Tuesday, January 27, 2026

စိုက်ပျိုးပြုစုစားရိတ် မြင့်တက်လာမှုကြောင့် သျှမ်းတောင်သူဉီးကြီးများ အခက်တွေ့

မြေသြဇာစျေး၊ မျိုးစေ့စျေးများ၊ အလုပ်သမား ငှားခစျေးများ မြင့်တက်လာမှုကြောင့် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ် မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ အခက်တွေ့နေကြောင်း သိရသည်။

မိုင်းရယ်ကလယ်သမားများ လယ်ကွင်းအတွင်းအလုပ်ဆင်းနေကြစဉ်

တောင်သူ လယ်သမားများ အစိုက်များသည့် ပြောင်းဖူး၊ မြေပဲ နှင့် စပါး မျိုးစေ့စျေးမှာ ယခင်နှစ်ထက်   နှစ်ဆ မြင့်တက်နေပြီး အလုပ်သမား ငှားရမ်းခလည်း မြင့်တက်လာသဖြင့် တောင်သူ လယ်သမားများမှာ  လယ်ယာစိုက်ပျိုးရေးခေတ္တရပ်နားထားရသည် အထိ အခက်အခဲများ ရှိနေကြောင်း သိရသည်။

ဒီနှစ် တော်တော်ကို ခက်ခဲပါတယ်၊ မရှိလို့ လုပ်စားပါတယ်ဆို လုပ်လိုက်လို့ အကြွေးတွေကပဲ ပိုများလာ နေတယ်၊ ဘယ်လိုမှအဆင်ပြေမနေဘူး၊ အရင်နှစ်ကဆိုရင် ပြောင်းမျိုးစေ့ တစ်ထုပ် ၃၅၀၀၀ က ဒီနှစ်မှာ ၅၀၀၀၀ နီးနီးဖြစ်လာတယ် ၊ မြေသြဇာစျေးတွေကလည်း နှစ်ဆလောက်တက်လာတယ်” ဟု မိုင်းရယ်မြို့နေ   ပြောင်းခြံလုပ်ကိုင်စားသောက်သည့် စိုင်းအောင်ခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့သည် စိုက်ပျိုးရေး အဓိက လုပ်ကိုင်သူများ ဖြစ်ကြပြီး ယခုနှစ်တွင် မြေသြဇာ စျေးနှုန်းနှင့်  ကောက်စိုက်သမားများ၊ အလုပ်သမား ငှားရမ်းခ များလည်း အဆမတန် များပြားလာကြသဖြင့် တချို့သော လယ်သမားများက လယ်ကွင်းလယ်ကွက်များကို ထွန်ယက်စိုက်ပျိုးခြင်း မပြုနိုင်ပဲ ပစ်ထားကြရကြောင်း နားခိုရွာမှလယ်သမား စိုင်းရွက်ဆိုင်မိန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနှစ်တော့ နိုင်ငံရေးကတစ်မျိုး၊ ရောဂါကတစ်မျိုးနဲ့ တောင်သူလယ်သမားတွေက တော်တော်လေးကို ဒုက္ခ ရောက်နေရတာ၊ တချို့လယ်တွေဆို ဘာမှတောင်မလုပ်နိုင်ဘူး၊ အလုပ်သမားခ ကောက်စိုက်သမားခ တွေ ကို တွေးကြည့်ရုံနဲ့တင် လယ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး၊ ပြီးတော့ မြေသြဇာဖိုးတွေကလည်း အရင်နှစ်တွေ ထက် နှစ်ဆ စျေးတက်လာတယ်” – ဟု စိုင်းရွက်ဆိုင်မိန်းက ပြောသည်။

ယခုနှစ်အတွင်း နိုင်ငံရေး အခြေအနေ မငြိမ်သက်မှုနှင့် ကပ်ရောဂါ ကူးစက်ရောဂါ ပျံ့ပွားမှုနှုန်း မြင့်မား သောကြောင့် မိုင်းရယ်မြို့တွင် ပြောင်းစိုက်ပျိုးမှု လျော့နည်းလာပြီး၊ လယ်သမား တချို့သည်လည်း လယ်ကွက်များကို ပစ်ပယ်ကာ နှမ်း နှင့် မြေပဲ ကဲ့သို့သော စိုက်ပျိုးမှုများပိုလုပ်လာကြောင်း သိရသည်။

ဒီနှစ် ပြောင်း မစိုက်တော့တဲ့ တောင်သူများတယ်၊ မျိုးစေ့စျေးကလည်းတက်။ မြေသြဇာစျေးလည်း တက်ဆိုတော့ ကိုယ့်ဒေသမျိုး ပြောင်းလောက်ပဲစိုက်တော့တယ်၊ နှမ်း နဲ့ မြေပဲ တွေလည်းစိုက်လာတာ တွေ့ရတယ်” ဟု နားယန်းကျေးရွာနေ တောင်သူ လယ်သမား ဦးကာလိန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်၏ နေရာဒေသ အသီးသီးအနက် အဓိက ပြည်ပပို့သီးနှံအဖြစ် ပြောင်းနှင့် နှမ်းနက်ကို အဓိကထား စိုက်ပျိုးခဲ့ကြပြီး စိုက်တောင်သူများမှာ စျေးကောင်းမရခြင်း၊ ငမြောင်တောင်ပိုးကျရောက်ခြင်းများကို ကြုံခဲ့ ကြရကာ အခက်အခဲများကြုံတွေ့ခဲ့ရသည့် အပြင် ယခုနှစ်မှာတော့ လယ်ကွက်များကို ပစ်ထားရသည် အထိ အခက်အခဲ ကြုံနေရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

0
မိုင်းရယ်မြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလို စစ်ကော်မရှင်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်ကျင်းပမည့် စစ်ကော်မရှင်ဦးဆောင်သော ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့နယ်လည်း ပါဝင်သည်။ ယနေ့ (ဇန်နဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်တွင်...

လားရှိုး-မိုင်းရယ်ကြား ဈေးဆိုင်များကို ၂၀၂၆ အတွက် အခွန်ကောက်ရန် MNDAA မြေလာတိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များထံ ၂၀၂၆ ခုနှစ်အတွက် အခွန်ကောက်ခံရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မြေနေရာအကျယ်အဝန်း တိုင်းတာခဲ့ကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ပထမပတ်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများထံ ၂၀၂၆...
Hsenwi_MNDAA_Learns_Burmese_Language_1

လားရှိုး- မိုင်းရယ်ကြား ဈေးဆိုင်ဆိုင်းဘုတ်များ တရုတ်စာထည့်ရန် MNDAA ညွှန်ကြား

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်ဆိုင်းဘုတ်များကို မြန်မာစာ၊ သျှမ်းစာအပြင် တရုတ်စာပါ မဖြစ်မနေ ထည့်သွင်းရေးသားရန် ကိုးကန့်တပ်ဖွဲ့ MNDAA က ညွှန်ကြားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းရယ် ဟိုယမှာ ဒေသခံစိစစ်ရေးကတ်လုပ်ရန် MNDAA စာရင်းကောက်၊ မလုပ်ပါလျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟုပြော

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာ (၁၆) ရွာတွင် ဒေသခံစိစစ်ရေးကတ် ပြုလုပ်ရန် စာရင်းကောက်ခံနေပြီး မလုပ်လျှင် ဧည့်သည်အဖြစ် သတ်မှတ်မည်ဟု ပြောဆိုကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၈) ရက်တွင် မိုင်းရယ်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ဟိုယကျေးရွာအုပ်စု၊ ကောင်းမောင်...