နန်းမိုဟွမ်ရဲ့ဘဝအတွက်စိုးရိမ်ရလို့ အမြန်ဆုံးလွှတ်ပေးဖို့ TNLA ကို ကျားဖြူပါတီဥက္ကဌ တောင်းဆို

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) SNDP ဥက္ကဌ၊ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အလှည့်ကျဥက္ကဌ စိုင်းအိုက်ပေါင်းက ဖမ်းဆီးထားတဲ့ နမ့်ခမ်းဒေသခံ နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ် ပေးဖို့ တအာင်းပလောင်တပ်ဖွဲ့ TNLA ကိုတောင်းဆိုလိုက်ပါတယ်။

TNLA မှဖမ်းဆီးထားသည့် နမ့်ခမ်းမြို့သူ နန်းမိုဟွမ် နှင့် ပြန်လွှတ်ပေးရန်တောင်းဆိုခဲ့သည့် ကျားဖြူပါတီဥက္ကဌ စိုင်းအိုက်ပေါင်း Photo by : SNDP

“နန်းမိုဟွမ်ကို အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတယ်။ အမျိုးသမီး တယောက်လည်းဖြစ်တယ်။ ကလေး ၃ ယောက်ရဲ့မိခင်လည်းဖြစ်တယ်။ အခုဖမ်းသွားတာတလ တောင်ကြာနေပြီ ။ တကယ်ဆို ဒီလောက်ထိ မဖြစ်သင့်ဘူး။ လက်နက်ကိုင်အဖွဲ့အတွက်လည်းမကောင်းဘူး။ ဒါကြောင့် နန်းမိုဟွမ်ကိုအမြန်ဆုံး လွှတ်ပေးဖို့အလေးအနက်တောင်း ဆိုချင်ပါတယ်။ သူ့ကျန်းမာရေးအခြေအနေကအစ စိုးရိမ်ရပါတယ်”- လို့ စိုင်းအိုက်ပေါင်းကပြောဆိုလိုက်ပါတယ်။

အသက် ၃၀ ကျော်အရွယ် နန်းမိုဟွမ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့မနက်ပိုင်းက တအာင်းတပ်ဖွဲ့ကနေလာဖမ်းသွားရာကနေ ကနေ့ဆိုရင် ရက် ၂၀ ကျော်ပြီဖြစ်ပါတယ်။

သျှမ်းပြည်ထဲက နိုင်ငံရေးပါတီ၊ လူမှုအခြေပြုအဖွဲ့အစည်းအသီးအသီးကအပြင် နိုင်ငံတော်အစိုးရ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ကလည်း နန်းမိုဟွမ်ကိုပြန်လွှတ်ပေးဖို့ ကြေငြာချက်တွေထုတ်ပြန်တောင်းဆိုခဲ့ပေမယ့် ကနေ့အထိ နန်းမိုဟွမ်ပြန်မလွှတ်မြောက်သေးပါဘူး။

“ရက်တွေကကြာလာပြီလေ။ ကျမညီမ ကျန်းမာရေးအခြေအနေ စိုးရိမ်ရပါတယ်။ ကျမညီမ အပြစ်မရှိပါဘူး။ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်။ အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ သူ့ခလေးတွေ စိတ်ပိုင်းဆိုင်ရာထိခိုက်မှာ စိုးရိမ်ရပါတယ်”- လို့ အမဖြစ်သူ နန်းမိုခမ်းက ပြောပါတယ်။

နန်းမိုဟွမ် ဟာ TNLA အကောက်ခွန်ဦးစီးဌာန မှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်း တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများ အားအပြင်းထန် ထိခိုက်သေဆုံးသည့်အထိ တာဝန်ဝတ္တရား နှောင့်ယှက်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၀ နှစ်အထိကျ နိုင်တဲ့ (နိုင်ငံတော်အစိုးရ အသုံးပြုတဲ့ ရာဇာသတ်ကြီး ပုဒ်မ ၃၃၃) အမှု နဲ့ TNLA တရားရုံးမှ နန်းမိုဟွမ်ကို အမှုဖွင့်အရေးယူထားတယ်လို့ စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ TNLA မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

TNLA ဟာ နန်းမိုဟွမ်မိသားစုရဲ့ အိမ်ဆိုင်ကို ၂၀၁၆ ခု က ကျပ်ငွေ ၃ သိန်း၊ ၂၀၁၇ ခု နှစ်က ကျပ်ငွေ ၁၁ သိန်း ၀င်ရောက်ကောက်ခံခဲ့ပါတယ်။ ၂၀၁၇ ခုက ပိုက်ဆံ ကောက်ပြီးအပြန် လမ်းခုလတ်မှာ အစိုးရတပ်မတော် က စောင့်ပစ်တဲ့အတွက်တယောက်သေဆုံးပြီး တယောက်ကိုဒဏ်ရာနဲ့ဖမ်းဆီးသွားပါတယ်။ အဲဒါကို နန်းမိုဟွမ်ကနေ သတင်းပေးလို့ဖြစ်တယ်လို့ TNLA က နန်းမိုဟွမ်ကို စွပ်စွဲပြီး လာရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ ၄င်းတို့ရဲ့ကြေငြာချက်မှာပါရှိပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

တအာင်း (ပလောင်) ဒေသတွင် MNDAA ကို ဆန့်ကျင်ဆန္ဒပြနေသည်ဆိုသည့် AI ဖြင့်ဖန်တီးထားသော သတင်းအမှား

0
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား တအာင်း (ပလောင်) နယ်မြေအတွင်းမှ ထွက်ခွာပေးရန်နှင့် အလိုမရှိကြောင်း ဆန္ဒပြနေကြသည်ဟုဆိုကာ လူစုလူဝေးဓာတ်ပုံများနှင့် သတင်းများ ပျံ့နှံ့နေသည်။ အဆိုပါဓာတ်ပုံကို We Are Ta’ang အမည်ရှိ အကောင့်တစ်ခုမှ မတ်လ ၂၀...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...