Wednesday, January 28, 2026

TNLA မှဖမ်းဆီးထားသည့် နမ့်ခမ်းမြို့သူ နန်းမိုဟွမ် လွှတ်မြောက်ရေး မိသားစုမှ ဆန္ဒပြတောင်းဆိုမည်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် TNLA မှ ဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ ကလေး ၃ ဦးမိခင် နန်းမိုဟွမ် ပြန်လည်လွှတ် မြောက်ရေးအတွက် မိသားစုဝင်များ က ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆို သွား မည်ဖြစ်ကြာင်းသိရသည်။

Photo from Facebook

စက်တင်ဘာလ ရ ရက်နေ့ သောကြာနေ့တွင် မိသားစုဝင်များ ဆွေမျိုးသားချင်းများ က စုပေါင်းကာ မြို့လယ်ဘုရားကျောင်းရှေ့တွင် “ နန်းမိုဟွမ်အား အမြန်ဆုံးပြန်လွှတ်ပေးရန်” ဆန္ဒထုတ် ဖော်သွားမည်ဖြစ်ပြီး ဒေသတွင်းလုံခြုံရေးတပ်ဖွဲ့နှင့် အရံမီးတပ် တပ်ဖွဲ့တို့မှ လုံခြုံရေးယူပေးမည်ဖြစ်ကြောင်း မိသားစုနှင်းနီးစပ်သူ နမ့်ခမ်းဒေသခံ စိုင်းအိုက်ကပြောသည်။

“မနေ့က မိသားစုက နိုင်ငံတော်အကြီးအကဲနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို စာရေးသားပေးပို့တယ်။ နန်းမိုဟွမ် အမြန်ဆုံးပြန် လည်လွှတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့။ တဖက်ကလည်း မြို့နယ်အုပ်ချုပ်ရေးတို့ ရဲတို့ကို ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ခွင့် ခွင့်ပြုချက်တောင်းတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကပြောတယ် လူမျိုးရေးပြသနာဖြစ်လာရင်ဘယ်သူတာဝန်ယူမလဲ တဲ့။ ကျနော်တို့လုံခြုံရေး ကျနော်တို့ဘဲ ပြန်ပြီးတာဝန်ူယူနေရတယ်လေအခုလည်းဘဲ။ ဒါမယ့် ဒီနေ့မနက် ခွင့်ပြုစာကျလာတယ်။ ရ ရက်နေ့မှာ ဆန္ဒပြခွင့်ပေးတယ်။” – ဟု နမ့်ခမ်းမြို့ လူမှုညီ ညွတ်ရေး အသင်း UP အဖွဲ့ဝင်လူငယ်လည်းဖြစ်သည့် စိုင်းအိုက် က သျှမ်းသံတော်ဆင့်အားပြောသည်။

တဖက်တွင်လည်း နမ့်ခမ်းမြို့တွင်းအဖွဲ့အစည်းများဖြစ်ကြသော သံဃာတော်များအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖွဲ့၊ အုပ်စုအုပ်ချုပ် ရေးမှူးများအဖွဲ့ ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ကျားဖြူပါတီ၊ လူမှုညီညွတ်ရေးအသင်း၊ တောင်သူလယ်သမား များအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့ (ကျားဖြူပါတီ) ၊ လူငယ်ကွန်ယက်၊ သျှမ်းလူငယ်များအဖွဲ့ တို့ကလည်း စာရေးစုပေါင်း လက်မှတ် ရေးထိုးကာ နန်းမိုဟွမ် အမြန်ဆုံးပြန် လည်လွှတ်မြောက်ရေး ကူညီဆောင်ရွက်ပေးရန် ဌာနဆိုင်ရာ အကြီးအကဲများအား ယမန်နေ့က တင်ပြပေးပို့ခဲ့သည်။

TNLA တအာင်း ဘက်ကမူ ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ကြေငြာချက်တစောင်ထုတ်ပြန်ရာ – TNLA အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်းတာဝန် ထမ်းဆောင်စဉ် အပြင်းအထန်ထိခိုက်သေဆုံးစေသည်အထိ နန်းမိုဟွမ်မှ တာဝန် ၀တ္တရား နှောင့် ယှက်ခဲ့သောကြောင့် နန်းမိုဟွမ်အား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၃ ဖြင့် PSLF/TNLA ၏ ဗဟိုတရားရုံးမှ အမှုဖွင့်အရေးယူထားသည်- ဟု ကြေငြာချက်တွင် ပါရှိပါသည်။

နိုင်ငံတော်၏ ရာဇသတ်ကြီးပုဒ်မ ၃၃၃ တွင် -ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအားနာကျင်စေလျှင် ၁၀ နှစ်အထိ ထောင်ဒဏ်အမျိုးမျိုးချမှရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် – ဟု ပါရှိပါသည်။

ယမန်နှစ် ၂၀၁၇ ဇူလိုင်လက အိမ်ဆောက်ပစ္စည်းရေးဝယ်ရေးဆိုင်ရှင် နန်းမိုဟွမ် မိသားစု အား ပိုက်ဆံ ၁၁ သိန်း ဆက်ကြေး ကောက်ခံ အပြီးအပြန် TNLA တပ်သား ၂ ဦးအား လမ်းတွင် အစိုးရတပ်မတော်က ခြုံခိုတိုက်ခိုက်ရာ တပ်သားတဦး သေဆုံးပြီး တဦးအား ဖမ်းဆီးခဲ့သည်။ ၄င်းဖြစ်စဉ်မှာ နန်းမိုဟွမ် မှသတင်းပေးမှုကြောင့်ဟု TNLA က စွပ်စွဲကာ သြဂုတ်လ ၁၇ ရက်နေ့က နေအိမ်၌ ကလေးလေးအား နန်းမိုဟွမ် မနက်စာခွံ့နေစဉ် သေနတ်ဖြင့်ထိုးချိန်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စက်တင်ဘာလ ၅ ရက်နေ့တွင် ရက် ၂၀ ပြည့်ပြီဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...