Tuesday, January 27, 2026

ထိုင်း-မြန်မာနယ်စပ် မိုင်းတော့ မိုင်းထားအနီးရှိ စစ်ရှောင်စခန်းသို့ အစိုးရ ဒရုန်းယာဉ်ဝဲပျံ စစ်ရှောင်များစိုးရိမ်ထိတ်လန့်မှုဖြစ်ပွါး

ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA မှလုံခြုံရေးယူပေးသည့် လွယ်လမ် စစ်ဘေးရှောင်စခန်း နှင့်နီးကပ်စွာအစိုးရတပ်မှ မောင်းသူမဲ့ ဒရုန်းယာဉ် ပျံသန်းသဖြင့် စခန်းတွင်းနေထိုင်သူများ စိုးရိမ်ထိတ် လှန့် မှုများဖြစ်ခဲ့ကြောင်းသိရသည်။

Photo by SHRF / မိုင်းတော့ မိုင်းထား အနီးရှိ လွယ်လမ်စစ်ဘေးရှောင်စခန်း

၄င်းနှင့်ပတ်သက်ပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ နေရပ်မှစွန့်ခွါရသူများအဖို့ ခြိမ်းခြောက် မှုတခု ဖြစ် နေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။

“ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မိုင်းတော့အခြေစိုက် ခလရ ၂၉၃ တပ်မှ ဒရုန်းယာဉ်ကို ၂ ကြိမ်တိုင်တိုင် မိုင်းတုံမြို့နယ်ခွဲ မိုင်းထား အနီးရှိ လွယ်လမ်စစ်ဘေးရှောင်စခန်းအနီးတွင်ဝဲပျံကြောင်း၊ စက်တင်ဘာလ ၁၆ ရက်က တခါ ၂၃ ရက် တြိဂံတိုင်းမှူး ဗိုလ်မှူးချုပ်ခင်လှိုင် မှ ခလရ ၂၉၃ သို့ရောက်စဉ်ကတခါ ဖြစ်ကြောင်း ၊ လက်ရှိတွင် မိုင်းတော့မှ သံလွင်အနောက်ခြမ်း စကခ ၁၇ အခြေစိုက်ရာ မိုင်းပန်သို့ တိုက်ရိုက်လမ်းဖောက်နေမှု ပြီးစီးခါနီးပြီဖြစ်ကြောင်း၊ တဖက်ကလည်း NCA စာချုပ်အရ မိုင်းတော့ – မိုင်းထားအား RCSS/SSA ထိန်းချုပ်နေရာအဖြစ် ဆွေးနွေးသဘောတူထားကြရာ အဆိုပါဒေသတွ အစိုးရစစ်တပ်ရော တောင်ပိုင်း ၀ တပ်ဖွဲ့ ပါ အားဖြည့်တပ်စွဲထားကြကြောင်း ၊ ၄င်းတို့သည် လွယ်လမ်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ အား စိုးရိမ်ထိတ်လှန့်မှုများဖြစ်စေသည်အချက်များဖြစ်ကြောင်း ” လူ့အခွင့်အရေးမဏ္ဍိုင် ကြေငြာချက်တွင် ဖော်ပြထားသည်။

“လောလောဆယ် အပစ်ရပ်ငြိမ်းချမ်းရေး လက်မှတ်ထိုးထားတယ်ဆိုပေမယ့် တကယ့်ငြိမ်းချမ်းရေးမရသေးဘူး။ ဓါးသွေးပြီး ဓါးအိမ်ထဲပြန်ထည့်ထား တယ်။ ကျည်တောင့်တွေ ပြင်ဆင်ထားတယ် အဲလောက်ဘဲ။ အခုလည်း မိုင်းပန် မိုင်းတော့လမ်းပြီးရင် သူတို့လိုအပ်တဲ့ ကျည်တွေ လက်နက်တွေ ဖြည့်နိုင်ပြီလေ။ ကျနော်တို့ ဒီ လွယ်လမ်စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ဘေးရှောင် ၂၀၀ ကျော်က ခုလောလောဆယ် အလှူရှင်တွေကနေ ရိက္ခါဖြတ်တောက်ထားတယ်။ သူတို့က နေရပ်မပြန်နိုင်သေးဘူးလေ။ ဟိုမှာက တိုက်ပွဲက မရပ်သေးဘူး။ ဆိုတော့ ဒီမှာဆက်နေရင် ကိုယ့်ဟာကို စိုက်ပျိုးရမယ်။ ပိုက်ဆံရှာရတော့မယ် ။ လွယ်လမ်မှာက စိုက်ပျိုးမြေက မကောင်းဘူး သီးနှံမဖြစ်ထွန်းဘူး။ ဒါကြောင့် အခု ရိက္ခာအတွက် ပူပန်နေရတဲ့ စစ်ဘေးရှောင်တွေဟာ အခုလို ဒရုန်းတွေလာဝဲတယ်၊ စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်ဆိုတော့ သူတို့ခမျာတခုပြီးတခု စိုးရိမ်ပူပန်နေ ရတယ်။ အေးချမ်းမှုလုံးဝ မရနိုင်သေးဘူး ”- ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် ကသျှမ်းသံတော်ဆင့်အားပြောသည်။

၄င်းနှင့်ပတ်သက်ပြီး ခလရ ၂၉၃ မှ ဒရုန်းဝဲသည်ဆိုသည်မှာ တြိဂံစစ်တိုင်းမှူးမှလာရောက်စစ်ဆေးစဉ်က ၀ဲခြင်းဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သူ မိုင်းတုံဒေသခံတဦးကလည်းပြောသည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် သျှမ်းပြည်တွင်းမှ လာရောက်စစ်ဘေးခိုလှုံနေရသော သျှမ်းပြည်သား များ၏စစ်ဘေးရှောင်စခန်း ကုန်းကျော် ၊ လွိုင်တိုင်းလျဲန်း ၊ ကောင်းမုန်မိန်း ၊ လွယ်ဆမ်ဆစ် ၊ လွယ်ကော်ဝမ်း နှင့် လွယ်လမ် အစရှိသည့်   ၆ ခုရှိရာ စစ်ရှောင်လူဦးရေ ၆၀၀၀ ခန့်ရှိနေပါသည်။  ပြည်ပအလှူရှင်များက အဆိုပါစစ်ရှောင်စခန်းများအား စားနပ်ရိက္ခါထောက်ပ့ံပေး နေမှုကို ၂၀၁၇ ခုနှစ်က ဖြတ်တောက်လိုက်သည်ဖြစ်ရာ စစ်ဘေးရှောင်များမှာ နေရပ်ရင်းလည်းမပြန်နိုင် သေးသဖြင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...