တိုက်ပွဲကြောင့် အဆုတ်တွင်း ကျည်ဆံဝင်သွားသည့် နမ္မတူရွာသား အား ကျည်ခွဲစိပ်ထုတ်ပေးပြီး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံအုပ်စုအတွင်း ယခုလဆန်းကဖြစ်ပွါးခဲ့သောတိုက်ပွဲကြောင့် ကျည်ဆံထိမှန်ဒဏ်ရာရသည့် ပန်လုံရွာသားအား အဆုတ်မှကျည်ဆံခွဲထုတ်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။

Photo By Sipaw Sai/စိုင်းစံထွန်းအား စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ်

စက်တင်ဘာလ ၁ ရက်နေ့က ပန်လုံအုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ကြားဖြစ်ပွားသောတိုက်ပွဲကြောင့် ဒေသခံရွာသား ၂ ဦးအား ကျည်ဆံထိမှန်ရာ တဦးမှာ ဆေးကုသမှု ခံယူကာ နေကောင်းသွားပြီဖြစ်သော်လည်း စိုင်းစံထွန်းမှာ အဆုတ်အတွင်း ကျည်ဆံဝင်သွားသဖြင့် သီပေါဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ဆောင်ခွဲစိပ်ခဲ့ရသည်။

“မန္တလေးဆေးရုံမှာ စက်တင်ဘာလ ၂၅ ရက် ညနေ ၃ နာရီက သူ့အဆုတ်ထဲက ကျည်ဆံကိုဆရာဝန်တွေကခွဲထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ခွဲစိပ်ကုသမှုစရိတ်ကိုတော့ နမ်တူကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းခမ်းအေးကနေ ကူညီထောက်ပ့ံမှုပေးထားပါတယ်။ စိုင်းစံထွန်းရဲ့ကျန်းမာရေးကောင်းမွန်လာပြီလို့ဆိုရပါမယ်။ ဘယ်တော့ဆေးရုံကဆင်းရ မယ်တော့မသိရသေးပါဘူး ”- ဟု မန္တလေးဆေးရုံတွင် စိုင်းစံထွန်းအားကူညီပြုစုပေးသည့် စိုင်းခွန်ဆိုင်ဖှ ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးကြစဉ် ရွာသား စိုင်းစံထွန်း အသက် ၅၀ ကျော်နှင့် စိုင်းမို အသက် ၂၀ ကျော်တို့ကျည်ဆံထိမှန်ရာ သီပေါမြို့မှ ကူညီမှုအဖွဲ့က သီပေါဆေးရုံသို့ပို့ဆောင်ခဲ့သည်။ စိုင်းမိုမှာ လက်နှင့်ဝမ်းဗိုက်တွင်ကျည်ရှပ်ခဲ့သည်ဖြစ်ရာသီပေါတွင်သာဆေးကုသမှုခံယူခဲ့ပြီး စိုင်းစံထွန်းမှာ အဆုတ်အတွင်း ကျည်ဆံဝင်သွားသဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းကတည်းကစပြီး နမ္မတူမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ အကြားတိုက်ပွဲ များဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ဒေသခံလူထုမှာလည်း လယ်ယာလုပ်ငန်းခွင်များပျက်ကွက်ခဲ့ရသည်။ လက်ရှိတိုင် အဆိုပါဒေသတွင်တိုက်ပွဲများကြိုကြား ကြိုကြား ဖြစ်ပွါးနေဆဲဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...