CATEGORY

လူ့အခွင့်အရေး

နှစ်ပေါင်း ၃၀ နီးပါး တပ်မှသိမ်းသွားသောလယ်ယာမြေများအား လူထု ၂၀၀ ကျော်လမ်းလျှောက်ဆန္ဒဖော်ထုတ်ပြန်တောင်း 

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် သိမ်းဆည်းခံထားရသောလယ်ယာမြေများအား လူထုထံပြန်လည်အပ်နှံပေးဖို့ တောင်သူလယ်သမားရာနှင့်ချီ လမ်းလျှောက်ဆန္ဒဖော် ထုတ်ခဲ့ကြကြောင်းသိရသည်။ ဧပြီလ ၅ ရက် ယနေ့နံနက် ၉ နာရီမှ မွန်းတည့်ချိန်အထိ လားရှိုးမြို့ ခေးနင်း ဘူတာမှ မြို့တော်ခန်းမအထိ လူထု ၂၀၀ ကျော်သည် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး လားရှိုးမြို့ တပ်ရင်း...

ရှင်ပြုခါနီးမောင်ရင်လောင်းနှစ်ဦးအား ဌာနေပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား 

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တွင်းရှိ တဘက်ကျေး ရွာအုပ်စု ၊ မဲဟဲရွာ ဘုန်းတော် ကြီးကျောင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ လူတဦးက သေနတ်ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းပေါ်အထိတက်ပြီး အိပ်ပျော်နေသော ကလေး ၂ ဦးအား ပစ်သတ်ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည်။ မတ်လ (၃၁) ရက်နေ့ ၊ ည ၁၁...

သျှမ်းပြည် အတွင်း တိုက်ပွဲ ရပ်တန့်ဖို့ တကိုယ်တော် ဆန္ဒပြ

သျှမ်းပြည်နယ် အတွင်း တိုက်ပွဲများ ရပ်တန့်ရန်နှင့် သျှမ်းပြည်ဝန်ကြီးချုပ် အနေဖြင့် စစ်ပွဲနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးရန် တကိုယ်တော် ဆန္ဒပြ မှု ကို သီပေါမြို့တွင် ပြုလုပ်ခဲ့သည်။ တကိုယ်တော် ဆန္ဒပြမှု ကို သီပေါ မြို့နယ် ရဲစခန်းတွင် မတ် ၂၄ ရက်နေ့တွင် ခွင့်ပြုမိန့်တင်ခဲ့ကြောင်း၊...

ထိုင်းနိုင်ငံ သို့ ခိုးဝင်သည့် သျှမ်းပြည်မြောက်ပိုင်းမှ ဒေသခံ ၃၀ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ သို့ တရားမဝင် ခိုးဝင်သည့် သျှမ်း/မြောက်မှ ဒေသခံ ၃၀ ဦး ကို ချင်းရိုင်းခရိုင်ရဲများက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ မတ် ၁၂ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်းခမ်းမြို့ ရှိ အိမ်တအိမ်တွင် ထိုင်းရဲတပ်ဖွဲ့များ က ဝင်ရောက်စစ်ဆေးရာ သျှမ်းပြည်မြောက်ပိုင်းမှလာသော...

သီပေါကကျေးလက်ရွာသူကြီး မိုင်းနင်းမိသေဆုံး နောက်လိုက်ရွာသား ၂ ဦးဒဏ်ရာရ

RCSS နှင့် SSPP ကြား နယ်မြေအငြင်းပွားမှု၊ စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုတွေကြောင့် သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့ တောင်ဘက် ရှိကျေးရွာတရွာမှ ကျေးရွာသူကြီးတဦး မိုင်းနင်းမိသေဆုံးပြီး နောက်လိုက်ရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသရသည်ဟု သတင်းရရှိသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းက သီပေါမြို့နယ် နောင်ကော်အုပ်စု နမ့်မော်လုံရွာနေ...

ချင်းမိုင် တွင် ယခုရက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ယခုရက်ပိုင်း ရွှေ့ပြောင်းအလုပ်သမားများကို ဝင်ရောက် စစ်ဆေး မှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။ ချင်းမိုင်မြို့ ခမ်းထိန့်စျေး တွင် နေ့စဉ် အလုပ်ခေါ်ရန် စောင့်ဆိုင်းနေသည့် ရွှေ့ပြောင်းအလုပ်သမား များကို ထိုင်းရဲတပ်ဖွဲ့၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ကျန်းမာရေး ဌာန တို့...

သျှမ်းပြည်နယ် အတွင်း စစ်ဘေးရှောင်များထပ်မံတိုးလာကြောင်း ကုလ ထုတ်ပြန်

သျှမ်း ပြည်နယ် သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ဘေး ရှောင်များ ထပ်မံတိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ထားသည်။ သျှမ်းပြည်နယ် သီပေါမြို့နယ် တွန်ကျိုင်းကျေးရွာ တွင် ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ...

ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင်ရွက်နေချိန် ပဋိပက္ခ ပိုဖြစ်ပွားနေ

စစ်ပွဲများရပ်တန့်ဖို့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်နေသော်လည်း ပဋိပက္ခများပို ဖြစ်ပွားနေသည် ဟု WLB အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ပြောသည်။ အဆိုပါ ပြောဆိုချက်သည် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ဒီဇင်ဘာ ၉ ရက်နေ့တွင် ၁၉ နှစ်ပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ပြည်တွင်းစစ်ကြီး အပြီးသတ်ချုပ်ငြိမ်းရန် ရည်ရွယ် ၍...

တောင်ကြီး ဗိုလ်ချုပ်ပန်းခြံ တွင် လူ့အခွင့်အရေးနေ့ ကျင်းပခွင့်မရ  

သျှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ဗိုလ်ချုပ် ပန်းခြံ တွင် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပမည် နိုင်ငံတကာ လူ့အခွင့်အရေး အခမ်းအနားကို မြို့နယ် စည်ပင်သာယာရေး ဌာန က ခွင့်မပြုကြောင်း သိရသည်။ တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံ တွင် လူ့အခွင့်အရေး နေ့ ကျင်းပရန်...

နိုင်ငံတော်တားမြစ်ချက်ကျော်လွန်ပြီး စက်ရုံလည်ပတ်နေမှု နမ့်ခမ်းဒေသခံများ သမ္မတထံ စာပေးပို့ကန့်ကွက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရွှေလီမြစ်ကမ်းဘေး တွင် ဒေသခံလူထုနှင့် သက်ဆိုင်ရာ အာဏာပိုင်များအား အသိမပေးဘဲ လူထုကန့်ကွက်သည့်ကြား နိုုင်ငံတော်ကန့်သတ်ထားသည့်ကြားက စက္ကူစက်ရုံ လည်ပတ်နေသည့်အပေါ် နမ့်ခမ်းရပ်မိရပ်ဖပါ၀င်သည့် လူထုအဖွဲ့ ပူးပေါင်း ၆ ဖွဲ့က နိုင်ငံတော်သမ္မတထံ စာထပ်မံရေးသား ပေးပို့ခဲ့ကြောင်းသိရသည်။ စက္ကူစက်ရုံအား ကန့်ကွက်သည့်စာကို နို၀င်ဘာလ ၂၀ ရက်နေ့က...

Latest news