Tuesday, January 27, 2026

သျှမ်းပြည်နယ်အတွင်း တရားဥပဒေ ဆုတ်ယုတ်နေ ဟု တိုင်းရင်းသူအဖွဲ့များကဆို  

သျှမ်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တရားဥပဒေ စိုးမိုးရေး ပျက်သုဉ်း ဆုတ်ယုတ်နေသည် ဟု သျှမ်းပြည်နယ် မှ တိုင်းရင်းသူအဖွဲ့ အစည်းများက ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် နှင့် မြန်မာ တဝှမ်းလုံး တွင် ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း နှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအကြား ပစ်ခတ်တိုက်ခိုက်မှုများ ကြောင့် ဒေသခံများ အိုအိမ်းစွန့်ခွာမှုများတိုးပွားလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ လာခြင်း၊ တရားဥပဒေ ကင်းမဲ့ခြင်းများဖြစ် ပွားနေသည့် ဟု အောက်တိုဘာ ၁၀ရက်နေ့တွင် သျှမ်းပြည်နယ် မှ တိုင်းရင်းသူများ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို သျှမ်းပြည်နယ် အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသူ အဖွဲ့များဖြစ်သည့် လားဟူအမျိုးသမီးအဖွဲ့အစည်း (LWO)၊ ပအိုုဝ်းအမျိုးသမီး သမဂ္ဂ(PWU)၊ ရှမ်းးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)၊ နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တို့ဖြစ်သည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ထိုးကြသော်လည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားတိုက်ပွဲကြောင်း သျှမ်းပြည်နယ် အတွင်း ဒေသခံများ ထောင်ချီ အိုးအိမ်စွန့် ထွက်ပြေးနေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျမတို့အနေနဲ့ကတော့ ပြည်တွင်း စစ် ရပ်ဖို့ပါ။ ပြည်တွင်းစစ်က အဓိက ကလေး နဲ့အမျိုးသမီးတွေ က ပို ခံနေရတယ်။ အမျိုးသမီးတွေ ဘဝက ခဏခဏ ပြောင်းရွေ့နေပြီး ဘဝကို ပြန်ပြန် စနေရတယ်။ ဒါကြောင့် ပြည်တွင်းစစ်က ရပ်သင့်ပါပြီ” ဟု SWAN ဒါရိုက်တာ နန်းဟိန်း က ပြောသည်။

သျှမ်းပြည်အတွင်း အမျိုးသမီး တွေ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုများ ၊ အမျိုးသမီးများ ကို အတင်းအဓမ္မခေါ်ဆောင်သွားမှုများရှိနေသဖြင့် အမျိုးသမီးများ၏ လုံခြုံမှု စိုးရိမ်းနေရကြောင်း ၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်းကို ပြနေသည် ဟု နန်းဟိန်း က ပြောသည်။

“ လက်နက်ကိုင် အဖွဲ့အစည်းတွေ အမျိုးသမီးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကိုကြည့်ချင်းအားဖြင့် တရားဥပဒေ စိုးမိုးမှု ပျက်သုဉ်းနေတယ်။ အမျိုးသမီးတွေရဲ့ လုံခြံုရေးကို လည်း ကျမတို့ အရမ်းကို စိုးရိမ်နေရပါတယ်။ ကျူးလွန်တဲ့သူတွေ ကျူးလွန်ခွင့်ပြုတဲ့သူတွေ မှာလည်း တာဝန်ရှိတယ်” ဟု နန်းဟိန်း က ဆိုသည်။

တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်ရှိသူများက ဥပဒေ အရ ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်သည့်အပြင် ကျူးလွန်နေသူများအား မျက်ကွယ်ပြု ဆက်လက်ကျူးလွန် ခွင့်ပြုနေကြောင်းည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး အမျိုးသမီး နှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှုမျိုးစုံ ရင်ဆိုင်နေရကြောင်း၊ ထို့အပြင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လူမျိုးရေးမုန်းတီးမှုများ၊ လူမှုအသိုင်းအဝန်း များကြာ ပဋိပက္ခများဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်မှုများဖြစ်ပွားလျက်ရှိနေကြောင်းလည်း ရေးသားထားသည်။

လက်နက်ကိုင် ပဋိပက္ခများ အမြန်ချုပ်ငြိမ်းပြီး၊ လုံခြံုဘေးကင်းရေး၊ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပဋိပက္ခ ပါဝင်ပတ်သတ်သူများအားလုံး ထိုလုပ်ရပ်များရပ်တန့်ရန် လိုအပ်ကြောင်း သျှမ်းပြည်နယ် တိုင်းရင်းသူများအဖွဲ့မှ တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

မိုးကုတ်ကို စစ်ကော်မရှင် လေကြောင်းဗုံးကြဲ၊ ကိုယ်ဝန်အမျိုးသမီးအပါအဝင် အရပ်သား ၂၁ဉီး သေဆုံး

0
TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ တွင် စစ်ကော်မရှင်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် အမျိုးသမီး ၁၆ဦး နှင့် အမျိုးသား ၅ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (သြဂုတ် ၁၄) ရက် ည၈နာရီတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...

ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ကိုင်သူ မြန်မာအပါအဝင် ဝန်ထမ်းအမျိုးသမီး ၁၇ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ Chet Yot လမ်းပေါ်ရှိ တရားမဝင်အနှိပ်ခန်းတွင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသည့် မြန်မာ ၁ ဦးအပါအဝင် ဆိုင်ဝန်ထမ်း အမျိုးသမီး ၁၇ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက်မပြည့်သေးသည့် အမျိုးသမီးငယ်အပါအဝင် အမျိုးသမီးများ ပြည့်တန်ဆာလုပ်ငန်း၌ လုပ်ကိုင်နေကြောင်း သတင်းရရှိသည့်အတွက် ထိုင်းလူဝင်မှု...

လက်နက်ကိုင်ပဋိပက္ခကြား အမျိုးသမီးအခွင့်အရေး လျစ်လျူရှုခံထားရ

0
နှစ်စဉ်နှစ်တိုင်း မတ်လ ၈ ရက်ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women day) အဖြစ် သတ်မှတ်ထားသည်။ ယခုလို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် အမျိုးသမီးများ၏ အခွင့်အရေး၊ တန်းတူရေးနှင့် အမျိုးသမီးတို့ လုပ်နိုင်စွမ်းအားအပေါ် အသိအမှတ်ပြုဖော်ပြသည့် နေ့တစ်နေ့လည်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံအတွင်း၌ စစ်အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖြစ်ပေါ်လာသော နိုင်ငံရေးအခြေအနေ၊ လက်နက်ကိုင်တိုက်ပွဲပဋိပက္ခများကြား...