Tuesday, January 27, 2026

တိုက်ပွဲကြောင့် အဆုတ်တွင်း ကျည်ဆံဝင်သွားသည့် နမ္မတူရွာသား အား ကျည်ခွဲစိပ်ထုတ်ပေးပြီး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံအုပ်စုအတွင်း ယခုလဆန်းကဖြစ်ပွါးခဲ့သောတိုက်ပွဲကြောင့် ကျည်ဆံထိမှန်ဒဏ်ရာရသည့် ပန်လုံရွာသားအား အဆုတ်မှကျည်ဆံခွဲထုတ်ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။

Photo By Sipaw Sai/စိုင်းစံထွန်းအား စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ်

စက်တင်ဘာလ ၁ ရက်နေ့က ပန်လုံအုပ်စုအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ကြားဖြစ်ပွားသောတိုက်ပွဲကြောင့် ဒေသခံရွာသား ၂ ဦးအား ကျည်ဆံထိမှန်ရာ တဦးမှာ ဆေးကုသမှု ခံယူကာ နေကောင်းသွားပြီဖြစ်သော်လည်း စိုင်းစံထွန်းမှာ အဆုတ်အတွင်း ကျည်ဆံဝင်သွားသဖြင့် သီပေါဆေးရုံမှ မန္တလေးဆေးရုံသို့ ပို့ဆောင်ခွဲစိပ်ခဲ့ရသည်။

“မန္တလေးဆေးရုံမှာ စက်တင်ဘာလ ၂၅ ရက် ညနေ ၃ နာရီက သူ့အဆုတ်ထဲက ကျည်ဆံကိုဆရာဝန်တွေကခွဲထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ခွဲစိပ်ကုသမှုစရိတ်ကိုတော့ နမ်တူကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းခမ်းအေးကနေ ကူညီထောက်ပ့ံမှုပေးထားပါတယ်။ စိုင်းစံထွန်းရဲ့ကျန်းမာရေးကောင်းမွန်လာပြီလို့ဆိုရပါမယ်။ ဘယ်တော့ဆေးရုံကဆင်းရ မယ်တော့မသိရသေးပါဘူး ”- ဟု မန္တလေးဆေးရုံတွင် စိုင်းစံထွန်းအားကူညီပြုစုပေးသည့် စိုင်းခွန်ဆိုင်ဖှ ကသျှမ်းသံတော်ဆင့်အားပြောပြသည်။

တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးကြစဉ် ရွာသား စိုင်းစံထွန်း အသက် ၅၀ ကျော်နှင့် စိုင်းမို အသက် ၂၀ ကျော်တို့ကျည်ဆံထိမှန်ရာ သီပေါမြို့မှ ကူညီမှုအဖွဲ့က သီပေါဆေးရုံသို့ပို့ဆောင်ခဲ့သည်။ စိုင်းမိုမှာ လက်နှင့်ဝမ်းဗိုက်တွင်ကျည်ရှပ်ခဲ့သည်ဖြစ်ရာသီပေါတွင်သာဆေးကုသမှုခံယူခဲ့ပြီး စိုင်းစံထွန်းမှာ အဆုတ်အတွင်း ကျည်ဆံဝင်သွားသဖြင့် စက်တင်ဘာလ ၁၄ ရက်နေ့က မန္တလေးဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။

စက်တင်ဘာလဆန်းပိုင်းကတည်းကစပြီး နမ္မတူမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ အကြားတိုက်ပွဲ များဆက်တိုက်ဖြစ်ပွါးခဲ့ပြီး ဒေသခံလူထုမှာလည်း လယ်ယာလုပ်ငန်းခွင်များပျက်ကွက်ခဲ့ရသည်။ လက်ရှိတိုင် အဆိုပါဒေသတွင်တိုက်ပွဲများကြိုကြား ကြိုကြား ဖြစ်ပွါးနေဆဲဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...