သီပေါကကျေးလက်ရွာသူကြီး မိုင်းနင်းမိသေဆုံး နောက်လိုက်ရွာသား ၂ ဦးဒဏ်ရာရ

RCSS နှင့် SSPP ကြား နယ်မြေအငြင်းပွားမှု၊ စစ်ရေးပဋိပက္ခ ဖြစ်ပွားမှုတွေကြောင့် သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့ တောင်ဘက် ရှိကျေးရွာတရွာမှ ကျေးရွာသူကြီးတဦး မိုင်းနင်းမိသေဆုံးပြီး နောက်လိုက်ရွာသား နှစ်ဦး ထိခိုက်ဒဏ်ရာရကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသရသည်ဟု သတင်းရရှိသည်။

Photo by SHAN

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းက သီပေါမြို့နယ် နောင်ကော်အုပ်စု နမ့်မော်လုံရွာနေ ရွာသူကြီး နှင့်အဖွဲ့ ၄င်းတို့ရွာနှင့် အရှေ့တောင်ဘက်အရပ်ရှိ နမ့်မော်ဆွန့် ရွာအသွားလမ်းတွင် မိုင်းနင်းမိ ပေါက်ကွဲရာ ရွာသူကြီး (ဦး) လုံးတိက အသက် ၅၀ နှစ် မှာပွဲချင်းပြီးသေဆုံးပြီး ၄င်း နှင့်အတူ လိုက်ပါသည့် ရွာသူကြီးအကူ (စာရေး) လုံးကေတ (အသက် ၄၀ နှစ်) နှင့် စိုင်းဝိဇေယျ (အသက် ၃၅ နှစ်) တို့ ၂ ဦးမှာလည်း ဒဏ်ရာရှိပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသရကြောင်း သတင်းရရှိသည်။

“နမ့်မော်ဆူမ့်ရွာဘက်သွားမယ်ဆိုပြီး သူကြီးကခေါ်လို့ သူကြီးနဲ့လိုက်သွားတာ။ ၀ုန်းကနဲကြားလို့ ကျနော်ထင်တာ ကျနော်တော့သေပြီ ပေါ့။ ဒါမယ့်မသေဘဲ ဟို ၂ ယောက်ကိုသတိယလို့သွားကြည့်မယ်လို့တော့ ကျနော်ထလို့တောင်မရဘူး။ ခြေထောက်နာတယ်။ လက်တွေမှာလည်းသွေးတွေနဲ့။ သူကြီးမသေခင်လေးမှာ – ငါတို့ကိုလာသေခိုင်းတာ – လို့ တခွန်းပြောတာကြားရတယ်။ ”- ဟု လားရှိုးဆေးရုံရောက် လူနာ လုံးကေတ က သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါ ရွာသူကြီးသေဆုံးမှု ၊ ရွာသား ဒဏ်ရာရှိမှု တွင် RCSS က SSPP ၏ လက်ချက်ဟု ၄င်းတို့တပ်ဖွဲ့ပိုင် ၀ဲဆိုဒ်တွင် ထုတ်ပြန်ထားသကဲ့သို့ SSPP ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးဘုန်းဟန်ကလည်း RCSS ထောင်ထားသည့်မိုင်းအား ရွာသားများ နင်းမိရာမှ ပေါက်ကွဲသေဆုံးခြင်းဖြစ်ကြောင်း၊ ၄င်းတို့လက်ချက်မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

Photo by Sipaw Youth/ မိုင်းနင်းမိရာမှ သေဆုံးသွားသူ နမ့်မော်လုံရွာသူကြီး လုံးတိက

“ည ၈ နာရီလောက်ကဖြစ်တာ။ သူကြီးအလောင်းကို ညတွင်းချင်း ရွာပြန်သယ်လာ။ မနက်ရောက်မှ သဂြိုဟ်ပေးတာ။ ဒဏ်ရာရတဲ့ ၂ ယောက်ကိုတော့အခု လားရှိုးဆေးရုံကို့ပို့ဆောင်ဆေးကုထားတယ် ။ ”- ဟု သေဆုံးသူ နှင့်အမျိုးတော်စပ်သူ နမ့်မော်လုံရွာသားတဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

ဒဏ်ရာရရှိကာ လားရှိုးဆေးရုံတွင်ဆေးကုသမှုခံယူနေသော နမ့်မော်လုံရွာသား ၂ ဦးမှာ မိသားစုဝမ်းရေးအတွက် ဒိုင်ခံရှာဖွေကျွေးမွေးနေသောအိမ်ထောင်ဦးစီးများဖြစ်သဖြင့် လက်ရှိတွင် မိသားစု ရှေ့ရေးအတွက် အခက်အခဲဖြစ်မည်ကို စိုးရိမ်ပူပန်နေကြကြောင်း အူမကြီးအထိ ကျည်စထိမှန်ဒဏ်ရာရသော စိုင်းဝိ က သျှမ်းသံတော်ဆင့်အားပြောသည်။

RCSS/SSA ၏ ပြန်ကြားရေးဖြစ်သော taifreedom ၀က်ပ်ဆိုက်က – ရွာသူကြီးနှင့် အဖွဲ့သည် SSPP/SSA ဆင့်ခေါ်မှုကြောင့် သွားရာမှ SSPP/SSA ထောင်ထားသောမိုင်း ပြန်နင်းမိခြင်း ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။

SSPP/SSA ကမူ မိမိတို့ထောင်ထားသောမိုင်းမဟုတ်ကြောင်း၊ တွန့်ကျိုင်းရွာတိုက်ပွဲကတည်းက RCSS/SSA တို့ထောင်ထားသည့်မိုင်းဖြစ်ကြောင်း၊ ပြောင်းခြံများအတွင်းတွင်လည်း အဆိုပါမိုင်းများ တွေ့ရကြောင်း ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက သီပေါမြို့နယ် တွန့်ကျိုင်းရွာဘက်တွင် RCSS နှင့် SSPP တို့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ထိုစဉ်ကရွာသား ၃၀၀ ကျော် စစ်ဘေးရှောင်ခဲ့ရသည်။ အဆိုပါတိုက်ပွဲဖြစ်ပွါးပြီးသည့်နောက်ပိုင်း RCSS တပ်များ ဆုတ်ခွါကာအဆိုပါဒေသတွင် SSPP တပ်များအားတခါတလေတွေ့ရကြောင်း ရွာသားများ ပြောပြချက်အရ သိရသည်။

လက်ရှိကျောက်မဲမြို့နယ်အတွင်းတွင်လည်း RCSS နှင့် SSPP တပ်များ စစ်ရေးတင်းမာမှုကြောင့် စစ်ဘေးသင့်နေသည့်ဒေသခံရွာသား ၁၀၀၀ နီးပါးရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...