တောင်းသလို သူတို့ပေးပါတယ်။ တောတွင်းမှာဖြစ်တာကြောင့် သူတို့ရှာပေးနိုင်သလောက်တော့သူတို့ရှာပေးပါတယ်။

မေး- ဖမ်းသွားတော့ သူတို့ ဘယ်မှာထားပေးလဲ အမ ကို။
ဖြေ- ကျမ ကို မူးယစ်ထောင်မှာသွားထားတယ်။ သူတို့ကပြောတယ် နိုင်ငံရေးအကျဉ်းသားတွေထားတဲ့နေရာမှာ အမျိုးသမီးမရှိလို့တဲ့။ အမျိုးသမီး ၁၀ ယောက်လောက်ရှိတဲ့ မူးယစ်ထောင်မှာ ကျမ ကိုထားပေးတယ်။ ကျမ ကို အားမငယ်အောင် အဖော်ရှိအောင်လို့ပြောပါတယ်။ အဲ့မူးယစ်ထောင်ကလည်း အကျယ်ချုပ်ပါဘဲ။

မေး- ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကော သူတို့ကြည့်ပေးသလား။
ဖြေ- ဟုတ်ကဲ့- ပြောသလိုပေါ့ တောတွင်းဆိုတော့လဲ သူတို့ဆီမှာ ပါရာစီတမောတောင် အနိုင်နိုင်ပါ။ ဒါပေမယ့်ကျမကိုယ့်ကိုယ်ကိုယုံကြည်တယ်။ ကျမ အမှားဘာမှမလုပ်ခဲ့မိလို့ တနေ့နေ့ ကျမ အိမ်ပြန်ကိုပြန်ရမယ်လို့ယုံကြည်တယ်။ ဒါကြောင့် ကျန်းမာရေးထိခိုက်မှာစိုးလို့ ကျမ စိတ်မညစ်အောင်နေတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်။ စားချင်ချင် မစားချင်ချင် စားချိန်တန်လို့ကျွေးရင် ကျမ စားတယ်။ တရက်ရက် ကျမ အိမ်ပြန်ကိုပြန်ရမယ်လို့ ကျမ ယုံကြည်ထားပါတယ် ။

မေး- အခုလို ပြန်လွှတ်လာတော့ကော ၀မ်းသာသလား ဘယ်လိုမြင်ပါသလဲ။
ဖြေ- အရမ်းကို၀မ်းသာပါတယ်။ ဘယ်လိုမြင်သလဲဆိုတော့ သူတို့ စစ်ဆေးမေးမြန်းတုန်းကလည်း ကျမ ဖြစ်တဲ့အတိုင်း အမှန်ကိုအကုန်ဖြေသွားတယ်လေ။ တဖက်ကလည်း ကျမ အမြန်ဆုံးပြန်လွှတ်မြောက်အောင် အဖက်ဖက် ၀ုိင်းဝန်းကူညီတောင်းဆိုပေးတာ ၊ ဆောင်ရွက်ပေးတာလည်းပါပါမယ်။ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကိုရော၊ ဒီ SSPP/SSA သျှမ်းပြည်တပ်မတော်ကိုရော အထူးကျေးဇူးတင်တယ်။

မေး- ဟုတ်ကဲ့ – နန်းမိုဟွမ် အဖမ်းခံရစဉ်တုန်းက နန်းမိုဟွမ် အမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက် အဘက်ဘက်က ၀ုိင်းဝန်းကြိုးစားပေးတယ်၊ နမ့်ခမ်းလူထုတရပ်လုံးက စီတန်းလှည့်လည် ဆန္ဒပြတောင်း ဆိုကြတယ် ဆိုတဲ့သတင်းတွေ ကြားရလား။ သူတို့ပြောပြလား။
ဖြေ- ဘာမှ မသိရမကြားရပါဘူး။ သူတို့ ဘယ်သူနဲ့မှ အဆက်အသွယ်မပေးပါဘူး။ ဆန္ဒပြတယ် လို့တော့ သူတို့ပြောသံကြားရပါတယ်။ ဒါမယ့် သေသေချာချာ ဘာမှန်းမသိရပါဘူး။ ဒီအပြင်ရောက်လာမှ သိရတာပါ။

မေး- ဒီအတွက် နန်းမိုဟွမ် ဘယ်လိုပြောကြားချင်ပါသလဲ။
ဖြေ- ကျမ အပြင်ရောက်လာမှ ကျမ အဒေါ် က ပြောပြလို့ – အဖွဲ့အစည်းအသီးသီးရော ရှမ်းပြည်လူထု အားလုံးကပါ ကျမ အမြန်ဆုံးပြန်လည်လွှတ်မြောက်စေဖို့ အတွက်အလေးထားပြီး ကူညီဆောင်ရွက်ပေးကြတာ ဒီလောက်အထိ ကြီးကြီးမားမားဖြစ်သွားတယ်ဆိုတာ သိရပါတယ်။ ဒီအတွက် ကျမ နန်းမိုဟွမ်ကနေ ဆရာတော် သံဃာတော်တွေအားလုံး၊ လူမှုအဖွဲ့အစည်းအားလုံး ၊ အဖွဲ့အစည်းခေါင်းဆောင်တွေအားလုံး၊ သျှမ်းလူထု အားလုံး နမ့်ခမ်းဒေသခံလူထုအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ ပြောမပြတတ်လောက်အောင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်။ ကျမ အခုလို ပြန်လွှတ်မြောက်လာရတာဟာ လူထုတရပ်လုံးရဲ့ ကျေးဇူးကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် ကျမ ကို အချုပ်ခန်းအထိသွားခေါ်ထုတ်လာတဲ့ SSPP/SSA ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျမ ၀မ်းသာလွန်းလို့ အိပ်လို့တောင်မပျော်နိုင်ပါဘူး။

နန်းမိုဟွမ် အသက် ၃၆ နှစ်ဟာ နမ့်ခမ်းမြို့နယ် စယ်ဟိုင်း အုပ်စု ဒေသခံတဦး ပါ။ ဟိုနောင်ရပ်ကွက် သား နောင်မောဝ် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်နှင့် အိမ်ထောင်ပြု ပြီး သားသမီး ၃ ဦး ထွန်းကားပါတယ်။ သားသမီးသုံးဦးလုံးဟာ ကျောင်းနေအရွယ်ဖြစ်ပြီး အငယ်ဆုံးမှာ အသက် ၆ နှစ်သာရှိသေးတယ်လို့သိရပါတယ်။

တအာင်းတပ်ဖွဲ့တွေဟာ နန်းမိုဟွမ်တို့အိမ်ဆိုင်ကို ၂၀၁၆ ခုနှစ်တုန်းက ကျပ်ငွေ ၃ သိန်း ၂၀၁၇ ခုနှစ်တုန်းက ကျပ်ငွေ ၁၁ သိန်းလာရောက်ကောက်ခံခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က အခွန်လာကောက်ပြီးအပြန် တအာင်းတပ်သား ၂ ဦးကို အစိုးရတပ်မတော်က စောင့်ကြပ်ပစ်ခတ်ရာမှာ တဦးသေ တဦးအဖမ်းခံခဲ့ရပါတယ်။ ဒီကိစ္စ နန်းမိုဟွမ်ကနေ အစိုးရတပ်ကိုသတင်းပေးတာကြောင့်ဆိုပြီး ၂၀၁၈ သြဂုတ်လ ၁၇ ရက်နေ့တုန်းက နန်းမိုဟွမ်ကို နေအိမ်အထိ တအာင်းတပ်ဖွဲ့ဝင် တွေကာ ကားနဲ့လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...