မြန်မာနိုင်ငံလူကုန်ကူးမှုတွင် အမျိုးသမီးပါ၀င်မှု ၅၀ ရာခိုင်နှုန်းကျော်ရှိ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ပြော

မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အခန်းနားကို သျှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့ပါသည်။

Photo By SHAN/ မြန်မာနိုင်ငံ၏ ဆဌမကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက် ရေးနေ့ အခမ်းအနား တောင်ကြီးမြို့တွင် ကျင်းပ

စက်တင်ဘာလ ၁၃ ရက်တွင်ကျရောက်သောလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ တွင် နံနက် ၉:၀၀ တွင်ကျင်းပခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဌ ပြည်နယ်တရားသူကြီးချုပ် ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ၊ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ပြည်သူများ၊ တိုင်းရင်းသားအဖွဲ့၊ သားဖွားအဖွဲ့ နှင့် မီဒီယာအဖွဲ့များတက်ရောက်ခဲ့ပါသည်။

တက်ရောက်သူပေါင်းတစ်ထောင်နီးပါးရှိသည့် ၎င်းအခန်းအနားတွင် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် မှမိန့်ခွန်းပြောကြားခဲ့ပြီး ပညာရေးကောလိပ်မှ “ရည်မှန်းချက်ပန်းတိုင်” အသိပညာပေးဇာတ်လမ်းသရုပ်ဖော်တင် ဆက်ပေး ခဲ့ပါသည်။

၂၀၁၇-၂၀၁၈ခုနှစ်တွင် လူကုန်ကူးခံရသူ ကျား(၆)ဦး မ(၁၆၉)ဦး၊ ပေါင်း(၁၇၅)ဦး အတွက်(တစ်ရာကိုးဆယ့် ခုနှစ်သိန်းတိတိ)ကိုထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

“မြန်မာနိုင်ငံရဲ့လူကုန်ကူးမှုမှာ တွေ့ကြုံရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများအနေနဲ့ ပြည်ပမှာ ခိုအောင်းနေတဲ့ လူကုန်ကူးသူတွေကို ဖမ်းဆီးဖို့ခက်ခဲခြင်း၊ နေရက်ပြန်ရောက်လာတဲ့ လူကုန်ကူးခံရသူ တွေအတွက် ပိုမိုခိုင်မာတဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေ တည်ဆောက်ပေးဖို့လိုအပ်နေခြင်း၊ ပြည်ပနိုင်ငံကိုရောက်နေတဲ့ လူကုန်ကူးခံရတာတွေကို အချိန်မီကယ်တင်နိုင်ဖို့ ခက်ခဲနေခြင်းစတဲစြိန်ခေါ်မှုတွေရှိနေပါတယ်” ဟု သျှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ််မှမိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။

လူကုန်ကူးမှုပုံစံများကို ကြည့်လျှင်လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှု ၅၃%၊ အဓမ္မခိုင်းစေမှု ၃၈%၊အခြားပုံစံ၈% ပါဝင်ကြောင်းသိရသည်။

“လူကုန်ကူးခံရတဲ့သူတွေ အခုသူတို့ပြန်လာတဲ့အခါမှာ သူတို့ဘဝရပ်တည်ဖို့ခက်ခဲတဲ့အတွက် လိုအပ်တာလေးတွေကို သူတို့ကိုပြန်လည်ထူထောင်ဖို့လုပ်ငန်းတွေလုပ်ပေးတယ် ဝက်မွေးချင်တဲ့သူဆို ဝက်မွေးမြူရေးလုပ်ပေးတယ် သက်ချုပ်ချင်တဲ့ဆိုအပ်ချုပ်စက်ပေးတယ် ကွမ်းယာဆိုင်တို့ လက္ဖက်ရည်ဆိုင်တို့ သူတို့ပြန်လည်ထူထောင်ဖို့ လုပ်ပေးပါတယ်” ဟု အမှတ် ၁၅ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ စု (တောင်ကြီး)မှ ဒုရဲမှူးမျိုးကိုကိုမှ ပြောကြားခဲ့ပါသည်။

၄င်းအခန်းအနားသည် မြန်မာနိုင်ငံ၏ ဆဌမကြိမ်မြောက် လူကုန်ကူးမှု တိုက်ဖျက် ရေးနေ့ အခမ်းအနား ဖြစ်ကြောင်းသိရသည်။ ၂၀၁၆ ထုတ်ပြန်ချက်အရ လူကုန်ကူးခံရ သူများကိုခွဲခြား စိစစ်ခဲ့ရာ အမျိုးသမီး ပါ၀င်မှု ၅၁ ရာခိုင်နှုန်း အမျိုးသား ၂၁ ရာခိုင်နှုန်း ၊ကလေးသူငယ်(အမျိုးသမီး)၂၀ ရာခိုင်နှုန်း၊ ကလေးသူငယ်(အမျိုးသား) ၈ ရာခိုင်နှုန်းရှိကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှစပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ပြည်တွင်းလူကုန်ကူးမှုသည် ၁၅ ရာခိုင်နှုန်းသာရှိပြီး ပြည်ပလူကုန်ကူးမှုမှာ၈၅ ရာခိုင်နှုန်းရှိကြောင်းသိရသည်။မြန်မာနိုင်ငံမှလူကုန်ကူးမှုများသည် အိမ်နီးနားခြင်းနိုင်ငံဖြစ်သည့် တရုတ်၊ထိုင်း၊မလေး ရှားစသောနိုင်ငံများကိုလူကုန် ကူးခဲ့ရာ တွင် တရုတ််နိုင်ငံတွင် အများဆုံးဦးတည်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းရိုင် ကျောင်းထိုင်ဆရာတော်တစ်ပါး ဘတ် ၉ သန်းနီးပါး အွန်လိုင်းငွေလိမ်ခံရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်တွင် နာမည်ကျော်ကြားသော ကျောင်းထိုင်ဆရာတော်တစ်ပါးထံ Call Center ငွေလိမ်ဂိုဏ်းတခုက ငွေ ဘတ် ၉သန်း နီးပါး လိမ်လည်သွားကြောင်း ချင်းရိုင်းသတင်းတွင် ဖော်ပြထားသည်။ ထိုငွေများသည့် ကျောင်းတိုက်၏ ဘဏ်အကောင့်ရှိ ငွေကြေးများဖြစ်ပြီး၊ ကျောင်းတိုက်၏ ဘဏ်အကောင့်များအတွင်းရှိ ငွေကြေးအားလုံးနီးပါး ဆုံးရှုံးခဲ့ရသဖြင့် ကျောင်းထိုင်ဆရာတော်အဖြစ်မှ နုတ်ထွက်ရကြောင်း သိရသည်။ ယခုဖြစ်စဉ်သည်...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...