တအာင်းတပ်ဖွဲ့မှ ၂ လ နီးပါးဖမ်းဆီးသွားသည့် နမ့်ခမ်းမြို့သူ  နန်းမိုဟွမ် ယနေ့တိုင် ပြန်မလွှတ်သေး ဆွေမျိုးမိဘများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဟိုနောင်ရပ်ကွက်သူ ကလေး ၃ ယောက်မိခင် နန်းမိုဟွမ်အား TNLA တအာင်းတပ်ဖွဲ့မှ ဖမ်းဆီးသွားသည်မှာ ရက်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီဖြစ်သော် လည်း ပြန်မလွှတ်ပေးသေးသဖြင့် မိသားစုဝင်များက အထူးစိုးရိမ်ပူပန်နေကြကြောင်းသိရသည်။

Photo By SHAN/ အဖမ်းခံရသည့် နန်းမိုဟွမ်၏ သားသမီးများ

“သူ့ကိုဖမ်းသွားတာ ၂ လပြည့်တော့မယ်။သတင်းမကြားဘာမကြားနဲ့ သူ့ကျန်းမာရေးအတွက်စိတ်ပူရပါတယ်။ သူ့ကလေး ၃ ယောက်  ၊ ကျမ တူ၊တူမ လေးတွေလည်းသူတို့အမေဘယ်တော့ပြန်လာမလဲလို့ နေ့တိုင်း မေးနေတယ်။ နောက် ၂ ရက် ၃ ရက်ဆိုပြန်လာပါပြီ လို့လိမ်ပြောနေရတာ နေ့တိုင်းဘဲ။ ဆောင်းတွင်းဝင်လာပြီမို့ သူ့ကျန်းမာရေးအတွက်စိုးရိမ်ရပါတယ်။ သူ့ကိုအမြန်ဆုံးပြန်လွှတ်ပေးပါလို့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အနူးအညွတ်တောင်းချင်ပါတယ် ”- ဟု အမ ဖြစ်သူ နန်းမိုခမ်းကပြောသည်။

နန်းမိုဟွမ်ပြန်လည်လွှတ်မြောက်ရေးအတွက် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အနေဖြင့် နန်းမိုဟွမ်၏ မိဘဆွေမျိုးများရှေ့မှောက်တွင် ကူညီညှိနှိုင်းဆွေးနွေးပေးမည်ဟုဆိုသဖြင့် လက်ရှိတွင်  နမ့်ခမ်းမြို့ရှိလူမှုအခြေပြု အဖွဲ့အစည်းများက  ကိုယ်စားလှယ်စေလွှတ်ရန် ရွေးချယ်နေကြောင်း၊ ပန်ဆန်းသို့သွားရောက်ကာ FPNCC ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းသိရသည်။

“FPNCC ဘက်ကနေလည်း ကူညီပေးမယ်လို့ အာမခံပေးလို့ကျနော်တို့လည်း ပန်ဆန်းကို သွားဖို့အားရှိတာပေါ့။ နန်းမိုဟွမ်ကို ကျန်းကျန်းမာမာနဲ့ပြန်ခေါ်လာနိုင်မယ်လို့ကျနော်တို့မျှော်လင့်သလို ဆုတောင်းနေပါတယ်။” – ဟု နမ့်ခမ်းလူငယ် စိုင်းပီး က ပြောသည်။

သို့သော် ပန်ဆန်းသို့ သွားမည့်ကိုယ်စားလှယ်များစာရင်းနှင့် တွေ့ဆုံရမည့်နေ့ရက်အသေးစိပ် အကြောင်းအရာတို့ကိုမူ မသိရသေးပေ။

ကလေး ၃ ဦး၏ မိခင် နန်းမိုဟွမ် အသက် ၃၆ နှစ်သည် ဩဂုတ်လ ၁၇ ရက်နေ့က လက်နက်ကိုင် တအာင်းတပ်ဖွဲ့ဝင် ၅ ဦးက နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ထောက်ပြီး ဖမ်းဆီး ခေါ်ဆောင် သွားခြင်းခံရပြီး ယနေ့တိုင် ရက် ၅၀ ကျော်ပြီဖြစ်သော်လည်း ပြန်မလွှတ်လာသေးပေ။

တအာင်းတပ်ဖွဲ့ဘက်က –  ယမန်နှစ်က နန်းမိုဟွမ်တို့အိမ်ဆိုင်ထံကျပ် ၁၁ သိန်းအခွန်ကောက်ခံသော တအာင်းတပ်ဖွဲ့ဝင် ၂ ဦး အိမ်မှပြန်အထွက် အစိုးရတပ်သားများချောင်းမြောင်းပစ်ခတ်မှုကြောင့် တအာင်းတပ်သား ၁ ဦးသေဆုံးကာ ၁ ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့သည် အစိုးရတပ်မတော်ထံ နန်းမိုဟွမ်မှသတင်းပေးမှုကြောင့်ဖြစ်သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည် – ဟု ၎င်းတို့၏ကြေငြာ ချက်တွင် ဖော်ပြထားသည်။

နန်းမိုဟွမ် အားအမြန်ဆုံးပြန်လည်လွှတ်မြောက်ရေးအတွက် လူမှုအခြေပြုအဖွဲ့အစည်းအသီးသီး ၊ သျှမ်းပြည်တွင်းရှိ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့အသီးသီးတို့အပြင် အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာနက ကြေငြာချက်များ ထုတ်ပြန်ခဲ့ဖူးသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...