သျှမ်းပြည်နယ်အတွင်း တရားဥပဒေ ဆုတ်ယုတ်နေ ဟု တိုင်းရင်းသူအဖွဲ့များကဆို  

သျှမ်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တရားဥပဒေ စိုးမိုးရေး ပျက်သုဉ်း ဆုတ်ယုတ်နေသည် ဟု သျှမ်းပြည်နယ် မှ တိုင်းရင်းသူအဖွဲ့ အစည်းများက ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် နှင့် မြန်မာ တဝှမ်းလုံး တွင် ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း နှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအကြား ပစ်ခတ်တိုက်ခိုက်မှုများ ကြောင့် ဒေသခံများ အိုအိမ်းစွန့်ခွာမှုများတိုးပွားလာခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ လာခြင်း၊ တရားဥပဒေ ကင်းမဲ့ခြင်းများဖြစ် ပွားနေသည့် ဟု အောက်တိုဘာ ၁၀ရက်နေ့တွင် သျှမ်းပြည်နယ် မှ တိုင်းရင်းသူများ အဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို သျှမ်းပြည်နယ် အတွင်း လှုပ်ရှားနေသည့် တိုင်းရင်းသူ အဖွဲ့များဖြစ်သည့် လားဟူအမျိုးသမီးအဖွဲ့အစည်း (LWO)၊ ပအိုုဝ်းအမျိုးသမီး သမဂ္ဂ(PWU)၊ ရှမ်းးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်း (SWAN)၊ နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) တို့ဖြစ်သည်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ထိုးကြသော်လည်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား၊ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြားတိုက်ပွဲကြောင်း သျှမ်းပြည်နယ် အတွင်း ဒေသခံများ ထောင်ချီ အိုးအိမ်စွန့် ထွက်ပြေးနေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ ကျမတို့အနေနဲ့ကတော့ ပြည်တွင်း စစ် ရပ်ဖို့ပါ။ ပြည်တွင်းစစ်က အဓိက ကလေး နဲ့အမျိုးသမီးတွေ က ပို ခံနေရတယ်။ အမျိုးသမီးတွေ ဘဝက ခဏခဏ ပြောင်းရွေ့နေပြီး ဘဝကို ပြန်ပြန် စနေရတယ်။ ဒါကြောင့် ပြည်တွင်းစစ်က ရပ်သင့်ပါပြီ” ဟု SWAN ဒါရိုက်တာ နန်းဟိန်း က ပြောသည်။

သျှမ်းပြည်အတွင်း အမျိုးသမီး တွေ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုများ ၊ အမျိုးသမီးများ ကို အတင်းအဓမ္မခေါ်ဆောင်သွားမှုများရှိနေသဖြင့် အမျိုးသမီးများ၏ လုံခြုံမှု စိုးရိမ်းနေရကြောင်း ၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်းကို ပြနေသည် ဟု နန်းဟိန်း က ပြောသည်။

“ လက်နက်ကိုင် အဖွဲ့အစည်းတွေ အမျိုးသမီးတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကိုကြည့်ချင်းအားဖြင့် တရားဥပဒေ စိုးမိုးမှု ပျက်သုဉ်းနေတယ်။ အမျိုးသမီးတွေရဲ့ လုံခြံုရေးကို လည်း ကျမတို့ အရမ်းကို စိုးရိမ်နေရပါတယ်။ ကျူးလွန်တဲ့သူတွေ ကျူးလွန်ခွင့်ပြုတဲ့သူတွေ မှာလည်း တာဝန်ရှိတယ်” ဟု နန်းဟိန်း က ဆိုသည်။

တရားဥပဒေစိုးမိုးရေးဆိုင်ရာ တာဝန်ရှိသူများက ဥပဒေ အရ ကာကွယ်စောင့်ရှောက်ရန် ပျက်ကွက်သည့်အပြင် ကျူးလွန်နေသူများအား မျက်ကွယ်ပြု ဆက်လက်ကျူးလွန် ခွင့်ပြုနေကြောင်းည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး အမျိုးသမီး နှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကြမ်းဖက်မှုများ အပါအဝင် အကြမ်းဖက်မှုမျိုးစုံ ရင်ဆိုင်နေရကြောင်း၊ ထို့အပြင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လူမျိုးရေးမုန်းတီးမှုများ၊ လူမှုအသိုင်းအဝန်း များကြာ ပဋိပက္ခများဖြစ်ပေါ်လာစေရန် သွေးထိုးလှုံ့ဆော်မှုများဖြစ်ပွားလျက်ရှိနေကြောင်းလည်း ရေးသားထားသည်။

လက်နက်ကိုင် ပဋိပက္ခများ အမြန်ချုပ်ငြိမ်းပြီး၊ လုံခြံုဘေးကင်းရေး၊ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပဋိပက္ခ ပါဝင်ပတ်သတ်သူများအားလုံး ထိုလုပ်ရပ်များရပ်တန့်ရန် လိုအပ်ကြောင်း သျှမ်းပြည်နယ် တိုင်းရင်းသူများအဖွဲ့မှ တိုက်တွန်းပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...

သျှမ်းပြည်တွင်း စိုးရိမ်ဖွယ်ရာ လိင်နှင့်ဂျဲန်ဒါ အကြမ်းဖက်မှုပုံစံများ ဖြစ်ပွားနေဟု ‘စွမ်း’ ထောက်ပြ

0
သျှမ်းပြည်တစ်ဝှမ်း လိင်နှင့် ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှု (SGBV) ပုံစံများ စိုးရိမ်ဖွယ်ရာ ဖြစ်ပွားနေကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (စွမ်း) က အစီရင်ခံစာ အသစ်တစ်စောင် ထုတ်ပြန်လိုက်သည်။ ယနေ့ (ဇူလိုင်လ ၃၀ ရက်) တွင် ထုတ်ပြန်သည့် “အကြမ်းဖက်မှုကို ရင်ဆိုင်ရချိန်တွင်...

သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး...

မူဆယ် ပြည့်တန်ဆာ လုပ်ရန်လိမ်ခေါ်ခံရသည့် အမျိုးသမီး(၃)ဉီး ကယ်တင်နိုင်ခဲ့

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်အကိုင်ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခြင်းခံရပြီး ပြည့်တန်ဆာအလုပ်သို့ အဓမ္မစေခိုင်းခံနေရသည့် အသက် (၂၀) ဝန်းကျင် အမျိုးသမီးငယ် (၃) ဦးကို လူမှုကူညီရေးပရဟိတအသင်းက ကယ်တင်ခဲ့ရကြောင်း သတင်းသိရသည်။ ဒုက္ခရောက်နေသည့် အမျိုးသမီးငယ်များက မြင့်မြတ်ပါရမီ သွေးလှူရှင်နှင့် လူမှုကူညီရေးအသင်းထံသို့ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ အဆိုပါအသင်းမှ တာဝန်ရှိသူများသည် ယနေ့...