TNLA မှဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ် လွှတ်မြောက်ရေး မိသားစုဝင်များ မြို့လယ်တွင် ငြိမ်းချမ်းစွာတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ရက် ၂၀ ကျော်ကြာ TNLA တအာင်းတပ်ဖွဲ့ မှ ဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား ပြန်လွှတ်ပေးရန် မိသားစုဝင်များက ယနေ့မနက်ပိုင်းက နမ့်ခမ်းမြို့လယ်ခေါင် ပန်ပွဲကွင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


စက်တင်ဘာလ ရ ရက်နေ့ မနက်ပိုင်း နံနက် ၉ နာရီမှ ၁၁ နာရီအထိ နန်းမိုဟွမ်၏ မိသားစုဝင်များက ဆိုင်းဘုတ်များကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပါသည်။

“ကျမတို့ညီမ နန်းမိုဟွမ် ဘာအပြစ်မှမရှိဘူး။ ဘယ်နိုင်ငံရေးနဲ့မှမပတ်သက်ဘူး။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှလည်း မပတ်သက်ဘူး။ ဖမ်းသွားတာ ရက် ၂၀ ကျော်ပြီ။ ပြန်မလွှတ်ပေးသေးဘူး။ ကြာပြီဆိုတော့သူ့ကျန်းမာရေးကို စိုးရိမ်ရပါတယ်။ သူ့သားသမီးတွေလည်း ငယ်နေသေးတော့ စိတ်ဒဏ်ရာရမှာကိုစိုးရိမ်မိပါတယ်။ ကျမတို့တမိသားစုလုံးက စိတ်မကောင်းဖြစ်ရပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ အခုက မိသားစုဝင်တွေကိုတွေ့ခွင့်လည်းမပေးဘူး။ ”- ဟု နန်းမိုဟွမ်၏ အမ ဖြစ်သူ နန်းမိုခမ်းက ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် နန်းမိုဟွမ်၏ မိသားစုဝင်များအား နမ့်ခမ်းဒေသခံ တထောင်ကျော်က ၀န်းရံအားပေးကြပြီး နမ့်ခမ်းမြို့လူငယ်အဖွဲ့၊ သွေးစည်းညီညွတ်ရေး UP ၊ နိုင်ငံရေးပါတီ၊ ပြည်သူ့ရဲ တပ်ဖွဲ့ တို့က လုံခြုံရေးယူပေးခဲ့သည်။

“သမီးမေမေကိုအမြန်ဆုံးပြန်လွှတ်ပေးပါ ”- ဟု ၉ နှစ်အရွယ်ရှိ သမီးဖြစ်သူက ပြောသည်။

မိသားစုဝင်များသည် – အပြစ်မဲ့သော နန်းမိုဟွမ် အမြန်လွှတ်မြောက်လာနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသော အစိုးရအဖွဲ့အစည်းများမှ ထိရောက်စွာကူညီဆောင်ရွက်ပေးရန်၊ PSLF/TNLA မှဖမ်းဆီးထားသော အပြစ်မဲ့ နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန် ၊ သားနှင့်သမီးတို့၏ အပြစ်မဲ့မေမေကို အမြန်ဆုံးလွှတ်ပေးရန် – အစရှိ ဗီနိုင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းတပ်ဖွဲ့ကို ကျနော်တို့ နမ့်ခမ်းလူငယ်ထုကလည်း တောင်းဆိုချင်ပါတယ်။ သူ့မှာလည်း လူမမယ်အရွယ် ကလေးလေး ၃ ယောက်ရှိနေတယ်။ သူဟာ သာမာန်ပြည်သူတယောက်ဘဲဖြစ်တာမို့ အပြစ်မရှိပါဘူး။ ဆန္ဒထုတ်ဖော်ပွဲမှာပါ၀င်တဲ့ နန်းမိုဟွမ်ရဲ့ တဝမ်းကွဲအစ်မ နန်းကြာအေး မူးလဲတယ်။ စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး။ စိတ်ထိခိုက်တာရယ်၊ နေပူတာရယ် ကြောင့်ပါ ”- ဟု နမ့်ခမ်းမြို့ လူငယ်အဖွဲ့ဝင် အသက် ၃၀ အရွယ် လူငယ်တဦးကလည်းပြောသည်။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က – တကယ်တော့ ရာဇသတ်ကြီးပုဒ်မ ၃၃၃ ဆိုတာဟာ နိုင်ငံတော်ဝန်ထမ်းကိုထိခိုက်အောင်လုပ်တဲ့သူတွေကိုသာအရေးယူရမယ့် ဥပဒေပုဒ်မဖြစ်တယ်။ NCA လက်မှတ်မထိုးရသေးတဲ့ TNLA လိုမျိုး ဥပဒေပြင်ပအဖွဲ့အစည်းက သုံးခွင့်မရှိပါဘူး။ TNLA ကြေငြာချက်မှာပါတဲ့အတိုင်း တအာင်းတပ်သားတွေကိုသေဆုံးအောင်လုပ်တာဟာအစိုးရရဲ့ တပ်မတော်သာ ဖြစ်တယ်။ ဒါကြောင့်နန်းမိုဟွမ် ကိစ္စမှာ အရေးယူမယ်ဆိုရင် ပြသနာဖြစ်လာတဲ့ဇစ်မြစ်ကိုသေချာပြန်သုံးသပ်ပါ။ သစ်တပင်ကိုသာမကြည့်ဘဲ တတောလုံးကိုတွေ့အောင်ပြန်ကြည့်စေချင်ပါတယ်။ လူမျိုးရေးပြသနာဖြစ်လာ မှာစိုးရပါတယ်- ဟု ပြောသည်။

သြဂုတ်လ ၁၇ ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နောင်မောဝ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအိမ် ဆိုင်မှ နန်းမိုဟွမ်အား ကလေးထမင်းခွံ့ကျွေးနေစဉ် တအာင်းတပ်ဖွဲ့ဝင် တပ်သား ၅ ဦးက သေနတ်တေ့ချိန်ကာ ကားပေါ်ဆွဲတင်ဖမ်းဆီးသွားခဲ့သည်။ ယမန်နှစ်က ၄င်းတို့ဆိုင်မှ ဆက်ကြေးကောက်ပြီးပြန်လာသည့် တအာင်းတပ်သား ၂ ဦးလမ်းတွင် အစိုးရတပ်မှ စောင့်ပစ်ခတ်ကာ ၁ ဦးသေ တဦးဖမ်းဆီးခံရမှုမှာ- နန်းမိုဟွမ်မှ အစိုးရတပ်ထံသတင်းပေးမှုကြောင့် ဟုစွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၊ တအာင်းတပ်ဖွဲ့မှ ထုတ်ပြန်သောကြေငြာချက်တွင်ဖော်ပြထားသည်။

နန်းမိုဟွမ်ပြန်လည်လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် မိသားစုဝင်များအပြင် နမ့်ခမ်းမြို့နေ အဖွဲ့အစည်းအသီးသီးက နိုင်ငံတော်အစိုးရထံ၊ အစိုးရတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တအာင်းသံဃာတော်များထံ ၊သက်ဆိုင်ရာအဖွဲ့အစည်းများထံ စာရေးသားပေးပို့ခဲ့သည်။ ရက် ၂၀ ကျော်တိုင် ပြန်မလွတ်မြောက်သေးသဖြင့် မိသားစုဝင်များက ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းဖြစ်ကြောင်းသိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...