Tuesday, January 27, 2026

နန်းမိုဟွမ်လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံ ၂ သောင်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြ

TNLA ဖမ်းထားသည့် ကလေးသုံးယောက်အမေ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့ခံ ၂ သောင်းကျော်က ယနေ့နံနက်ပိုင်းတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြတောင်းဆိုကြသည်။

Photo by SHAN / နန်းမိုဟွမ်လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံ ၂ သောင်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြ

 စက်တင်ဘာလ ၁၇ ရက် ယနေ့မနက်ပိုင်း ၈ နာရီအချိန်က နန်းမိုဟွမ် ဖမ်းဆီးခြင်းတလ ပြည့်အနေဖြင့် ၄င်းလွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့လယ်အား တပတ်ပတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုကြသည်။

 ဆန္ဒပြမှုတွင်ဦးဆောင်ပါ၀င်ခဲ့သည့် နမ့်ခမ်းလူငယ် စိုင်းအိုက်ခေးက – ဒေသခံလူထုကို ဖမ်းဆီးတာမျိုး ဘယ်လက်နက်ကိုင်ကိုမဆိုကျနော်တို့ဆန့်ကျင်တယ်။ လက်နက်ကိုင်ဆိုတာ လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ်။ ဒါကြောင့် ဒေသခံပြည်သူလူထုတယောက်ဖြစ်တဲ့ နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ TNLA  ကို တောင်းဆိုပါတယ်။ အခုလို နမ့်ခမ်းဒေသခံ တရပ်လုံးက တောင်းဆို နေတာတောင်  နန်းမိုဟွမ်ကို ပြန်မလွှတ်ပေးသေးဘူးဆိုရင် အနာဂတ်မှာ  နမ့်ခမ်းမှာနေထိုင်တဲ့ သျှမ်းနဲ့တအာင်းလူထုကြား ချစ်ကြည်ရင်းနှီးမှုပြိုကွဲသွားမှာကိုစိုးရိမ်တယ်။ ဒါကြောင့်အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ် – ဟုပြောသည်။

 နမ့်ခမ်းမြို့နယ် ဒေသခံလူထုသည် – “TNLA မှဖမ်းဆီးသွားသောနန်းမိုဟွမ်အား -ချက်ချင်းလွှတ် ချက်ချင်းလွှတ်”၊”မတရားဆက်ကြေးကောက်ခြင်း အား -ချက်ချင်းရပ် ချက်ချင်းရပ်”၊ “အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး  – ဒို့အရေး ဒို့အရေး”၊ “တရားဥပဒေ စိုးမိုးရေး  – ဒို့အရေး ဒို့အရေး” အစရှိကြွေးကြော်ပြီး နမ့်ခမ်းမြို့လယ်အား တပတ်ပတ်ကာ ဆန္ဒပြခဲ့ကြသည်။

လက်နက်မဲ့  ဒေသခံလူထုအား TNLA  မှဖမ်းဆီးသည်မှာ ယခုပထမဆုံးအကြိမ် မဟုတ်တော့ကြောင်း၊ ယခင်ကလည်း ဖမ်းဆီးသွားခဲ့သည်များရှိခဲ့ဖူးကြောင်း၊ နှစ်ပေါင်းကြာလာသည့်တိုင်အောင် သတင်းမကြားဘဲရှိနေသဖြင့် အဖမ်းခံရသူများ၏ မိသားစုဝင်များ က စိုးရိမ်ပူပန်နေကြကြောင်း ဆန္ဒပြမှုတွင်ပါ၀င်သည့် မိသားစုဝင်များကပြောသည်။

 ၂၀၁၆ ခုနှစ်ကတည်းက သားဖြစ်သူ စိုင်းယီ့ဆိုင်မိန်းအား TNLA မှ ဖမ်းဆီးသွားခဲ့ပြီးယနေ့တိုင် ပြန်မလွှတ်ပေးသေးသည့်အပေါ်အဖမ်းခံရသူ၏ ဖခင်ဖြစ်သူ စိုင်းလိန်ဆိုင် က- “ဖမ်းသွားကတည်းက ခုချိန်ထိဘာသတင်းမှမကြားရဘူး။ သေလားရှင်လားလည်းမသိဘူး။ ကျနော်တို့ မိဘဖြစ်သူ၊ ဆွေးမျိုးဖြစ်သူတွေက နေ့တိုင်းဘဲစိတ်သောက ရောက်နေရတယ်။ သူခိုးဆိုရင်  သူလိုတာဘဲသူယူသွားမယ်။ ပြန်ပေးဆွဲ သူဆိုရင်လည်း အနည်းဆုံး မိဘဆွေမျိုးတွေကိုတော့ အသိပေးပါလိမ့်မယ်။ အခုက အဲဒါတွေထက်ပိုဆိုးနေတယ်။ ဒါမျိုးတွေ ဆက်မဖြစ်စေချင်ဘူး။ ကျနော့သားလိုမျိုး နန်းမိုဟွမ်လိုမျိုး ထပ်မလုပ်ဖို့ TNLA ကိုတောင်းဆိုချင်တယ်။ အခုလိုလူထုရဲ့ဆန္ဒကိုသိရပြီဖြစ်လို့ TNLA ကနေ ကိုယ်ချင်းစာတရားရှေ့ထားပြီး  ပြန်လွှတ်ပေးပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” – ဟုပြောသည်။

Photo By SHAN/ အဖမ်းခံရသည့် နန်းမိုဟွမ်၏ သားသမီးများ

အဖမ်းခံရသူ  နန်းမိုဟွမ်၏ အမဖြစ်သူ နန်းမိုခမ်းကလည်း ညီမဖြစ်သူအမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက်ပါ၀င်ကူညီခဲ့သည့် နမ့်ခမ်းဒေသခံများအား  ကျေးဇူးတင်ကြောင်း၊ နမ့်ခမ်းလူထုဆန္ဒအား သိမြင်ကာ ညီမဖြစ်သူအား အမြန်ဆုံးပြန်လွှတ်ပေးဖို့ TNLA  အား တောင်းဆိုကြောင်း ပြောဆိုသည်။

 မိသားစုအလိုက်ဆန္ဒုပြခဲ့ပြီးနောက်ပိုင်း ခုချိန်အထိ ဘာသတင်းမှမကြားရ ဘာမှမပြောလာဘူး။ မိသားစုအနေနဲ့လည်းစိတ်ပူတယ်။ ကျန်းမာရေး လုံခြုံရေးအခြေအနေအစစအရာရာ စိုးရိမ်တယ်။ သားသမီးတွေလည်း အရမ်းကိုငယ်ပါသေးတယ်။သူတို့ကိုပြုစုစောင့်ရှောက်ဖို့ သူတို့ရဲ့မိခင် လိုအပ်နေပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းတပ်ဖွဲ့ကို တောင်းဆိုပါတယ်။ ပါ၀င်ကူညီမှုပေးတဲ့နမ့်ခမ်းဒေသခံလူထုတရပ်လုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ – ဟုပြောသည်။

 မိသားစုအနေဖြင့်လည်း နန်းမိုဟွမ်ပြန်လည်လွှတ်မြောက်ရေးအတွက် စက်တင်ဘာလ ရ ရက်နေ့က နမ့်ခမ်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

 သြဂုတ်လ ၁၇ ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နောင်မောဝ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအိမ် ဆိုင်မှ နန်းမိုဟွမ်သည်  ကလေးအားထမင်းခွံ့ကျွေးနေစဉ် တအာင်းတပ်ဖွဲ့ဝင် တပ်သား ၅ ဦးက သေနတ်တေ့ချိန်ကာ ကားပေါ်ဆွဲတင်ဖမ်းဆီးသွားခဲ့သည်။ ယမန်နှစ်က ၄င်းတို့ဆိုင်မှ ဆက်ကြေးကောက်ပြီးပြန်လာသည့် တအာင်းတပ်သား ၂ ဦးလမ်းတွင် အစိုးရတပ်မှ စောင့်ပစ်ခတ်ကာ ၁ ဦးသေ တဦးဖမ်းဆီးခံရမှုမှာ- နန်းမိုဟွမ်မှ အစိုးရတပ်ထံသတင်းပေးမှုကြောင့် ဟုစွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၊ တအာင်းတပ်ဖွဲ့မှ ထုတ်ပြန်သောကြေငြာချက်တွင်ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...