Tuesday, January 27, 2026

နောင်ချိုလယ်သမား ၆၂ ဦး အတွက် တဧက ကျပ်သိန်း ၁၀၀-၁၅၀ အထိ လျော်မည်ဟုအစိုးရသဘောတူ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်ကြား ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း တိုးချဲ့ရေးအတွက် သိမ်းဆည်းခံရလယ်ယာမြေများလျော်ကြေးပြန်မရသေးသည့် ကျန်ရှိလယ်သမား ၆၂ ဦး အတွက် ယာမြေ တဧက ကျပ်သိန်း ၁၀၀-၁၅၀ အထိ ပေးလျော်ဖို့ နေပြည်တော် ဆွေးနွေးပွဲတွင် အစိုးရ နှင့်သဘောတူကြသည်ဟု သိရသည်။

Photo SNLD/အောက်တိုဘာလ ၁၁ ရက်နေ့က လယ်သမားများနှင့် အစိုးရကိုယ်စားလှယ်တို့ နေပြည်တော်တွင်တွေ့ဆုံကြစဉ်

အောက်တိုဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ နောင်ချိုလယ်သမား ၆၂ ဦးသည် သျှမ်းပြည်နယ်ဝန်ကြီးချုပ် အပါအဝင် သျှမ်းပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနဝန်ကြီး ၊ လွှတ်တော်ကိုယ် စားလှယ်များ၊ သယ်ယူပို့ဆောင်ရေးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နောင်ချို ၊ ကျောက်မဲ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်အတူ နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးရုံးတွင် တွေ့ဆုံကာ ဂုတ်တွင်းလမ်းတိုးချဲ့ရေးတွင် အဆိုပါမြေယာပိုင်ရှင်ဒေသခံလူထု ၆၂ ဦးအတွက် ကျေနပ်လောက်သည့် လျော်ကြေးငွေ ရရှိရေးဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

“သိန္နီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဦးခမ်းက- ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ဆွေးနွေးကြ တယ်။ အဆင်ပြေသွားကြပြီလို့သိရပါတယ်။ ကျန်လယ်သမား ၆၂ ဦးရဲ့အသိမ်းခံရလယ်ယာမြေတွေကို ဌာနဆိုင်ရာက တချက်ပြန်လည်ကွင်းဆင်းကြည့်မယ်။ လျော်ကြေးကတော့ တဧက ကျပ်သိန်း ၁၀၀ ကနေ ၁၅၀ အထိ ပေးမယ်။  တခြားခေါင်းစဉ်အောက်မှာလဲသွားပြီးတော့မှ ဖြည့်တင်းလျော်ကြေးပေးမယ်လို့ အစိုးရဘက် ကပြောလာတယ်။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါဆွေးနွေးပွဲမှ သဘောတူညီချက် ၁၅ ချက်ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမ ဘေးရှိ သိမ်းဆည်းခံရမြေနေရာများအတွက် တဧက ကျပ်သိန်း ၁၀၀ -၁၅၀ အထိပေးမည်ဖြစ်ပြီး လမ်းမကြီးဝဲယာမဟုတ်သောနေရာများတွင်မူ ပြန်လည်ကွင်းဆင်းတိုင်းတာကာ လူထုမနစ်နာစေဘဲ လျော်ကြေးပေးဆောင်သွားမည်ဟု ပြောဆိုကြောင်း မြစ် ၊ချောင်း ၊ မြောင်း လည်း မပျက်စီးစေရန် ကုမ္မဏီနှင့် ဆောက်လုပ်ရေးဌာနက တာဝန်ယူ ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း၊ သီးနှံခြံများမှာမူ တကယ့်စိုက်ပျိုးသော သီးနှံ အပေါ်မူတည်ပြီး လျော်ကြေးပေးဆောင်သွားမည်ဖြစ်ကြောင်း၊ တချို့နေရာများတွင် မြေတိုင်းတာမှုမှားယွင်းထားသည်လည်းရှိရာ ပြန်လည်တိုင်းတာပေးသွားမည်ဖြစ်ကြောင်း စသည်တို့ ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

ဂုတ်တွင်းရှောင်လမ်းနှင့် ဂုတ်တွင်းလမ်းသစ်အား OHC (Oriental Highway Company) ကုမ္မဏီမှ တာဝန်ယူကာ ၃ နှစ်တာကာလအတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အသိမ်းခံရမြေယာများ အတွက် လျော်ကြေးများကိုမူ အစိုးရဘက်က တာဝန်ယူလျော်ကြေးပေးဆောင်သွားမည်ဖြစ်ကြောင်းလည်း ကနဦးက သဘောတူထားကြောင်း မြေယာအသိမ်းခံရ နောင်ချိုလယ်သမား များကပြောသည်။

မန္တလေး – မူစယ် ပြည်ထောင်စုလမ်းတွင် နေ့စဉ် ကားကြီးကားငယ် အစီးရေ သောင်းနှင့်ချီ သွားလာတက်-ဆင်းသည်ဟု တိုးလ်ဂိတ် ၀န်ထမ်းများအသိုင်းအဝိုင်းကပြောသည်။ အင်္ဂလိပ်အစိုးရခေတ်ကတည်းက ဖောက်ထားသော ဂုတ်တွင်းလမ်း သည် လမ်းကျဉ်းပြီး မိုးတွင်းကာလ ကားများ မတော်တဆ ချော်လဲ ပျက်စီးပါက လမ်းပိတ်ကာ လမ်းခရီးကြန့်ကြာမှုရှိခဲ့သည်။ ထို့အတွက် ဂုတ်တွင်းလမ်းချဲ့ရေး၊ ဂုတ်တွင်းရှောင်လမ်းဖောက်လုပ်ရေးအတွက် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်ကတည်းက အစိုးရနှင့် ကုမ္မဏီတို့သဘောတူညီမှုရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Lashio_Election_Station

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား နောင်ချို၊ လားရှိုးနှင့် မူဆယ်မြို့တွင် ဆန္ဒမဲပေးသူနည်း

0
သျှမ်းပြည် နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့များတွင် စစ်ရေးပဋိပက္ခကြား လုံခြုံရေး စိုးရိမ်မှုကြောင့် ဆန္ဒမဲပေးသူ နည်းပါးကြောင်း ဒေသခံပြောပြချက်အရ သိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ နောင်ချိုမြို့၊ လားရှိုးမြို့နှင့် မူဆယ်မြို့ (၃)...

ကျောက်မဲ၊ သီပေါ၊ နောင်ချို စစ်တပ်ပြန်ထိန်းချုပ်သော်လည်း စစ်ရှောင်နေရပ်ပြန်ရန် ခက်ခဲနေဆဲ

0
သျှမ်းပြည် နောင်ချို၊ ကျောက်မဲ နှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်တပ် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ဘေးရှောင်အများစု ယနေ့အချိန်ထိ နေရပ်ပြန်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” သည် သျှမ်းပြည်မြောက်ပိုင်းထဲ ဖြတ်သန်းသွားသည့် မြန်မာ-တရုတ်...

လားရှိုးဆေးရုံကြီးတွင် ဆေးကုသနေသည့် ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး သေဆုံး

0
သျှမ်းပြည် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ဗုံးမှန်ဒဏ်ရာရ နောင်ပိန်စစ်ရှောင်တစ်ဦး ရောဂါအခံဖြင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက် ၁၀ နာရီခွဲကျော်တွင် လားရှိုးမြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ် ပင်တိန်ရွာနေ အသက်...

နောင်ချို နေရပ်ပြန်စစ်ရှောင်များကို အိမ်ထောင်စုစာရင်းစစ်ဆေးပြီး စစ်မှုထမ်းအတွက် ဖမ်းဆီးနေ

0
သျှမ်းပြည် နောင်ချိုမြို့နယ်ရှိ နေရပ်ပြန်စစ်ဘေးရှောင်များ၏ နေအိမ်များကို စစ်ကော်မရှင်တပ်က ညအချိန်မတော် သန်းခေါင်စာရင်း စစ်ဆေးကာ လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် တောင်ဘက်ခြမ်းရှိ ကံကြီး၊ ဉာဏ်တော်၊ နောင်တော၊ ရွှေမုဋ္ဌော၊ အင်းဖို၊ မဲပုတ်နှင့်...

စစ်ကော်မရှင် လေကြောင်းဗုံးကြဲမှုကြောင့် နောင်ချိုစစ်ရှောင် ၄၀ ကျော်သေဆုံးဒဏ်ရာရ

0
ယနေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း ပင်တီးကျေးရွာ မဇ္ဈိမာရာမ အလယ်ကျောင်း လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး တိုက်ခိုက်ခံရခြင်းကြောင့် နောင်ချိုစစ်ဘေးရှောင် (၄၀) ကျော် သေဆုံးဒဏ်ရာရခဲ့ကြောင်း...