နန်းမိုဟွမ်လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံ ၂ သောင်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြ

TNLA ဖမ်းထားသည့် ကလေးသုံးယောက်အမေ နန်းမိုဟွမ် လွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့ခံ ၂ သောင်းကျော်က ယနေ့နံနက်ပိုင်းတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြတောင်းဆိုကြသည်။

Photo by SHAN / နန်းမိုဟွမ်လွတ်မြောက်ရေး နမ့်ခမ်းမြို့ခံ ၂ သောင်းကျော် ငြိမ်းချမ်းစွာ ဆန္ဒပြ

 စက်တင်ဘာလ ၁၇ ရက် ယနေ့မနက်ပိုင်း ၈ နာရီအချိန်က နန်းမိုဟွမ် ဖမ်းဆီးခြင်းတလ ပြည့်အနေဖြင့် ၄င်းလွတ်မြောက်ရေးအတွက် နမ့်ခမ်းမြို့လယ်အား တပတ်ပတ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်း ဆိုကြသည်။

 ဆန္ဒပြမှုတွင်ဦးဆောင်ပါ၀င်ခဲ့သည့် နမ့်ခမ်းလူငယ် စိုင်းအိုက်ခေးက – ဒေသခံလူထုကို ဖမ်းဆီးတာမျိုး ဘယ်လက်နက်ကိုင်ကိုမဆိုကျနော်တို့ဆန့်ကျင်တယ်။ လက်နက်ကိုင်ဆိုတာ လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ်။ ဒါကြောင့် ဒေသခံပြည်သူလူထုတယောက်ဖြစ်တဲ့ နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ TNLA  ကို တောင်းဆိုပါတယ်။ အခုလို နမ့်ခမ်းဒေသခံ တရပ်လုံးက တောင်းဆို နေတာတောင်  နန်းမိုဟွမ်ကို ပြန်မလွှတ်ပေးသေးဘူးဆိုရင် အနာဂတ်မှာ  နမ့်ခမ်းမှာနေထိုင်တဲ့ သျှမ်းနဲ့တအာင်းလူထုကြား ချစ်ကြည်ရင်းနှီးမှုပြိုကွဲသွားမှာကိုစိုးရိမ်တယ်။ ဒါကြောင့်အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုပါတယ် – ဟုပြောသည်။

 နမ့်ခမ်းမြို့နယ် ဒေသခံလူထုသည် – “TNLA မှဖမ်းဆီးသွားသောနန်းမိုဟွမ်အား -ချက်ချင်းလွှတ် ချက်ချင်းလွှတ်”၊”မတရားဆက်ကြေးကောက်ခြင်း အား -ချက်ချင်းရပ် ချက်ချင်းရပ်”၊ “အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး  – ဒို့အရေး ဒို့အရေး”၊ “တရားဥပဒေ စိုးမိုးရေး  – ဒို့အရေး ဒို့အရေး” အစရှိကြွေးကြော်ပြီး နမ့်ခမ်းမြို့လယ်အား တပတ်ပတ်ကာ ဆန္ဒပြခဲ့ကြသည်။

လက်နက်မဲ့  ဒေသခံလူထုအား TNLA  မှဖမ်းဆီးသည်မှာ ယခုပထမဆုံးအကြိမ် မဟုတ်တော့ကြောင်း၊ ယခင်ကလည်း ဖမ်းဆီးသွားခဲ့သည်များရှိခဲ့ဖူးကြောင်း၊ နှစ်ပေါင်းကြာလာသည့်တိုင်အောင် သတင်းမကြားဘဲရှိနေသဖြင့် အဖမ်းခံရသူများ၏ မိသားစုဝင်များ က စိုးရိမ်ပူပန်နေကြကြောင်း ဆန္ဒပြမှုတွင်ပါ၀င်သည့် မိသားစုဝင်များကပြောသည်။

 ၂၀၁၆ ခုနှစ်ကတည်းက သားဖြစ်သူ စိုင်းယီ့ဆိုင်မိန်းအား TNLA မှ ဖမ်းဆီးသွားခဲ့ပြီးယနေ့တိုင် ပြန်မလွှတ်ပေးသေးသည့်အပေါ်အဖမ်းခံရသူ၏ ဖခင်ဖြစ်သူ စိုင်းလိန်ဆိုင် က- “ဖမ်းသွားကတည်းက ခုချိန်ထိဘာသတင်းမှမကြားရဘူး။ သေလားရှင်လားလည်းမသိဘူး။ ကျနော်တို့ မိဘဖြစ်သူ၊ ဆွေးမျိုးဖြစ်သူတွေက နေ့တိုင်းဘဲစိတ်သောက ရောက်နေရတယ်။ သူခိုးဆိုရင်  သူလိုတာဘဲသူယူသွားမယ်။ ပြန်ပေးဆွဲ သူဆိုရင်လည်း အနည်းဆုံး မိဘဆွေမျိုးတွေကိုတော့ အသိပေးပါလိမ့်မယ်။ အခုက အဲဒါတွေထက်ပိုဆိုးနေတယ်။ ဒါမျိုးတွေ ဆက်မဖြစ်စေချင်ဘူး။ ကျနော့သားလိုမျိုး နန်းမိုဟွမ်လိုမျိုး ထပ်မလုပ်ဖို့ TNLA ကိုတောင်းဆိုချင်တယ်။ အခုလိုလူထုရဲ့ဆန္ဒကိုသိရပြီဖြစ်လို့ TNLA ကနေ ကိုယ်ချင်းစာတရားရှေ့ထားပြီး  ပြန်လွှတ်ပေးပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” – ဟုပြောသည်။

Photo By SHAN/ အဖမ်းခံရသည့် နန်းမိုဟွမ်၏ သားသမီးများ

အဖမ်းခံရသူ  နန်းမိုဟွမ်၏ အမဖြစ်သူ နန်းမိုခမ်းကလည်း ညီမဖြစ်သူအမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက်ပါ၀င်ကူညီခဲ့သည့် နမ့်ခမ်းဒေသခံများအား  ကျေးဇူးတင်ကြောင်း၊ နမ့်ခမ်းလူထုဆန္ဒအား သိမြင်ကာ ညီမဖြစ်သူအား အမြန်ဆုံးပြန်လွှတ်ပေးဖို့ TNLA  အား တောင်းဆိုကြောင်း ပြောဆိုသည်။

 မိသားစုအလိုက်ဆန္ဒုပြခဲ့ပြီးနောက်ပိုင်း ခုချိန်အထိ ဘာသတင်းမှမကြားရ ဘာမှမပြောလာဘူး။ မိသားစုအနေနဲ့လည်းစိတ်ပူတယ်။ ကျန်းမာရေး လုံခြုံရေးအခြေအနေအစစအရာရာ စိုးရိမ်တယ်။ သားသမီးတွေလည်း အရမ်းကိုငယ်ပါသေးတယ်။သူတို့ကိုပြုစုစောင့်ရှောက်ဖို့ သူတို့ရဲ့မိခင် လိုအပ်နေပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းတပ်ဖွဲ့ကို တောင်းဆိုပါတယ်။ ပါ၀င်ကူညီမှုပေးတဲ့နမ့်ခမ်းဒေသခံလူထုတရပ်လုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ – ဟုပြောသည်။

 မိသားစုအနေဖြင့်လည်း နန်းမိုဟွမ်ပြန်လည်လွှတ်မြောက်ရေးအတွက် စက်တင်ဘာလ ရ ရက်နေ့က နမ့်ခမ်းမြို့နယ်တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။

 သြဂုတ်လ ၁၇ ရက်နေ့က နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်နေ နောင်မောဝ် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးအိမ် ဆိုင်မှ နန်းမိုဟွမ်သည်  ကလေးအားထမင်းခွံ့ကျွေးနေစဉ် တအာင်းတပ်ဖွဲ့ဝင် တပ်သား ၅ ဦးက သေနတ်တေ့ချိန်ကာ ကားပေါ်ဆွဲတင်ဖမ်းဆီးသွားခဲ့သည်။ ယမန်နှစ်က ၄င်းတို့ဆိုင်မှ ဆက်ကြေးကောက်ပြီးပြန်လာသည့် တအာင်းတပ်သား ၂ ဦးလမ်းတွင် အစိုးရတပ်မှ စောင့်ပစ်ခတ်ကာ ၁ ဦးသေ တဦးဖမ်းဆီးခံရမှုမှာ- နန်းမိုဟွမ်မှ အစိုးရတပ်ထံသတင်းပေးမှုကြောင့် ဟုစွပ်စွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၊ တအာင်းတပ်ဖွဲ့မှ ထုတ်ပြန်သောကြေငြာချက်တွင်ဖော်ပြထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...