Friday, May 3, 2024

လယ်သမား

ဆီဈေးနှုန်းကျဆင်း သျှမ်းပြည် ဆီပြတ်လပ် လယ်သမားများ ခက်ခဲနေဆဲ

ယခုရက်ပိုင်း မြန်မာပြည်တွင် ဆီဈေးနှုန်းများ ကျဆင်းလာသော်လည်း သျှမ်းပြည်တွင်း ဆီပြတ်လပ်မှုကြောင့် လယ်သမားများ ဆီဝယ်ယူရန် အခက်အခဲ ဆက်လက်ရှိနေသေးကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇူလိုင်လ ၇ ရက်တွင် ကမ္ဘာရေနံစိမ်းဈေးကွက် တိုက်ရိုက်အချိုးကြသည့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းကလည်း အနည်းငယ် ကျဆင်းလာကြောင်း စက်သုံးဆီ အရောင်းအဝယ်ဈေးကွက် လုပ်ငန်းရှင်များ...

ဆုတောင်းမပြည့်တော့တဲ့ မိုးနဲ လယ်သမားဘ၀များ

ရောင်နီစပြိုချိန် လူမမြင်တမြင်အချိန်မှာ ဆွမ်းတော်ခွက်ကိုယ်စီကိုင်ဆောင်ထားပြီး ရေထွက်ရှိရာ နတ်စင်ကို ဆွမ်းတော်ကပ် ဆုတောင်းဖို့အတွက် ကိုယ်စီ အိမ်ကနေ ထွက်ခွာကြပါတယ်။ ဆွမ်းတော်ခွက်တွေကိုယ်စီ ကိုင်ဆောင်ပြီး နတ်စင်သွားရာ သွားလမ်းတစ်လျောက်မှာတော့ နောင်နှစ်တွေအတွက် လယ်ယာစိုက်ပျိုးရေးအကြောင်းကို အစီစဉ်တွေ ချပြပြောဆိုကြပြီး လမ်းကို ခပ်သွက်သွက် လျှောက်နေကြပါတယ်။ အဲ့ဒီနတ်စင်ကတော့ မိုးနဲမြို့ထဲမှာရှိပြီး နှစ်စဥ်နှစ်တိုင်း ကဆုန်လပြည့်နေ့ရောက်ပါက ရေထွက်ရှိရာ...

စိုက်ပျိုးပြုစုစားရိတ် မြင့်တက်လာမှုကြောင့် သျှမ်းတောင်သူဉီးကြီးများ အခက်တွေ့

မြေသြဇာစျေး၊ မျိုးစေ့စျေးများ၊ အလုပ်သမား ငှားခစျေးများ မြင့်တက်လာမှုကြောင့် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ် မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ အခက်တွေ့နေကြောင်း သိရသည်။ တောင်သူ လယ်သမားများ အစိုက်များသည့် ပြောင်းဖူး၊ မြေပဲ နှင့် စပါး မျိုးစေ့စျေးမှာ ယခင်နှစ်ထက်   နှစ်ဆ မြင့်တက်နေပြီး အလုပ်သမား...

အနာဂတ်မျိုးဆက်သစ်များလုပ်ကိုင်စားသောက်နိုင်ဖို့ သိမ်းထားသည့်လယ်ယာမြေများပြန်စွန့်လွှတ်ပေးရန် ဆီဆိုင်လယ်သမားများ တောင်းဆို

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဒေသခံလူထုစုပေါင်းကာ အစိုးရတပ်မတော်မှ နှစ်ရှည်လများသိမ်းဆည်းထားသော လယ်ယာမြေများအား မိမိတို့ထံပြန်လည်စွန့်ပေးရန်တောင်းဆိုသည့်လှုပ်ရှားမှုတခုပြုခဲ့ကြသည်။ မေလ ၁ ရက်နေ့က ဆန္ဒထုတ်ဖော်သည့် ဆီဆိုင်မြို့ခံ လယ်သမား၃၀၀ ခန့်သည် - “ကျွနု်ပ်တို့ ဒေသမှာ မြေလွတ် မြေလပ် မြေရိုင်းမရှိပါ၊ မြေယာသည် ကျွနု်ပ်တို့၏ အသက်သွေးကြောဖြစ်သည်၊ မြေယာသည် ကျွနု်ပ်တို့၏ယဉ်ကျေးမှုဖြစ်သည်...

လယ်မြေဧကတသောင်းကျော်အားရေပေးဝေသည့်နမ့်ဟူးရေထွက်ကို သဘာဝစိမ့်စမ်း ရေထွက်ဧရိယာဖြစ်စေရေး လယ်သမားများ ကွင်းဆင်းတိုင်းတာ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်တွင် နမ့်ဟူး သဘာဝရေထွက် အား သဘာဝ စိမ့်စမ်းရေထွက်ဧရိယာ အဖြစ်ကာကွယ်ထိန်းသိမ်းရန်အတွက် ဒေသခံလယ်သမားများ ကွင်းဆင်းတိုင်းတာမှုပြုနေကြောင်းသိရသည်။ မြို့နယ်ထွေအုပ်၏ မိုးနဲမြို့နယ်အတွင်း အင်း ၃ အင်းနှင့်မောင်ခိုင် မောင်နိုင်ရေထွက်ဧရိယာနယ်နိမိတ် ပြန် လည် စီစစ်တိုင်းတာသတ်မှတ်ရေးလုပ်ငန်းစီမံချက် ကျလာပြီးနောက် နမ့်ဟူးသဘာဝရေထွက်ဧရိယာအား ဒေသခံတောင်သူလယ်သမားများက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။ ဇန်နဝါရီလ ၁ ရက်နေ့က...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲဒေသခံ တဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲမြို့နယ် ကျေးလက်ဒေသခံ တဦးအား ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုသိရသည်။ နို၀င်ဘာလ ၂၅ ရက် ည ၁၁ နာရီအချိန်က ပုံးလုံရွာသား စိုင်းသြဘာအား ရွာထဲဝင်လာသည့် လက်နက် ကိုင်တပ်ဖွဲ့...

နမ့်ခမ်းလယ်သမားတဦး မိုင်းနင်းမိဒဏ်ရာအပြင်းအထန်ရရှိ

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာဒေသခံတဦး လယ်ထဲတွင် မြေမြုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က နမ့်ခမ်းမြို့နယ် မန့်ပန်ကျေးရွာနေ တားအိုက်ယိုင် ခေါ် ကွန်းအိုက်အောင် ဆိုသူသည် ၄င်း၏လယ်အတွင်း လုပ်ငန်းခွင်ဝင်နေစဉ် ပေါက်ပြားဖြင့်ပေါက်မိသဖြင့် မိုင်းကွဲကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နမ့်ခမ်းမြို့ခံ စိုင်းအိုက်နော်...

နောင်ချိုလယ်သမား ၆၂ ဦး အတွက် တဧက ကျပ်သိန်း ၁၀၀-၁၅၀ အထိ လျော်မည်ဟုအစိုးရသဘောတူ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်ကြား ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း တိုးချဲ့ရေးအတွက် သိမ်းဆည်းခံရလယ်ယာမြေများလျော်ကြေးပြန်မရသေးသည့် ကျန်ရှိလယ်သမား ၆၂ ဦး အတွက် ယာမြေ တဧက ကျပ်သိန်း ၁၀၀-၁၅၀ အထိ ပေးလျော်ဖို့ နေပြည်တော် ဆွေးနွေးပွဲတွင် အစိုးရ နှင့်သဘောတူကြသည်ဟု သိရသည်။ အောက်တိုဘာလ ၁၁ ရက်နေ့...

ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း စီမံကိန်းတွင် လယ်သမား ၆၂ဦးလျော်ကြေးငွေ မရရှိသေး

  သျှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲခရိုင် ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း စီးမံကိန်းတွင် နစ်နာရသော လယ်သမား ၆၂ ဦး လျော်ကြေးငွေ မရသေးကြောင်း သတင်းရရှိသည်။ ကျောက်မဲခရိုင် အတွင်း လမ်းသစ်ဖောက်လုပ်ရန် အတွက် OHC (Oriental Highway Company) ကုမ္ပဏီ မှ တာဝန်ယူထားပြီး၊ လယ်ယာမြေ များ...

Latest news