Tuesday, January 27, 2026

ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း စီမံကိန်းတွင် လယ်သမား ၆၂ဦးလျော်ကြေးငွေ မရရှိသေး

 

သျှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲခရိုင် ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း စီးမံကိန်းတွင် နစ်နာရသော လယ်သမား ၆၂ ဦး လျော်ကြေးငွေ မရသေးကြောင်း သတင်းရရှိသည်။

ကျောက်မဲခရိုင် အတွင်း လမ်းသစ်ဖောက်လုပ်ရန် အတွက် OHC (Oriental Highway Company) ကုမ္ပဏီ မှ တာဝန်ယူထားပြီး၊ လယ်ယာမြေ များ သိမ်းဆည်းရာ လယ်သမား ၆၂ ဦးမှာ တောင်းဆိုထားသည့် လျော်ကြေးငွေ ပမာဏ မရရှိသေးကြောင်း လယ်သမားများ က ပြောသည်။

Photo by TAI NKO / အောက်တိုဘာလ ၉ ရက်နေ့က နောင်ချိုမြို့ ကျားခေါင်းပါတီရုံးတွင် လယ်သမား ၆၂ ဦး နှင့်သိန္နီ သီပေါ ကျောက်မဲ နောင်ချို တို့မှ လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

“လျော်ကြေးငွေ ကို တဧကကို ကျပ်သိန်း ၁၀၀ နဲ့ ၁၅၀ ကြားပဲပေးပါတယ်။ မယူရင် မြေသိမ်းမယ်ဆိုလို့ အဲ့ဒါနဲ့ လယ်သမား တွေက ကြောက်ပြီး ယူလိုက်ရတယ်။ အခု လျော်ကြေးငွေ မရသေးတဲ့ ၆၂ ယောက်ကတော့ တောင်းထားတဲ့ တဧက ၂၀၀၊ ၃၀၀ ရမှ ယူမယ်ဆိုပြီး စောင့်နေတာပါ” ဟု လယ်သမား ၆၂ ဦးအား အောက်တိုဘာလ ၉ ရက်နေ့က နောင်ချိုမြို့ ကျားခေါင်းပါတီရုံးတွင် တွေ့ဆုံခဲ့သည့် နောင်ချိုမြို့ SNLD ပါတီဥက္ကဌ စိုင်းအောင်မှိုင်းက ဆိုသည်။

ယခင်က အစိုးရ မှ လယ်သမားများကို တဧကလျှင် ကျပ်သိန်း ၂၀၀ ကျပ်မှ ကျပ်သိန်း ၃၀၀ ထိ ပေးမည်ဟု သဘောတူထားသော်လည်း လက်တွေ့မှာ တဧကလျှင် ကျပ်သိန်း ၁၀၀ သာပေးခဲ့ကြောင်း၊ ထို့ကြောင့် လယ်သမား ၆၂ ဦးမှာ လယ်ယာမြေသိမ်းပါက မြေသိမ်းဥပဒေ နှင့်အညီ ဆောင်ရွက်သွားမည်ဟု ပြောဆိုကာ လယ်သမားများ တောင်းဆိုထားသည့် လျော်ကြေးငွေ ကို စောင့်ဆိုင်းနေခြင်းဖြစ်သည် ဟု စိုင်းအောင်မှိုင်း က ပြောသည်။

“အရင်က သူတို့က လမ်းသစ်ဖောက်ဖို့ ပြည်သူတွေ လာဆွေးနွေးတယ်။ လယ်သမားတွေ ဘယ်လောက်လိုချင်လဲ ဆိုတာမေးတယ်။တကယ် လျော်ပေးတော့ တဧက သိန်း ၁၀၀ နဲ့ပါ။ ပြည်သူကို ပွင့်လင်းမှု မရှိဘူူး” ဟု ထပ်လောင်းပြောသည်။

လျော်ကြေးငွေ မရသေးသည့် လယ်သမား ၆၂ ဦး ကိစ္စနှင့် ပတ်သတ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် နေပြည်တော်တွင် လွှတ်တော်ကိုယ်စားလှယ်၊ အစိုးရ ၊ ဆောက်လုပ်ရေး ဝန်းကြီးဌာန နှင့် OHC တို့နှင့် သွားရောက်ညှိနှိုင်းရန် ရှိကြောင်းလည်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ယခုနှစ် စက်တင်ဘာလ တွင် မဲဆန္ဒနယ် အမှတ် ၄ မှ SNLD ပါတီ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် စိုင်းအုန်းကျော် က နောင်ချိုမြို့ ရှောင်လမ်းဆောက်မည် ဟု ၂၀၁၆ ခုနစ်က ကြားသိရပြီး ၊ ၂၀၁၇ ခုနစ်တွင် ဂုတ်တွင်း ရှောင်သည့် တံတားတစင်း ဆောက်မည့် ဟု အစိုးရ ပြောဆိုခဲ့သော် လည်း လက်ရှိ အချိန်ထိ အကောင်အထည် မဖော်ဆောင်သေးကြောင်း၊ ထို့ပြင် ဒေသခံများနစ်နာကြေး အကုန်မရရှိသေးသည်ကို အစိုးရအနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်သွားမည်ကိုလည်း မေးမြန်းခဲ့သည် ဟုသိရသည်။

စိုင်းအုန်းကျော်၏ မေးမြန်းချက်ကို ဆောက်လုပ်ရေး ဒုဝန်ကြီး ဦးကျော်လင်း က လမ်းချဲ့ တံတား ဆောက်လုပ်ရာတွင် လယ်ယာမြေ သိမ်းခံရသည့် နစ်နာသူ တောင်သူလယ်သမားများ အား လျော်ကြေးပေးပြီးပါက စီမံကိန်း စတင်မည် ဖြစ်ကြောင်း၊ စီမံကိန်း ၃နှစ် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဂုတ်တွင်း ရှောင်လမ်းဖောက်ရန် အတွက် ကျောက်မဲမြို့ နယ် ဒေသခံ များ၏ လယ်ယာမြေ ၁၆၉ ဧက၊ နောင်ချို မြို့ခံ များလယ်ယာမြေ ၃၂၉ ဧက၊ စုပေါင်း ၄၉ ၉ ဧကကို ပါ အသုံးပြုခဲ့ရကြောင်း ထို့အနက် ၃၆ ဧက မှာ အစိုးရ၏ လယ်ယာမြေ ပါဝင်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဈေးနှုန်းကျဆင်း သျှမ်းပြည် ဆီပြတ်လပ် လယ်သမားများ ခက်ခဲနေဆဲ

0
ယခုရက်ပိုင်း မြန်မာပြည်တွင် ဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း သျှမ်းပြည်တွင်း ဆီပြတ်လပ်မှုကြောင့် လယ်သမားများ ဆီဝယ်ယူရန် အခက်အခဲ ဆက်လက်ရှိနေသေးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၇ ရက်တွင် ကမ္ဘာရေနံစိမ်းဈေးကွက် တိုက်ရိုက်အချိုးကြသည့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းကလည်း အနည်းငယ် ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းအဝယ်ဈေးကွက် လုပ်ငန်းရှင်များ...

ဆုတောင်းမပြည့်တော့တဲ့ မိုးနဲ လယ်သမားဘ၀များ

0
ရောင်နီစပြိုချိန် လူမမြင်တမြင်အချိန်မှာ ဆွမ်းတော်ခွက်ကိုယ်စီကိုင်ဆောင်ထားပြီး ရေထွက်ရှိရာ နတ်စင်ကို ဆွမ်းတော်ကပ် ဆုတောင်းဖို့အတွက် ကိုယ်စီ အိမ်ကနေ ထွက်ခွာကြပါတယ်။ ဆွမ်းတော်ခွက်တွေကိုယ်စီ ကိုင်ဆောင်ပြီး နတ်စင်သွားရာ သွားလမ်းတစ်လျောက်မှာတော့ နောင်နှစ်တွေအတွက် လယ်ယာစိုက်ပျိုးရေးအကြောင်းကို အစီစဉ်တွေ ချပြပြောဆိုကြပြီး လမ်းကို ခပ်သွက်သွက် လျှောက်နေကြပါတယ်။ အဲ့ဒီနတ်စင်ကတော့ မိုးနဲမြို့ထဲမှာရှိပြီး နှစ်စဥ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်ပါက ရေထွက်ရှိရာ...

ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းတစ်ကြော လူတစ်စု လုယက်ဓားပြ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းတံတားလမ်းအနီးမှ အထက်ရဲရွာ လမ်းပိုင်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများနှင့် ကားသမားများ လုယက်တိုက်ခိုက်ခံရမှု ရှိနေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ကျောက်မဲမြို့နယ် နောင့်ပြစ်ကျေးရွာအနီး ဖြတ်သန်းသွားလာသည့် ကားသမားများ လုယက်တိုက်ခိုက်ခံရကြောင်း အဆိုပါ အနီးရှိ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့ကို လက်နက်ကိုင်လူတစ်စုလို့ပြောဖို့လည်းခက်တယ်၊ ဘာဖြစ်လဲဆိုရင် သူတို့ကလက်နက်ဆိုလို့...

စိုက်ပျိုးပြုစုစားရိတ် မြင့်တက်လာမှုကြောင့် သျှမ်းတောင်သူဉီးကြီးများ အခက်တွေ့

0
မြေသြဇာစျေး၊ မျိုးစေ့စျေးများ၊ အလုပ်သမား ငှားခစျေးများ မြင့်တက်လာမှုကြောင့် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ် မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ အခက်တွေ့နေကြောင်း သိရသည်။ တောင်သူ လယ်သမားများ အစိုက်များသည့် ပြောင်းဖူး၊ မြေပဲ နှင့် စပါး မျိုးစေ့စျေးမှာ ယခင်နှစ်ထက်   နှစ်ဆ မြင့်တက်နေပြီး အလုပ်သမား...

အနာဂတ်မျိုးဆက်သစ်များလုပ်ကိုင်စားသောက်နိုင်ဖို့ သိမ်းထားသည့်လယ်ယာမြေများပြန်စွန့်လွှတ်ပေးရန် ဆီဆိုင်လယ်သမားများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဒေသခံလူထုစုပေါင်းကာ အစိုးရတပ်မတော်မှ နှစ်ရှည်လများသိမ်းဆည်းထားသော လယ်ယာမြေများအား မိမိတို့ထံပြန်လည်စွန့်ပေးရန်တောင်းဆိုသည့်လှုပ်ရှားမှုတခုပြုခဲ့ကြသည်။ မေလ ၁ ရက်နေ့က ဆန္ဒထုတ်ဖော်သည့် ဆီဆိုင်မြို့ခံ လယ်သမား၃၀၀ ခန့်သည် - “ကျွနု်ပ်တို့ ဒေသမှာ မြေလွတ် မြေလပ် မြေရိုင်းမရှိပါ၊ မြေယာသည် ကျွနု်ပ်တို့၏ အသက်သွေးကြောဖြစ်သည်၊ မြေယာသည် ကျွနု်ပ်တို့၏ယဉ်ကျေးမှုဖြစ်သည်...