CATEGORY

လူ့အခွင့်အရေး

နန်းမိုဟွမ် ကိစ္စ လွှတ်တော်အတွင်းရောက်ရှိရန် ပြည်နယ်လွှတ်တော်အမတ် ၅၆ ဦးထောက်ခံ

TNLA ဖမ်းဆီးသွားသည့် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့သူ နန်းမိုဟွမ် ကိစ ပြည်ထောင်စုလွှတ်တော် သို့ ရောက်ရှိရန် သျှမ်းပြည်နယ်လွှတ်တော်အမတ် ၅၆ ဦးက လက်မှတ်ရေးထိုးထောက်ခံ သည်ဟုသိရ သည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး ရ ရက်မြောက်နေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် မိုင်းရှူးမြို့နယ်...

နန်းမိုဟွမ်လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံ ၂ သောင်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြ

TNLA ဖမ်းထားသည့် ကလေးသုံးယောက်အမေ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့ခံ ၂ သောင်းကျော်က ယနေ့နံနက်ပိုင်းတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြတောင်းဆိုကြသည်။  စက်တင်ဘာလ ၁၇ ရက် ယနေ့မနက်ပိုင်း ၈ နာရီအချိန်က နန်းမိုဟွမ် ဖမ်းဆီးခြင်းတလ ပြည့်အနေဖြင့် ၄င်းလွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့လယ်အား တပတ်ပတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း...

အစိုးရတပ် ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် ဖျက်ဆီးခံရသည့် ပြောင်းခြံများ၏ ပိုင်ရှင်များအား ကျေနပ်ကြောင်းလက်မှတ်ထိုးခိုင်း

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုဝင် မန်လီရွာတွင် ယမန်နေ့က အဆိုပါရွာစခန်းချ အစိုးတပ်အား အမည်မသိအဖွဲ့မှ ၀င်ရောက်ပစ်ခတ်ပြီးနောက်ပိုင်း တပ်စခန်းအနီးရှိ ပြောင်းခြံများအား တပ်မှထွန်ယက်ဖျက်ဆီးခဲ့ပြီးနောက် ပြောင်းခြံပိုင်ရှင်များအား ကျေနပ်ကြောင်း လက်မှတ် ရေးထိုး ခိုင်းသည်ဟုသိရသည်။ "မနေ့က သေနတ်သံထွက်ပြီးတာနဲ့ တပ်နဲ့ကပ်လျက် ပြောင်းခြံ ၅ ခြံထက်မနည်းကို သူတို့ ထွန်စက်ကြီးနဲ့...

မြန်မာနိုင်ငံလူကုန်ကူးမှုတွင် အမျိုးသမီးပါ၀င်မှု ၅၀ ရာခိုင်နှုန်းကျော်ရှိ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခန်းနားကို သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပါသည်။ စက်တင်ဘာလ ၁၃ ရက်တွင်ကျရောက်သောလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ တွင် နံနက် ၉:၀၀ တွင်ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဌ ပြည်နယ်တရားသူကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်သူများ၊ တိုင်းရင်းသားအဖွဲ့၊ သားဖွားအဖွဲ့ နှင့် မီဒီယာအဖွဲ့များတက်ရောက်ခဲ့ပါသည်။ တက်ရောက်သူပေါင်းတစ်ထောင်နီးပါးရှိသည့်...

သီပေါမြို့နယ် အစိုးရတပ်တခုကို လက်နက်အဖွဲ့တဖွဲ့ ၀င်တိုက် ၁ ယောက်သေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုဝင် မန်လီရွာ ရှိ အစိုးရတပ်မတော် ခမရ ၁၇ တပ်ရင်း တံခါးဂိတ်ကို ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ရာ တယောက်သေဆုံးသွားရသည်။ စက်တင်ဘာလ ၁၃ ရက် မန်လီစျေးနေ့ယနေ့မနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အစိုးရတပ်သားဘက်က တယောက်သေ တယောက်ဒဏ်ရာရရှိကာ နမ့်လန်ဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း နမ့်လန်ဒေသခံ စိုင်းအိုက်ခမ်း ကပြောသည်။ စျေးနေ့ဆိုတော့...

နန်းမိုဟွမ်ရဲ့ဘဝအတွက်စိုးရိမ်ရလို့ အမြန်ဆုံးလွှတ်ပေးဖို့ TNLA ကို ကျားဖြူပါတီဥက္ကဌ တောင်းဆို

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) SNDP ဥက္ကဌ၊ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အလှည့်ကျဥက္ကဌ စိုင်းအိုက်ပေါင်းက ဖမ်းဆီးထားတဲ့ နမ့်ခမ်းဒေသခံ နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ် ပေးဖို့ တအာင်းပလောင်တပ်ဖွဲ့ TNLA ကိုတောင်းဆိုလိုက်ပါတယ်။ “နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတယ်။ အမျိုးသမီး တယောက်လည်းဖြစ်တယ်။ ကလေး ၃ ယောက်ရဲ့မိခင်လည်းဖြစ်တယ်။ အခုဖမ်းသွားတာတလ တောင်ကြာနေပြီ...

TNLA မှဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ် လွှတ်မြောက်ရေး မိသားစုဝင်များ မြို့လယ်တွင် ငြိမ်းချမ်းစွာတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ရက် ၂၀ ကျော်ကြာ TNLA တအာင်းတပ်ဖွဲ့ မှ ဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား ပြန်လွှတ်ပေးရန် မိသားစုဝင်များက ယနေ့မနက်ပိုင်းက နမ့်ခမ်းမြို့လယ်ခေါင် ပန်ပွဲကွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ စက်တင်ဘာလ ရ ရက်နေ့ မနက်ပိုင်း နံနက် ၉ နာရီမှ ၁၁...

TNLA မှဖမ်းဆီးထားသည့် နမ့်ခမ်းမြို့သူ နန်းမိုဟွမ် လွှတ်မြောက်ရေး မိသားစုမှ ဆန္ဒပြတောင်းဆိုမည်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် TNLA မှ ဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ ကလေး ၃ ဦးမိခင် နန်းမိုဟွမ် ပြန်လည်လွှတ် မြောက်ရေးအတွက် မိသားစုဝင်များ က ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆို သွား မည်ဖြစ်ကြာင်းသိရသည်။ စက်တင်ဘာလ ရ ရက်နေ့ သောကြာနေ့တွင် မိသားစုဝင်များ ဆွေမျိုးသားချင်းများ က...

တအာင်းတပ်ဖွဲ့မှဖမ်းဆီးသွားသည့်နမ့်ခမ်းမြို့သူ ပြန်လွှတ်ပေးရေးကူညီဆောင်ရွက်ပေးရန် သက်ဆိုင်ရာ သို့ မိသားစုမှ စာရေးသားပေးပို့

တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် TNLA မှဖမ်းဆီးသွားသည့် နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် အတွက် ကူညီပေးရန် နန်းမိုဟွမ်၏ မိသားစုဝင်နှင့် နမ့်ခမ်းမြို့ အဖွဲ့အစည်းအသီးမှ လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာ သို့ စာရေး တင်ပြထားကြောင်း သတင်း ရရှိသည်။ အဆိုပါ လက်မှတ်ရေးထိုးပို့လိုက်သည့် အဖွဲ့များမှာ နိုင်ငံတော်...

Latest news