TNLA မှဖမ်းဆီးထားသည့် နမ့်ခမ်းမြို့သူ နန်းမိုဟွမ် လွှတ်မြောက်ရေး မိသားစုမှ ဆန္ဒပြတောင်းဆိုမည်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် TNLA မှ ဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ ကလေး ၃ ဦးမိခင် နန်းမိုဟွမ် ပြန်လည်လွှတ် မြောက်ရေးအတွက် မိသားစုဝင်များ က ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆို သွား မည်ဖြစ်ကြာင်းသိရသည်။

Photo from Facebook

စက်တင်ဘာလ ရ ရက်နေ့ သောကြာနေ့တွင် မိသားစုဝင်များ ဆွေမျိုးသားချင်းများ က စုပေါင်းကာ မြို့လယ်ဘုရားကျောင်းရှေ့တွင် “ နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန်” ဆန္ဒထုတ် ဖော်သွားမည်ဖြစ်ပြီး ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့နှင့် အရံမီးတပ် တပ်ဖွဲ့တို့မှ လုံခြုံရေးယူပေးမည်ဖြစ်ကြောင်း မိသားစုနှင်းနီးစပ်သူ နမ့်ခမ်းဒေသခံ စိုင်းအိုက်ကပြောသည်။

“မနေ့က မိသားစုက နိုင်ငံတော်အကြီးအကဲနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို စာရေးသားပေးပို့တယ်။ နန်းမိုဟွမ် အမြန်ဆုံးပြန် လည်လွှတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့။ တဖက်ကလည်း မြို့နယ်အုပ်ချုပ်ရေးတို့ ရဲတို့ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ခွင့် ခွင့်ပြုချက်တောင်းတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောတယ် လူမျိုးရေးပြသနာဖြစ်လာရင်ဘယ်သူတာဝန်ယူမလဲ တဲ့။ ကျနော်တို့လုံခြုံရေး ကျနော်တို့ဘဲ ပြန်ပြီးတာဝန်ူယူနေရတယ်လေအခုလည်းဘဲ။ ဒါမယ့် ဒီနေ့မနက် ခွင့်ပြုစာကျလာတယ်။ ရ ရက်နေ့မှာ ဆန္ဒပြခွင့်ပေးတယ်။” – ဟု နမ့်ခမ်းမြို့ လူမှုညီ ညွတ်ရေး အသင်း UP အဖွဲ့ဝင်လူငယ်လည်းဖြစ်သည့် စိုင်းအိုက် က သျှမ်းသံတော်ဆင့်အားပြောသည်။

တဖက်တွင်လည်း နမ့်ခမ်းမြို့တွင်းအဖွဲ့အစည်းများဖြစ်ကြသော သံဃာတော်များအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့၊ အုပ်စုအုပ်ချုပ် ရေးမှူးများအဖွဲ့ ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ကျားဖြူပါတီ၊ လူမှုညီညွတ်ရေးအသင်း၊ တောင်သူလယ်သမား များအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့ (ကျားဖြူပါတီ) ၊ လူငယ်ကွန်ယက်၊ သျှမ်းလူငယ်များအဖွဲ့ တို့ကလည်း စာရေးစုပေါင်း လက်မှတ် ရေးထိုးကာ နန်းမိုဟွမ် အမြန်ဆုံးပြန် လည်လွှတ်မြောက်ရေး ကူညီဆောင်ရွက်ပေးရန် ဌာနဆိုင်ရာ အကြီးအကဲများအား ယမန်နေ့က တင်ပြပေးပို့ခဲ့သည်။

TNLA တအာင်း ဘက်ကမူ ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန်ရာ – TNLA အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် အပြင်းအထန်ထိခိုက်သေဆုံးစေသည်အထိ နန်းမိုဟွမ်မှ တာဝန် ၀တ္တရား နှောင့် ယှက်ခဲ့သောကြောင့် နန်းမိုဟွမ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ ဖြင့် PSLF/TNLA ၏ ဗဟိုတရားရုံးမှ အမှုဖွင့်အရေးယူထားသည်- ဟု ကြေငြာချက်တွင် ပါရှိပါသည်။

နိုင်ငံတော်၏ ရာဇသတ်ကြီးပုဒ်မ ၃၃၃ တွင် -ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအားနာကျင်စေလျှင် ၁၀ နှစ်အထိ ထောင်ဒဏ်အမျိုးမျိုးချမှရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် – ဟု ပါရှိပါသည်။

ယမန်နှစ် ၂၀၁၇ ဇူလိုင်လက အိမ်ဆောက်ပစ္စည်းရေးဝယ်ရေးဆိုင်ရှင် နန်းမိုဟွမ် မိသားစု အား ပိုက်ဆံ ၁၁ သိန်း ဆက်ကြေး ကောက်ခံ အပြီးအပြန် TNLA တပ်သား ၂ ဦးအား လမ်းတွင် အစိုးရတပ်မတော်က ခြုံခိုတိုက်ခိုက်ရာ တပ်သားတဦး သေဆုံးပြီး တဦးအား ဖမ်းဆီးခဲ့သည်။ ၄င်းဖြစ်စဉ်မှာ နန်းမိုဟွမ် မှသတင်းပေးမှုကြောင့်ဟု TNLA က စွပ်စွဲကာ သြဂုတ်လ ၁၇ ရက်နေ့က နေအိမ်၌ ကလေးလေးအား နန်းမိုဟွမ် မနက်စာခွံ့နေစဉ် သေနတ်ဖြင့်ထိုးချိန်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် ရက် ၂၀ ပြည့်ပြီဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...